Book Image

စီးပွားအောင်ခြင်း

ကြည်ရွှန်း

စာအုပ်အကြောင်း-

စာရေးသူ - ကြည်ရွှန်း 
စာအုပ်အမည် - စီးပွားအောင်ခြင်း
စာမျက်နှာ - ၄၃၀
စာအုပ်တန်ဖိုး - ၉၀၀၀ ကျပ်

ကိုယ်ရေးအကျဉ်းနှင့် စာအုပ်များစာရင်း







၂၀ဝ၉ ခုနှစ်အတွက် သုတစွယ်စုံစာပေဆု ဆုရွေးချယ်ရေးအဖွဲ့၏ အကဲဖြတ်ချက်
သုတစွယ်စုံစာပေဆု (ဘာသာပြန်)
စီးပွားအောင်ခြင်း

ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်သော General Electric ခေါ် GE ကုမ္ပဏီကြီးကို စီအီးအိုအဖြစ် တာဝန်ယူခဲ့စဉ် လုပ်ငန်းတန်ဖိုး ၁၄ ဘီလီယံ ဒေါ်လာမှ ဒေါ်လာဘီလီယံ ၄၁၀ အထိ တက်သွားစေရန် ထူးခြားသော စီးပွားရေး အတွေးအခေါ်၊ ခေါင်းဆောင်မှု မဟာဗျူဟာများ ချမှတ် ကျင့်သုံး အကောင်အထည်ဖော်ခဲ့သည့် Jack Welch ကိုယ်တိုင် ရေးသားထားသည့် Winning စာအုပ်ကို မြန်မာပြန်ဆိုထားခြင်း ဖြစ်သည်။
 ဤစာအုပ်တွင် မူရင်းစာရေးသူသည် GE ကို ဦးဆောင်ခဲ့စဉ်က အတွေ့အကြုံများကိုသာမက အငြိမ်းစားယူပြီးနောက် အခြား စီးပွားရေးလုပ်ငန်းကြီးများအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ပေးခဲ့ခြင်း၊ နိုင်ငံတကာသို့ လှည့်လည်၍ စီးပွားရေးဆိုင်ရာ ဟောပြောပွဲများ ကျင်းပခဲ့စဉ် မေးခွန်းများ ဖြေဆိုခဲ့ ခြင်းများမှ စီးပွားအောင်ခြင်းနည်းလမ်းများကို စနစ်တကျ ပြန်လည် စုစည်းပြီး ၎င်း၏ဇနီး အကူအညီဖြင့် ဤစာအုပ်ကို ပြုစုထားခြင်း ဖြစ်သည်။
 စာအုပ်တွင် အပိုင်း ငါးပိုင်း ခွဲခြားပြီး အခန်းပေါင်း ၂၀ ဖြင့် မည်သည့် စီးပွားရေးလုပ်ငန်း၊ မည်သည့်အဖွဲ့အစည်းမဆို ထားရှိသင့်သော အခြေခံ လိုအပ် ချက်များ၊ ခေါင်းဆောင်မှု၊ ဝန်ထမ်းရွေးချယ် ခန့်ထားခြင်း၊ စီမံခန့်ခွဲခြင်း၊ ဝန်ထမ်း များ နုတ်ထွက်ခြင်း၊ အပြောင်းအလဲနှင့် အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းခြင်း၊ မဟာဗျူဟာ၊ ဘတ်ဂျက်ရေးဆွဲခြင်း၊ ကုမ္ပဏီများ ပေါင်းစည်းခြင်းနှင့် ဝယ်ယူ သိမ်းသွင်းခြင်း၊ ဆစ်ဂမာ (Sigma) ခြောက်လုံး စသည့် လုပ်ငန်းကဏ္ဍအပိုင်းနှင့် မိမိအတွက် သင့်လျော်သောအလုပ် ရှာဖွေခြင်း၊ ရာထူးတိုးအောင် ဆောင်ရွက် နည်း၊ ကြုံနိုင်သော အခက်အခဲများ၊ အလုပ်နှင့်ဘဝ ညီမျှအောင် ဆောင်ရွက်ရေးဟူ၍ တစ်ဦးချင်းအပိုင်းအနေဖြင့် စီးပွားရေး အောင်မြင် စေရန် ဆွေးနွေးတင်ပြ ထားသည်။
 ဘာသာပြန်ဆိုသူသည် စာရေးသူက စာဖတ်သူကို ဘေးတွင် ထား၍ သူ့ စိတ်ရင်းအတိုင်း ပွင့်ပွင့်လင်းလင်း ပြောပုံမျိုး ဖြစ်ရအောင် ကြိုးစားထားသည်။ မူရင်းစာရေးသူ၏ စီးပွားရေးလုပ်ငန်း ဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာများကို သူ၏အတွေ့အကြုံ၊ လုပ်ဖော်ကိုင်ဖက်များ ၏ အတွေ့အကြုံ၊ စီးပွားရေးလောကမှ အောင်မြင်သူများ၏အတုယူဖွယ် နည်းနာကျင့်စဉ်များကို မြန်မာစာဖတ်ပရိသတ် များထံ ပျံ့နှံ့ရောက်ရှိသွားစေရန် အားထုတ်ထားသည်။ အတုယူကျင့်သုံးဖွယ်ရာ တို့ကိုလည်း ဖြည့်စွက် ရှင်းလင်းချက်များနှင့်တကွ ဖော်ပြထားသည်။ ဘာသာ ရပ်ဆိုင်ရာ အသုံးအနှုန်းများ၊ ဝေါဟာရများကိုလည်း ရှင်းလင်းမှန်ကန်စွာ ဖွင့်ဆို ထားသည်။
 ဤစာအုပ်၏ ထူးခြားချက်မှာ မူရင်းစာရေးသူ ထည့်သွင်းထားသည့် ဟာသများ၊ သရော်စာများ အတိုင်း မြန်မာစာဖတ်ပရိသတ် ခံစား နားလည်နိုင်အောင် ဘာသာပြန်သူက ရသဆန်ဆန် သွက်လက်စွာ တင်ပြနိုင်ခြင်း ဖြစ်သည်။ ကမ္ဘာ့ စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း မူရင်း စာရေးသူ၏ အာဘော် အတိုင်း ချောမွေ့သွက်လက်သော အရေးအသားဖြင့် စာဖတ်သူတို့ စိတ်ဝင်စား လာစေရန်နှင့် ကိုယ်တိုင် လက်ခံ ကျင့်သုံးလိုသောစိတ် ပေါ်ပေါက်လာစေရန် ဘာသာပြန်ဆိုထားသည့် စာအုပ် ဖြစ်သည်။

(ဆဋ္ဌမအကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဖြန့်ဝေသော မှတ်တမ်းစာအုပ်မှ)



Publisher Name: Wisdom House စာအုပ်တိုက်

Publisher Address: အခန်း (၁၀၂)၊ တိုက် (၈၆၄-၈၆၅)၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။ ဖုန်း- ၀၉၂၅၄၁၄၈၅၆၈၊ ၀၁၈၆၀၁၃၁၂၊ ၀၉၄၃၀၄၁၈၅၇


Related Books

Book Review Image

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စကားပြော

မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)
Book Review Image

ဒစ်ဂျစ်တယ်မားကက်တင်း လုပ်ငန်းခွင်စီမံခန့်ခွဲမှု

ကိုဖြိုး
Book Review Image

အာရှစီးပွားစွမ်းဆောင်ရှင်များ

ကြည်ရွှန်း
Book Review Image

ဒေါ်နယ်ထရန့်ပြောတဲ့အောင်စေမဲ့လမ်း

ကြည်ရွှန်း
Book Review Image

စိတ်ကူးတစ်ချက် လင်းလက်စေ

ကြည်ရွှန်း
Book Review Image

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ

ကြည်ရွှန်း
Book Review Image

ပျော်ရွှင်ချမ်းသာနည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

ကျန်းမာချမ်းသာ နည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

အောင်မြင်ချမ်းသာ နည်းပေါင်း ၁၀၀

ကြည်ရွှန်း
Book Review Image

နိုင်ငံတကာ စီးပွားစွမ်းဆောင်ရှင်များ ၁

ကြည်ရွှန်း
Book Review Image

နိုင်ငံတကာစီးပွားစွမ်းဆောင်ရှင်များ ၂

ကြည်ရွှန်း
Book Review Image

ကိုယ်ထူးကိုယ်ချွန်

ကြည်ရွှန်း
Book Review Image

အသုံးချ လူမှုဆောင်တာ စကားပြော

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၁

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၂

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၃

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၄

ကြည်ရွှန်း
Book Review Image

အောင်မြင်မှုဥပဒေသ ၅

ကြည်ရွှန်း
Book Review Image

အလေ့အကျင့်၏ ပါဝါစွမ်းအား

ကြည်ရွှန်း
Book Review Image

အချိန်စီမံခန့်ခွဲမှုပညာ

ကြည်ရွှန်း