မြန်မာပြည်အတွက် စဉ်းစားရွေးချယ်စရာများ
Dr. Walden Bello
ရွေးချယ်တည်းဖြတ် - မောင်မြင့်ဇော်
သရုပ်ဖော် - ဖေစိုးအောင်
သာလာယံစာအုပ်တိုက် ၊
ပထမအကြိမ် ၊ ဇန်နဝါရီ ၂၀၁၉ ။
မျက်နှာဖုံးဒီဇိုင်း - မြင့်မောင်ကျော်။
၁၃.ရ စင်တီမီတာ x ၂၀.၁ စင်တီမီတာ။
စာမျက်နှာ - ရ၆ ၊ တန်ဖိုး - ကျပ် ၂၀၀၀။
'' ဒေါက်တာဝယ်ဒန်ဘယ်လိုဟာ ဖိလစ်ပိုင်လွွတ်တော်အမတ်ဟောင်း၊ အာရှရဲ့ နိုဘယ်ဆုလို့ ရည်ညွွန်းကြတဲ့ Right Livelihood ဆုရှင်ဖြစ်ပါတယ်။ ၂၀၁ရ မှာ မြန်မာ ပြည်ကိုလာပြီး မြန်မာ့အကူးအပြောင်းအတွက် ဖိလစ်ပိုင်အတွေ့အကြုံတွေကို ဝေမျှပေးခဲ့ပါတယ်။ မြန်မာ့ဖွံ့ဖြိုးရေးအတွက် သူ့ရဲ့လေ့လာသုံးသပ်ချက်တွေကို ဖော်ပြ ထားတဲ့ '' အယူအမြင်ထောင်ချောက်'' ဆိုတဲ့စာတမ်းကို လည်း ၂၀၁၈ မှာ ထုတ်ဝေခဲ့ပါတယ်။ ယခုစာအုပ်ငယ်က သူ့ရဲ့ဟောပြောချက်နဲ့ စာတမ်းက အဓိကအချက်တွေကို ကောက်နုတ်သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ '' ဟု ဆရာမောင်မြင့်ဇော် က အမှာစာတွင်ဖော်ပြထား သည်။
အရေးအကြီးဆုံးကာလ၊ အာဏာရှင်ခေတ်လွန် ဖိလစ်ပိုင်နိုင်ငံမှသင်ခန်းစာ၊ ကမ ္ဘာ့အပြောင်းအလဲများ၊ မြန်မာ ပြည်အတွက် စိန်ခေါ်မွုများ၊ မေးခွန်းများနှင့်အဖြေများ ဟူ၍ အခန်း ၅ ခန်း ကို ခေါင်းစဉ်ခွဲပေါင်း ၁၆ ခု ဖြင့် ဆွေးနွေးတင်ပြထားသည်။
'' အလေးအနက်ထားပြောချင်တာက အကူးအပြောင်း ရဲ့ ပထမဆုံးကာလတွေဟာ အရေးအကြီးဆုံးအချိန်ဖြစ်နေတတ်တာပါ။ ပထမပိုင်းနှစ်တွေမှာ ချခဲ့တဲ့ ဆုံး ဖြတ်ချက်တွေ သို့မဟုတ် ဆုံးဖြတ်ဖို့ပျက်ကွက်ခဲ့တာတွေ၊ မဆုံးဖြတ်ဖြစ်ခဲ့တာတွေဟာ နိုင်ငံရဲ့ရေရှည်အခြေ အနေတွေအပေါ်မှာ သြဇာလွွမ်းနေတတ်၊ အရိပ်ထိုးနေ တတ်ပါတယ်။''( စာမျက်နှာ ၈ မှ) ဟု အရေးအကြီးဆုံး ကာလအခြေအနေ အချက်တစ်ချက်အဖြစ် တင်ပြထား သည်။
အာဏာရှင်ခေတ်လွန် ဖိလစ်ပိုင်နိုင်ငံမှသင်ခန်းစာ တွင် ကြွေးပြန်ဆပ်ခဲ့တဲ့အမှား၊ နိုင်ငံတကာငွေကြေးရံပုံငွေ အဖွဲ့ရဲ့ အစီအမံအတိုင်း လုပ်ခဲ့တဲ့အမှား၊ မြေယာပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ခဲ့တဲ့အမှား နှင့် အမှားများ၏ အကျိုးဆက် ဟု ရှင်းလင်းတင်ပြထားသည်။ '' အဓိကပြောချင်တဲ့သင်ခန်းစာတစ်ခုကတော့ လူမွုရေး၊စီးပွားရေး ပြဿနာတွေကို ဖြေရှင်းမပေးနိုင်တဲ့ ဒီမိုကရေစီ ဟာ သူ့ဘာသာသူ ဂုဏ်သိက္ခာကျအောင်လုပ်၊
သူ့ဘာသာသူအရှက်ရအောင်လုပ်ပြီးတော့ အာဏာရှင်တွေဆီ အာဏာပြန်ရောက်လာအောင် လမ်းဖွင့်ပေး သလိုဖြစ်နိုင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။''
( စာမျက်နှာ ၁၄ မှ ) ဟု ဆိုသည်။
မြန်မာပြည်အတွက် စိန်ခေါ်မွုများတွင် '' လူထုလွုပ်ရှားမွု တစ်ခုက အချိန်ကာလတစ်ခုမှာ အောင်မြင်မွုရသွားတဲ့ အခါ နိုင်ငံရေးခေါင်းဆောင်တွေက မင်းတို့အလုပ်ပြီး သွားပြီ၊ ငါတို့ပဲ ဆက်ပြီးလုပ်လိုက်မယ်။ ကျန်တဲ့သူတွေ အေးအေးနေနိုင်ပြီ ဆိုတဲ့ပုံမျိုးလုပ်ပစ်လိုက်ရင် ပြဿနာ ရှိပါတယ်။ ငါတို့လက်ထဲ အာဏာရပြီ၊ ငါတို့ပဲလွုပ်ရှားမွု ကို ဦးဆောင်ပြီးသွားလိုက်တော့မယ်ဆိုတာမျိုးဟာ ကျဆုံးဖို့လမ်းစပါပဲ။'' ( စာမျက်နှာ ၃၀ မှ) ဟု ဖိလစ်ပိုင်အတွေ့အကြုံဖြင့် နွိုင်းယှဉ်ထောက်ပြထားသည်။
မေးခွန်းနှင့်အဖြေများ အခန်းတွင် ဖွံ့ဖြိုးရေးမှာ တရုတ်ကိုအတုယူရမလား၊ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေး၊ အရင်းရှင်စနစ်နှင့် စားသုံးသူပဓာနဝါဒပြဿနာ၊ ဆင်းရဲမွဲတေမွု၊ ပြည်တွင်းစျေးကွက်နှင့် ပြည်ပပို့ကုန်၊ တရုတ်ရင်းနှီးမြှုပ်နှံမွုနှင့်ဖွံ့ဖြိုးရေး၊ နိုင်ငံတကာငွေကြေးအဖွဲ့များနှင့် ဖွံ့ဖြိုးရေးအေဂျင်စီများ၊ စျေးကွက်စီးပွားရေးနှင့် အာဏာရှင်စနစ်၊ ခရိုနီအရင်းရှင်များနှင့်ဖွံ ဖြိုးရေး၊ အောက်ခြေပြည်သူများအတွက်စက်မွုနဲ့လယ်ယာ၊ မြန်မာပြည်အတွက်ရွေးချယ်စရာများ၊ မြန်မာ့ဒီမိုကရေစီခရီးမှ ခေါင်းဆောင်မွု ဟူ၍ ခေါင်းစဉ် ၁၂ ခုဖြင့်ဆွေးနွေးထားသည်။
မြန်မာ့ဒီမိုကရေစီအကူးအပြောင်းဖြစ်စဉ်ကို စိတ်ဝင်တစားရှိကြသူတို့ ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်ပေါင်း များစွာပါရှိနေသည့်စာအုပ်တစ်အုပ်ဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၃၀ ဇန်နဝါရီ ၂၀၁၉