စာအုပ်အမည် - ကျွန်မတို့ကတော့ ဦးလေးအေး အများကတော့ ပန်းချီအမ်တင်အေး
စာရေးသူ - ဒေါက်တာခင်လကျ်ာ
တန်ဖိုး - 12000 ကျပ်
ဖြန့်ချိရေး - လောကသရဖူစာအုပ်တိုက် (ဖုန်း- 09799310900)
ယနေ့မြန်မာနိုင်ငံတွင် ရေဆေးပန်းချီကို အထူးပြုရေးဆွဲနေကြသည့် ရေဆေး အစိုရေးနည်း နည်းပညာမှာ ဆရာကြီးဘဇော်မှ အစပြု၍ ဆရာဆောင်နှင့်အတူ ဂျေဂျေ ဟိလ်ဒါ၏ ပန်းချီကားများကို ကူးဆွဲလေ့ကျင့်ခြင်း plain air ခေါ် outdoor သို့မဟုတ် အိမ်ပြင်ထွက်၍ ရှုခင်းများ(landscapes)ရေးဆွဲခြင်း၊ (transparency) ရေဆေး၏ ကြည် လင်မှု ရသရအောင်ရေးဆွဲခြင်း စသည်တို့မှာ ဆရာဦးအမ်တင်အေးအပါအဝင် သူနှင့် ခေတ်ပြိုင် ရေဆေးပန်းချီဆရာအဆင့်ဆင့်က လက်ဆင့်ကမ်းနိုင်ခဲ့ခြင်းကြောင့် ယနေ့ ထက်တိုင် မြန်မာရေဆေးပန်းချီအဆင့်အတန်း နိုင်ငံတကာအဆင့်နှင့် ရင်ဘောင်တန်း နေနိုင်ခြင်း ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
****
လူအများ လေးစားဂုဏ်ယူဖွယ်ပုဂ္ဂိုလ်တစ်ဦးအကြောင်း အတ္တုပ္ပတ္တိရေးသားရာတွင် ထိုပုဂ္ဂိုလ်ဘဝကောက်ကြောင်း ဇာတ်လမ်းသိရုံမျှလောက်နှင့် ကျေနပ်ရမှာ မဟုတ်ဘဲ သူနှင့်နှီးနွယ်သော သမိုင်းဝင်အဖြစ်အပျက်များ ဘာသာရပ်ပညာရပ်ဆိုင်ရာ မှတ်ကျောက် တင်ဖွယ်ကောင်းသော မှတ်တမ်းဖြစ်ဖို့တော့ လိုပေသည်။
(ဒေါက်ထွေး ဆေး/မန်း)
Publisher Name: လောကသရဖူစာအုပ်တိုက်
Publisher Address: ဖုန်း- 09799310900
Publisher Phone Number: ဖုန်း- 09799310900