Book Image

အလေ့အကျင့်၏ ပါဝါစွမ်းအား

ကြည်ရွှန်း

စာရေးသူ - ကြည်ရွှန်း 
စာအုပ်အမည် - အလေ့အကျင့်၏ ပါဝါစွမ်းအား
စာမျက်နှာ - ၁၅၀
စာအုပ်တန်ဖိုး - ၃၀၀၀ ကျပ်

ကိုယ်ရေးအကျဉ်းနှင့် စာအုပ်များစာရင်း


အလွန်အောင်မြင်သောသူများနှင့် သာမန်လူများ မည်သည့်အတွက်ကြောင့် ကွာခြားနေရပါသနည်း။ 


အောင်မြင်သူများအားလုံးတွင် တစ်ခုတည်းသော တူညီသည့်အချက်မှာ သူတို့သည် အကျင့်ကောင်းများ ပေါ်တွင် တည်ဆောက်ထားသော အလေ့အထ တစ်ခုကို ကျင့်သုံးကြခြင်းပင်ဖြစ်သည်။ မည်သည့် လောကတွင်မဆို အောင်မြင်မှုအရဆုံး ပုဂ္ဂိုလ်များဖြစ်ကြသည့် အားကစားသမားများ၊ ရှေ့နေများ၊ နိုင်ငံရေးသမားများ၊ သမားတော်များ၊ စီးပွားရေးခေါင်းဆောင်များ၊ အရောင်းဘက် ကျွမ်းကျင်သူများ အားလုံးတို့တွင် တစ်ခုတည်းသော တူညီချက်မှာ အကျင့်ကောင်းများ ရှိနေကြခြင်းပင် ဖြစ်ပေသည်။

အလေ့အကျင့်များ၏ သဘာဝမှာ ထိုမျှ အရေးကြီးလှပေသည်။ သင် နေ့စဉ်နေ့တိုင်း ပြုမူသမျှတို့၏ ၉၀ ရာခိုင်နှုန်းမှာ အလေ့အကျင့်ပေါ်တွင် မူတည်သည်။ ဤစာအုပ်တွင် ဖော်ပြထားသည့် နည်းလမ်းများမှာ မိတ်ဆွေ၏ အကျင့်ဆိုးများကို ထိထိရောက်ရောက် ပြောင်းလဲသွားစေပြီး မိတ်ဆွေ ပိုမိုအောင်မြင် လာစေနိုင်သော အကျင့်ကောင်းများကို ဖန်တီးပေးမည့် လိုက်နာကျင့်သုံးရန် လွယ်ကူသည့် အခြေခံ ကျင့်စဉ်များပင် ဖြစ်ပေသည်။ အောင်မြင်သူများနှင့် သာမန်လူများ ခြားနားရသည့် အဓိက အကြောင်းရင်းမှာ ဉာဏ်ရည်ဉာဏ်သွေး၊ ပါရမီသို့မဟုတ် လုပ်ငန်းခွင် ကိုယ်ကျင့် သိက္ခာတို့ကြောင့် မဟုတ်ဘဲ အလေ့အကျင့်များကြောင့်သာ ဖြစ်ကြောင်း ရှင်းပြထားပေသည်။ ဤစာအုပ်တွင် အလေ့အကျင့်များသည် မည်သည့်အတွက် ပါဝါစွမ်းအား ကြီးမားရကြောင်း ဆန်းစစ်ထားပြီး အဆိုပါ ပါဝါစွမ်းအားကို အသုံးပြု၍ ကျွန်ုပ်တို့၏ အရည်အသွေးများကို မြှင့်တင်ကာ အမြင့်မားဆုံးသော အောင်မြင်မှုရရှိစေနိုင်ရန် လမ်းညွှန်ပေးထားသည်။ ဤစာအုပ်ကို ဖတ်ရှုကြသူများအနေဖြင့် ဤလမ်းညွှန်ချက်များကို အသုံးချ၍ မိမိတို့ဘဝကို ပြုပြင်ပြောင်းလဲကာ ပိုမိုအောင် မြင်နိုင်ကြ ပါလိမ့်မည်။ 


Publisher Name: Wisdom House စာအုပ်တိုက်

Publisher Address: အခန်း (၁၀၂)၊ တိုက် (၈၆၄-၈၆၅)၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။ ဖုန်း- ၀၉၂၅၄၁၄၈၅၆၈၊ ၀၁၈၆၀၁၃၁၂၊ ၀၉၄၃၀၄၁၈၅၇


Related Books

Book Review Image

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စကားပြော

မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
Book Review Image

ဒစ်ဂျစ်တယ်မားကက်တင်း လုပ်ငန်းခွင်စီမံခန့်ခွဲမှု

ကိုဖြိုး
Book Review Image

အာရှစီးပွားစွမ်းဆောင်ရှင်များ

ကြည်ရွှန်း
Book Review Image

ဒေါ်နယ်ထရန့်ပြောတဲ့အောင်စေမဲ့လမ်း

ကြည်ရွှန်း
Book Review Image

စီးပွားအောင်ခြင်း

ကြည်ရွှန်း
Book Review Image

စိတ်ကူးတစ်ချက် လင်းလက်စေ

ကြည်ရွှန်း
Book Review Image

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ

ကြည်ရွှန်း
Book Review Image

ပျော်ရွှင်ချမ်းသာနည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

ကျန်းမာချမ်းသာ နည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

အောင်မြင်ချမ်းသာ နည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

နိုင်ငံတကာ စီးပွားစွမ်းဆောင်ရှင်များ ၁

ကြည်ရွှန်း
Book Review Image

နိုင်ငံတကာစီးပွားစွမ်းဆောင်ရှင်များ ၂

ကြည်ရွှန်း
Book Review Image

ကိုယ်ထူးကိုယ်ချွန်

ကြည်ရွှန်း
Book Review Image

အသုံးချ လူမှုဆောင်တာ စကားပြော

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၁

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၂

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၃

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၄

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၅

ကြည်ရွှန်း
Book Review Image

အချိန်စီမံခန့်ခွဲမှုပညာ

ကြည်ရွှန်း