Book Image

အယ်ဒီတာ၊ စာရေးဆရာနှင့် စာဖတ်သူ

ပီမိုးနင်း

ပီမိုးနင်း

အယ်ဒီတာ၊ စာရေးဆရာနှင့် စာဖတ်သူ
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ သြဂုတ် ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - unsplash image။
၁၀.၇ စင်တီမီတာ x ၁၆.၆ စင်တီမီတာ။
စာမျက်နှာ - ၄၈ ၊ တန်ဖိုး - ကျပ် ၇၀၀။

စိတ်ကူးချိုချိုစာအုပ်တိုက်၏ နှစ် ၂၀ ပြည့် အမှတ်တရ စာမွန် အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။

ပီမိုးနင်း၏ ဆောင်းပါး ၆ ပုဒ် နှင့် ငွေဥဒေါင်း၏ ဆောင်း ပါး တစ်ပုဒ် ပါရှိသည်။

ပီမိုးနင်း ၏ ဆောင်းပါးများမှာ အယ်ဒီတာဆိုသည်ကား ( ပဒေသာ၊ အတွဲ ၁၊ အမှတ် ၂ )၊ စာရေးဆရာ ( ပဒေ သာ၊ အတွဲ ၁၊ အမှတ် ၁၁၊ ဒီဇင်ဘာ ၁၉၄၈ )၊ နာမည်ကျော် ( စာပဒေသာ၊ အတွဲ ၂၊ အမှတ် ၁ )၊ သတင်းစာ 
( ပဒေသာ၊ အတွဲ ၁၊ အမှတ် ၄ )၊ ခေတ်စမ်းပုံပြင် ဝေဖန်စာ( ငွေတာရီ၊ ဖေဖော်ဝါရီ ၁၉၆၂ ) နှင့် သင် စာဖတ်တတ်ပါ၏လော ( ယဉ်ကျေးမှု အမှတ် ၁ နှင့် ဗမာဒိုင်ဂျက်၊ အတွဲ ၁၊ အမှတ် ၅ ) တို့ဖြစ်သည်။

ငွေဥဒေါင်း၏ ဆောင်းပါးမှာ '' ဆရာပီမိုးနင်း အယ်ဒီတာ လုပ်စဉ်က'' ( တိုင်းရင်းမေ၊ အတွဲ ၃၊ အမှတ် ၁ နှင့် ဗမာဒိုင်ဂျက်၊ အတွဲ ၁၊ အမှတ် ၅ ) ဖြစ်သည်။



'' အကြောင်းမူကား စာနယ်ဇင်းသည် ဆေးပုလင်းနှင့်တူ ၏။ အယ်ဒီတာကား လေဘယ်ကပ်သမားမျှသာဖြစ်လေသည်။ သို့ဖြစ်၍ အယ်ဒီတာအတတ်၊ ဂျာနယ်လစ်အတတ်တို့ကို ယခုထက် အဆင့်အတန်းတိုးပြီး ခိုင်မြဲ တည်တံ့ တန်ခိုးကြီးသော အဖြစ်မျိုးသို့ရောက်ကြဖို့ရန် ဖြစ်ကတတ်ဆန်း ပရမ်းပတာအလုပ် မလုပ်ဘဲ စဉ်းစဉ်း စားစားကြိုးစားဆောင်ရွက်ကြရန် အားပေးနှိုးဆော်လိုက်ရပေကြောင်း။ ''
( အယ်ဒီတာ ဆိုသည်ကား၊ စာမျက်နှာ - ၈ နှင့် ၉ မှ )

'' ဝတ္ထုရေးသောအတတ်သည် ထိုမျှလောက် လွယ်ကူ သည်မဟုတ်ပေ။ စာကိုရေးသော အတတ်မဟုတ်၊ စိတ်ကိုရေးသော အတတ်ဖြစ်လေသည်။ ဦးပုညသည် စာကြောင့် ကျော်ကြားသည်မဟုတ်၊ စိတ်ကြောင့်ကျော်ကြားခြင်း ဖြစ်လေသည်။ '' ( စာရေးဆရာ၊ စာမျက်နှာ - ၁၃ မှ )

'' ဆီမီးခွက်အကြောင်းကို ဖတ်၍ကောင်းအောင် 
ရေးခြင်းသည် အလောင်းစည်သူ၏ အတ္ထုပ္ပတ္တိကို ရေးခြင်းထက် ခက်ခဲကြီးလေးလေသည်။ အလောင်း စည်သူအတ္ထုပ္ပတ္တိမှာ ရာဇဝင်ရှိ၏။ ဆီမီးခွက်အကြောင်း မှာ မှီခိုအားပြုရေးစရာ အခြေခံစာပေကျမ်းဂန်မရှိ၊ စိတ်ကူးနှင့် ရေးရလိမ့်မည်။မသိသူတို့၏ စိတ်၌ကား အသေး အဖွဲဟု ပြောလိမ့်မည်။ အသေးအဖွဲကို ဖတ်၍ကောင်းအောင် ရေးတတ်မှ စာရေးကောင်းဖြစ်သည်ကို မစဉ်း စားကြပေ။ '' ( နာမည်ကျော်၊ စာမျက်နှာ - ၁၈ မှ )

'' အကြောင်းမူကား ဓားပြသည် တစ်ဦးတစ်ယောက်ကိုသာ တိုက်နိုင်၏။ တာဝန်မသိသော သတင်းစာသည် တစ်ပြည်လုံးကို ချောက်ထဲသို့ တွန်း၍ချနိုင်လေသည်။ ''
( သတင်းစာ ၊ စာမျက်နှာ - ၂၆ မှ )

'' ထို့ပြင် ယခုကာလ မြန်မာမဂ္ဂဇင်းများမှာ ဆုံးမစာတွေ ကို အများကြီးတွေ့ရ၏။ ဆုံးမစာကို လူတိုင်းရေးနိုင်သည် မဟုတ်ပေ။ သို့ပါလျက် မြန်မာပြည်မှာ ဆုံးမသူတွေ လွန်စွာပေါများ၍နေကြောင်း သူသူငါငါ ဆုံးမစာရေးခြင်းဖြင့် သိရ၏။ သို့ဖြစ်သောကြောင့် အောက်ကျနောက်ကျဖြစ်၍ နေကြသလား မသိရပေ။ '' ( ခေတ်စမ်း ပုံပြင် ဝေဖန်စာ၊ စာမျက်နှာ - ၃၁ မှ )

'' ဝတ္ထုရေးဆရာသည် ကိုယ်တိုင်သတိမထားဘဲ စာဖတ်သူအား တစ်စုံတစ်ရာ သွန်သင်ပြသ၏။ ကိုယ်တိုင်သတိထား၍ သိသိရရနှင့်၊ ငါဆုံးမပါတော့မည်ဟူသော စိတ်နှင့် ရေးချေက အတ် ခေါ်သော ပညာ ပျက်စီးလေသည်။ '' 
( သင် စာဖတ်တတ်ပါ၏လော၊ စာမျက်နှာ - ၃၈ မှ )

'' အေး ..... ငါကိုယ်တိုင် ရေးတာတွေ မှန်တယ်။ နို့ပေမဲ့ စာရေးဆရာ ပီမိုးနင်း အဖြစ်နဲ့ ရေးတာတွေဟာ အယ်ဒီ တာ ပီမိုးနင်း အဖြစ်နဲ့ ကြည့်တော့ မဟန်ဘူးကွ။ ငါ ကိုယ်တိုင်လည်း မထည့်သင့်တဲ့ဟာတွေ တွေ့ရတယ်။ ''
( ငွေဥဒေါင်း၏ ဆရာပီမိုးနင်း အယ်ဒီတာလုပ်စဉ်က၊ စာမျက်နှာ - ၄၈ မှ )

လွန်ခဲ့သော နှစ်ပေါင်း ၇၀ ဝန်းကျင်က ဆရာပီမိုးနင်း၏
သဘောထားအမြင်တို့ ထင်ဟပ်လျက်ရှိသည့် အရေး အသားများဟု ယူဆမိပါသည်။ စာနယ်ဇင်းလောက၏ မျက်မှောက်ခေတ်အခြေအနေတို့နှင့် နှိုင်းယှဉ်ဖတ်ရှု ကြည့်သင့်သည့် အရေးအသားများလည်း ဖြစ်ပါသည်။

မိုးမင်းသိမ်း
၁၁ သြဂုတ် ၂၀၁၉


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

စာအုပ် ကမ္ဘာ

ဖေမြင့်
Book Review Image

မြန်​မာပြည်​အတွက်​ စဉ်​းစား​ရွေးချယ်​စရာများ

ဒေါက်တာမြင့်ဇော်
Book Review Image

လူ့မိတ်ဆွေစာအုပ်

လူထုဦးလှ
Book Review Image

သင့်က​လေးများကို ဖိုမပညာ​ပေးအ​ကြောင်း ဘယ်လို​ပြောမလဲ

ကိုဆန်း(R/O)