အလုပ်တွေ လုပ်နေရတဲ့ ကမ္ဘာပေါ်မှာ သတိထားဖို့ တစ်ချက်က မိတ်ဆွေဆီမှာ ရှိတဲ့ တစ်ခု တည်းသော ရောင်းချနိုင်တဲ့အရာဟာ မိတ်ဆွေရဲ့ အချိန်ပါပဲ။ ကိုယ့်ရဲ့ လုပ်ငန်းအတွက် အရေးကြီးဆုံး ဖြည့်သွင်း ပေးနိုင်ဖို့ မိတ်ဆွေ လုပ်နိုင်တာကတော့ ကိုယ့်အချိန်ကို အဖိုးလည်း တန်၊ အရေးလည်းကြီးတဲ့ ကိစ္စတွေအပေါ်မှာ ပေးဖို့ အာရုံစူးစိုက်ထားနိုင်ရပါမယ်။
မိမိနေ့စဉ်လုပ်ရမယ့် အလုပ်တွေကို စာရင်းရေးဆွဲပါ မှ
မိတ်ဆွေဟာ ပထမ ဦးစားပေးကိစ္စကို ပထမ လုပ်ရပါမယ်။ တစ်ကြိမ်မှာ တစ်ခုပဲ လုပ်ရပါမယ်။ ဒုတိယ ဆိုတာ တွဲကပ်ပါလို့ မရပါဘူး။ တစ်ကြောင်းတည်းသောစိတ်နဲ့ အာရုံစူးစိုက်ပြီး မိတ်ဆွေ စည်းကမ်းတကျ ခိုင်ခိုင်မာမာ ရပ်တည် မလုပ်ကိုင်နိုင်ဘူးဆိုရင် မိတ်ဆွေဟာ ဦးစားပေးအဆင့် နိမ့်တဲ့ အလုပ်တွေကိုပဲ လုပ်နေရပါလိမ့်မယ်။
တစ်ကြောင်းတည်းသောစိတ်နဲ့ စူးစိုက်လုပ်ဆောင်ပါ မှ
အချိန်ကို စီမံခန့်ခွဲတတ်မှုသည် အခြားသော အရည်အသွေးများထက် အောင်မြင်မှုကို ပိုမို၍ အဆုံးအဖြတ် ပေးနိုင်ပေသည်။ ဤသည်မှာ ရိုးရိုးရှင်းရှင်းပင်ဖြစ်ရာ အချိန်ကို ပို၍ကောင်းကောင်း အသုံးချနိုင်လေလေ အလုပ်များ ပို၍ ပြီးမြောက် လေလေ ဖြစ်ပေလိမ့်မည်။ အောင်မြင်ရေး ပါရဂူ စာရေးဆရာ ဘရိုင်ယန် ထရေစီက ထိရောက် ထက်မြက်သော အချိန်စီမံခန့်ခွဲရေးဆိုင်ရာ အောက်ဖော်ပြပါ မဟာ ဗျူဟာများကို ကိုယ်တိုင် လက်တွေ့ ကျင့်သုံး၍ ဖော်ထုတ်တင်ပြထားပါသည်-
ရှေ့ကိုကြည့်လို့ စီမံချက်ချ၊ နောက်ကိုငဲ့လို့ ပြန်စစ်ကြ၊
မိမိနေ့စဉ်လုပ်ရမယ့် အလုပ်တွေကို စာရင်းရေးဆွဲပါ၊
လမ်းကြောင်းမပျောက်ပါစေနဲ့၊
အခြားသူတွေကို ကိုယ်စားတာဝန်ပေးအပ်ပါ၊
အချိန်ဆွဲတာကိုရှောင်၊
ကြားဖြတ်အနှောင့်အယှက်တွေကို ထိန်းချုပ်ပါ၊
တယ်လီဖုန်းကို စီမံခန့်ခွဲတတ်ပါစေ။
Publisher Name: Wisdom House စာအုပ်တိုက်
Publisher Address: အခန်း (၁၀၂)၊ တိုက် (၈၆၄-၈၆၅)၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။ ဖုန်း- ၀၉၂၅၄၁၄၈၅၆၈၊ ၀၁၈၆၀၁၃၁၂၊ ၀၉၄၃၀၄၁၈၅၇