"ပန်းချီစကား အလှတရား" တဲ့
ဆရာဖေညွန့်ဝေရေးတဲ့ စာအုပ်အမည်လေးပါ ။
စာအုပ်အမည်လေးလှလို့ ကောက်ကိုင်ဖတ်မိတဲ့စာအုပ်လေး ။
ဒီစာအုပ်လေးထဲမှာ နန်းတွင်းပန်းချီပုံတွေ (ပုဂံခေတ် အင်းဝခေတ် ကုန်းဘောင်ခေတ်ဦး ကုန်းဘောင် အမရပူရခေတ်)၊
နိုင်ငံတကားမှထင်ရှားကျော်ကြားတဲ့ပန်းချီပညာရှင်များ၏လက်ရာပန်းချီပုံများ နှင် ဆရာရဲ့ Nude ခဲပန်းချီလက်ရာများကို ကြည့်ရှု့လေ့လာခွင့်ရမှာဖြစ်ပါတယ် ။
အပြောစကားပြေ ဟန်နဲ့ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ
အခါအားလျှော်စွာ ဆရာ ရေးသားထားတဲ့ ပန်းချီဆိုင်ရာ
ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်ပါတယ် ။
အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)
မှာပြုလုပ်ကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲမှ မဟာတန်းတတ်နေသူကျောင်းသူ/သားများနှင့်ဆရာရဲ့ အမေးအဖြေ များ ၊
Graphic Design နှင့် Digital Age နှင့်ပတ်သက် ၍
ဆရာအမြင်အတွေးနှင့်ဆန္ဒများ ၊
The way golden stair 2018(ကိုရီးယာနိုင်ငံ) ပြပွဲ အတွက် ခရီးသွားမှတ်တမ်းများ
ပန်းချီနှင့် ယောဂ ဆက်စပ်ပုံများကို ဖော်ပြထားတဲ့ရေးသားချက်များပါဝင်ပါတယ် ။
ဒီစာအုပ်ရဲ့ထူးခြားချက်လေးက စီကာစဉ်ကာဖွဲနွဲရေးသားထားခြင်းမျိုးမဟုတ်ပဲ စာရေးသူကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေမှာ ပန်းချီနဲ့ပတ်သတ်တဲ့
-သိသင့်သိထိုက်တဲ့အကြောင်းအရာတွေ
-အမေးအဖြေတွေ ကို လိုတိုရှင်းရေးထားတာပါ ။
" ပန်းချီဆိုတာ အနုပညာဆိုတာ အလွန်အမင်းပုဂ္ဂလိကဆန်ရပါတယ် ။
တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ အတွေးတွေ အကြိုက်တွေ
ရွေးချယ်မှု့တွေ ဆုံးဖြတ်မှု့ ဖော်ကျူးမှု့တွေဖြစ်ပါတယ် ။
တစ်ယောက်နဲ့တစ်ယောက်မတူ ခြားနားကြတာဟာ ပကတိအခြေခံသဘာဝဖြစ်ပါတယ် ။"လို့ ရုပ်ရှင်ဒါရိုက်တာဝင်းဖေရဲ့ အမှာစာရေးထားတဲ့ဒီစာအုပ်လေးမှာ ပန်းချီဓါတ်ပုံပေါင်းများစွာကြောင့် ကျွန်မလက်ကမချနိုင်ဖြစ်တာကိုတော့ ဝန်ခံပါရစေ ။
#လဲ့ကြည့်ဖြူ