Book Image

စာအုပ် ကမ္ဘာ

ဖေမြင့်

# စာအုပ်အမည် . . . စာအုပ် ကမ္ဘာ 

# စာရေးသူ . . . ဖေမြင့်
# အုပ်ရေ . . . ၁၀၀၀ 
# တန်ဖိုး . . . ၅၅၀၀ ကျပ်၊ စာ ၄၁၀၊ 
# ပထမ အကြိမ်၊ ၂၀၀၉၊ ဒီဇင်ဘာလ။
# ထုတ်ဝေသူ . . . ဖေမြင့်စာပေ၊ အမှတ် ၆၊
ရွွေမာလာရိပ်မွန်၊ ဘုရင့်နောင်လမ်း၊ ကမာရွတ်၊
ရန်ကုန်မြို့။


# # # ( စာအုပ် ကမ္ဘာ) # # #

#စာသမားသည် အကြောင်းအချက်ကို 
သိလို၍ စာကို ဖတ်၏။
စာထဲက ဇာတ်လမ်းဇာတ်ကွက်တို့တွင် 
နှစ်မြောရသော အရသာကို နှစ်သက်၍လည်း
စာဖတ်၏။ 
အလားတူ စာကပေးသော အသိသစ် အမြင်သစ် 
ခံစားမွုအသစ်တို့ဖြင့် ထက်သန်လွုပ်ရှား ရခြင်း
ကြောင့်လည်း စာဖတ်၏။
အကြောင်းအမျိုးမျိုးတို့ဖြင့် စာဖတ်ရင်း စာဖတ်သမား
သည် စာ၌မွေ့လျော်သကဲ့သို့ စာအုပ် စာပေ ဟူသည် ကို စွဲမက်လာ၏။ 
စာအုပ်စာပေ ရေးသား သူတို့ကို ရင်းနှီး 
ခင်တွယ်လာသကဲ့သို့၊ စာဖတ်သမား 
အချင်းချင်းကိုလည်း မိမိနှင့် အရင်းအချာ သဖွယ် 
မှတ်ယူလာ၏။
သည်အခါ စာသမားအဖို့ စာအုပ်များထဲက 
အကြောင်းအချက်နှင့် ဇာတ်လမ်းဇာတ်ကွက်များ
သာမက၊ စာရေးသူတို့၏ ဘဂအတ္ထုပ္ပတ္တိများသည်
လည်းကောင်း၊ စာအုပ်များကိုယ်တိုင်၏ ရာဇဝင်
သမိုင်းတို့သည် လည်းကောင်း၊ သိချင်မှတ်ချင်စရာ၊
ဆင့်ကမ်းမှျဝေစရာ အကြောင်းအခြင်းရာများ 
ဖြစိ၍လာပေသည်။ 
တစ်နည်းပြောရသော် စာ၌ မွေ့လျော်ရင်း 
စာအုပ်ကမ္ဘာ စာအုပ်လောက သို့ ဖြန့်ကျက် 
ရောက်ရှိလာပေသည်။
#(စာအုပ်ကမ္ဘာ * ဖေမြင့်) # ရေးသားထားသော
ဖော်ပြပါ စာအုပ်မှာ စာချစ်စိတ် ရင့်သန်သော
စာသမားတို့အတွက် ရည်ရွယ်၍ ပြုစုထား၏။

ဤ စာအုပ်တွင် အဓိကအားဖြင့် @ @ @
လူအများကို လွုပ်ရှားတတ်ကြွစေသော၊ အသိသစ်
အမြင်သစ် ပေးသော၊ ထို့နောက် ထိုအသိအမြင်
ထိုလွုပ်ရှားမွုများ အားဖြင့် လူမွုအဖွဲ့အစည်​းကို 
ပြောင်းလဲစေခဲ့သော စာပေများ၊ 

တစ်နည်းဆိုရသော် # # # ကမ္ဘာကို ကိုင်လွုပ်ခဲ့
သော အယူအဆနှင့် အရေးအသားများ 
ထို့အပြင် ရွံ့စေးပြားပေါ်မှာ၊ ကျောက်သားပြင်မှာ၊
ကျူ ချပ်လွွာပေါ်မှာ၊ သားရေပြားလွွာထက်မှာ၊ 
စက္ကူ ပေါ်မှာ၊ ထို့နောက် အီလက်ထရွန်နစ် ပစ္စည်း
များ (Electronic Devices) ပေါ်မှာ ရေးသားဖြန့်ချိ
ခဲ့ကြသည့် စာအုပ် စာတမ်းများ နှင့် အဆိုပါ အသွင်
သဏ္ဌာန်အမျိုးမျိုး ရှိသော စာအုပ်စာတမ်းတို့ကို 
စုစည်းသိုမှီးရာ အသိပညာ ဘဏ္ဍာတိုက်များ 
ဖြစ်သည့် ခေတ်အဆက်ဆက်က စာကြည့်တိုက် 
ကြီးငယ်များ။ 
ထို့နောက် 
# စောင်ရေသန်းချီရောင်းချရသည့် စာအုပ်၊
# လေလံပွဲမှာ တန်ဖိုးကြီးပေးဝယ်ကာ တရိုတသေ
သိမ်းဆည်းရသည့် ရှားပါးစာအုပ်၊ 
# စာချစ်သူတို့ လောကမှာ ကိုးကွယ်သလောက်နီးပါး အမြတ်တနိုး တန်ဖိုးထားခြင်းခံရသော 
စာအုပ်၊ 
# မလိုလားသူများ အသိုင်းအဝိုင်းက တွေ့ရာ 
သချင်္ ိုင်း ဓားမဆိုင်း ဟု လိုက်လံရှာဖွေ ဖော်ထုတ်
ဖျက်စီးခံရသော စာအုပ်၊
# လူအများအတွက် အန္တရာယ်ဖြစ်စေသည် ဟူ၍
ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း၊ မီးပုံရွို့ခြင်း 
ခံရသေည့် စာအုပ် စသည် စသည် စာအုပ်များ
@ ထို့နောက် 
# ပညာရှိ ကဝိစာဆိုကြီး၊ ပါရမီထူးကဲသော 
ဖန်တီးရှင်ကြီး စသဖြင့် အလေးအမြတ်ပြုခြင်း
ခံရသော စာရေးသူများ၊ 
# မထင်မရှား မွဲမွဲတေတေ နှစ်ပေါင်းများစွာဖြင့်
နေခဲ့ပြီး တစ်ချိန်သောအခါ၌ မိမိ၏ တစ်ခုသော
လက်ရာကြောင့် အောင်မြင်အထွတ်အထိပ် သို့ 
ရောက်ရှိကြသူများ၊ 
# ထို့အပြင် . . . စာအရေးအသားအတွက် 
ထောင်သွင်း အကျဉ်းချခံရခြင်း၊ ကားစင်တင်၍ 
စီရင်ခံရခြင်း၊ မိမိရေးသော စာအုပ်များနှင့်အတူ
မီးရွို့သုတ်သင်ခြင်း ခံရသည့် စာရေးဆရာများ၊
ကျမ်းပြု ပုဂ္ဂိုလ်များ အကြောင်း . . . . .
# ထို့နောက် . . . . . စာမသင်ရ၊ စာမဖတ်ရ ဟု 
ကြီးလေးသော ပြစ်ဒဏ်များနှင့် တကွ ကွပ်ညှပ်
ထားသည့်ကြားက စာတစ်လုံးချင်း ပေါင်းဖတ်ကာ
စာအုပ်ကမ္ဘာ ထဲသို့ စွန့်စားဝင်ရောက်ခဲ့သူများ၊
# စာကြည့်တိုက် စာအုပ်သိုက်များကြားမှာ 
တစ်သက်တာပတ်လုံး နှစ်မြှုပ် ပျော်မွေ့ခဲ့ကြသူများ၊
# မိမိတို့ ယုံကြည်မြတ်နိုးစွာ ဆည်းပူးခဲ့ရသည့်
စာအုပ်ထဲက အသိပညာများအတွက် 
အရှင်လတ်လတ် မြေမြှုပ် စီရင်ခြင်း အပါအဝင်
အန္တရာယ်မျိုးစုံကို ရပ်တည်ရင်ဆိုင်ခဲ့ကြရသည့်
ပုဂ္ဂိုလ်များ . . . စသည့် စသည့် 
# စာပေနှင့် နှီးနွယ်သော၊ သို့မဟုတ် စာအုပ် နှင့်
ဆက်စပ်ပတ်သက်သော အကြောင်းအရာစုံတို့ကို
မိတ်ဆွေအရင်းအချာ သဖွယ်​ ဆင့်ကဲမှျဝေသော
သဘောဖြင့် စုစည်းဖော်ပြထားသည့် စာသမားတို့
စိတ်ဝင်စားစရာ "စာအုပ်ကမ္ဘာ" အကြောင်း
စာအုပ်ဖြစ်​​ပေသည်။


Publisher Name: ဖေမြင့်စာပေ

Publisher Address: အမှတ် ၅၁၆၊ အဝေရာလမ်း၊ နံ့သာကုန်း၊ အင်းစိန်၊ ရန်ကုန်။


Related Books

Book Review Image

မြန်​မာပြည်​အတွက်​ စဉ်​းစား​ရွေးချယ်​စရာများ

ဒေါက်တာမြင့်ဇော်
Book Review Image

လူ့မိတ်ဆွေစာအုပ်

လူထုဦးလှ
Book Review Image

အယ်ဒီတာ၊ စာရေးဆရာနှင့် စာဖတ်သူ

ပီမိုးနင်း
Book Review Image

သင့်က​လေးများကို ဖိုမပညာ​ပေးအ​ကြောင်း ဘယ်လို​ပြောမလဲ

ကိုဆန်း(R/O)