Book Image

လူ့မိတ်ဆွေစာအုပ်

လူထုဦးလှ

လူထုဦးလှ

လူ့မိတ်ဆွေစာအုပ်
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဇူလိုင် ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - pixels image။
၁၀.၆ စင်တီမီတာ x ၁၆.၆ စင်တီမီတာ။
စာမျက်နှာ - ၆၄ ၊ တန်ဖိုး - ကျပ် ၈၀၀။

စိတ်ကူးချိုချိုစာအုပ်တိုက်၏ နှစ် ၂၀ ပြည့် အမှတ်တရ စာမွန် အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။

လူထုပုံနှိပ်တိုက်မှ ၁၉၇၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော
'' လူ့မိတ်ဆွေစာအုပ်၊မန ္တလေး နိုင်ငံတကာစာအုပ်နှစ်အထိမ်း အမှတ်စာတမ်းများ၊ ၁၉၇၂ ခုနှစ် '' မှ ထုတ်နုတ်ထားခြင်းဖြစ်သည်။

၇ ဒီဇင်ဘာ ၁၉၇၂ က လူထုဦးလှ ဖတ်ကြားခဲ့သော စာတမ်းလည်းဖြစ်သည်။



'' ကျွန်တော့်စာတမ်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ လောက်က စာရယ်လို့ စပေါ်ခဲ့ပုံ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကစပြီး စာအုပ်ရယ်လို့ ရှိလာပုံ၊ စာကြည့်တိုက်များအရေးကြီးပုံ၊ ကလေးများအတွက် အစီအစဉ်များရှိသင့်ပုံ၊ စာအ မြန်ဖတ်တဲ့ အလေ့အကျင့် ခရီးရောက်ပုံ၊ စာဖတ်တဲ့အလေ့အထ၊ စာအုပ်ထုတ်ဝေရေးကိစ္စ၊ ဘာသာပြန်လုပ်ငန်းကစပြီး တော်တော်ကျယ်ကျယ် တင်ပြခဲ့ပါပြီ။ ဒီလောက်ဆိုရင် စာအုပ်ကောင်းတွေဟာ လူ့မိတ်ဆွေဖြစ်တယ်၊နိုင်ငံတကာ လူမျိုးပေါင်း စုံချစ်ကြည်မှုကို အထောက်အကူပြုတယ်ဆိုတာ အားလုံးလက်ခံကြပြီလို့ ယုံကြည်ပါတယ်။ 

ဒါပေမဲ့ မိတ်ဆွေဖြစ်တဲ့ စာအုပ်ကောင်းတွေကို တွင်တွင်ကျယ်ကျယ်ကြီးဖတ်နိုင်ဖို့၊ ဖတ်ဖြစ်ဖို့က သိပ်အရေးကြီး ပါတယ်။ အဆိပ်အတောက်စာပေတွေကို မြည်းမနေဘဲ ရှောင်ဖို့ဆိုတာလည်း အငြင်းပွားစရာမရှိဘူးလို့ ထင်ပါ တယ်။ ''
( စာမျက်နှာ - ၅၇ နှင့် ၅၈ မှ )

လူထုဦးလှက '' လူ့မိတ်ဆွေစာအုပ် '' စာတမ်းကို
'' ဘယ်လိုအခြေအနေကဖြစ်ဖြစ် စာဖတ်နိုင်အောင်တော့ ကျွန်တော်တို့ ကြိုးစားကြရမယ်။စာဖတ်သူဟာ တိုးတက်မယ်။ စာဖတ်တဲ့လူမျိုးမှပဲ ကြီးပွားမယ်။ စာအုပ်ကောင်းတွေဟာ မိတ်ဆွေစစ်တွေပါ'' ( စာမျက်နှာ - ၆၃ နှင့် ၆၄ မှ ) ဟု နိဂုံးချုပ်တင်ပြထားပါသည်။

မိုးမင်းသိမ်း
၁၃ သြဂုတ် ၂၀၁၉


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

စာအုပ် ကမ္ဘာ

ဖေမြင့်
Book Review Image

မြန်​မာပြည်​အတွက်​ စဉ်​းစား​ရွေးချယ်​စရာများ

ဒေါက်တာမြင့်ဇော်
Book Review Image

အယ်ဒီတာ၊ စာရေးဆရာနှင့် စာဖတ်သူ

ပီမိုးနင်း
Book Review Image

သင့်က​လေးများကို ဖိုမပညာ​ပေးအ​ကြောင်း ဘယ်လို​ပြောမလဲ

ကိုဆန်း(R/O)