"ပန်းချီရေးနေရင်း နှစ် ၅၀ဘယ်လိုကုန်သွားမှန်းမသိ" တဲ့ ဆရာ ဝင်းဖေမြင့်ရေးတဲ့စာအုပ်လေး ။
ဟုတ်ကဲ့ တစ်အုပ်လုံး တစ်ထိုင်တည်းဖတ်ချလိုက်မိတဲ့ထိကောင်းတယ် ။
ပန်းချီလက်ရာတွေကတော့ ထပ်ခါ ထပ်ခါပြန်ကြည့်မိနေသော ပါပဲ ။
- WPM အိမ်မက်မှ လန့်နိုးခြင်း
- လူသားနဲ့ ကမ္ဘာနဲ့ အနုပညာနဲ့
- ကျွန်တော်သိတဲ့ပေါ်ဦးသက်
- ဆရာကြီးဦးသိန်းဟံ
- ဗဂျီအောင်စိုးပြောတဲ့ တဂိုးကျောင်း
- ကြားဖူးနားဝဦးဘသက်
- ပန်းချီချစ်တဲ့သံအမတ်ကတော်
-ရူခင်းပန်းချီရေးမယ်ဆိုရင်
- သစ်ပင်တွေ သစ်ပင်တွေ
-အနုပညာရှင်အစစ်ဆိုတာ
- မိုးကောင်းပင်ကြီးကို ကြည့်နေရင်း
- ပန်းချီရေးနေရင်းနှစ်၅၀ဘယ်လိုကုန်သွားမှန်းမသိ
- ပန်းချီပညာရဲ့ပရိယာယ်တွေဟာပန်းချီကားတွေထဲမှာရှိတယ်
- စကားပြောတဲ့ပန်းချီကား
- ပန်းချီကားထဲက space
- ကမ္ဘာကြီးရဲ့နေရာတိုင်းမှာအိုးတွေရှိတယ် ဆိုပြီး ခေါင်းစဉ်
တစ်ဆယ်ခုနှစ် ခု ရေးဖွဲ့ထားပါတယ် ။
" ဤစာအုပ်ပါ အကြောင်းအရာများသည် ပန်းချီဆရာများအကြောင်း ပန်းချီနှင့်ပတ်သတ်သောအကြောင်းအရာများဖြစ်ပါသည်။
ဤစာအုပျကျုဖတျပွီးလြှငျ ပန်းချီပညာနှင့်အနုပညာ
ကွဲပြားခြားနားပုံကိုသတိပြုမိပါလိမ့်မည် ။
နာမည်ကျော်ပန်းချီဆရာတိုင်းလည်း အနုပညာရှင်မဟုတ်နိုင်ကြောင်းလည်း ရိပ်စားမိပါလိမ့်မည် ။
အခုအချိန်မှာ ပေမီဒေါက်မီ ပန်းချီဝေဖန်ရေးသမားများလိုအပ်နေပါပြီ ။
သို့တို့ပြောပြမှာ ဘယ်လိုပန်းချီဆရာ ဘာတွေတော်ပြီးဘာတွေထူးခြားတယ် ။
ဘယ်လိုယုံကြည်ချက်တွေ ဘယ်လိုအယူအဆတွေနဲ့
ဖန်တီးရေးဆွဲနေကြတယ်ဆိုတာ စာဖတ်သူတို့သိလာကြမှာ ။
ဒါမှလည်းသူတို့ရေးဆွဲဖန်တီးခဲ့တဲ့ ပန်းချီတွေကို မှန်မှန်ကန်ကန်နားလည်သဘောပေါက်ပြီး ပန်းချီကားတွေကပေးတဲ့အရသာတွေ အတွေးတွေ ခံစားမှုတွေနဲ့ အသိတရားတွေကို လက်ခံရယူနိုင်ပါလိမ့်မယ် "လို ဆရာဝင်းဖေမြင့်ကအမှာရေးထားပါတယ် ။
#လဲ့ကြည်ဖြူ