Book Image

ရသမြင်းစီးသရုပ်ဖော်ပန်းချီဖန်တီးခြင်း

မြင့်မောင်ကျော်

စာအုပ်အမည် -ရသမြင်းစီးသရုပ်ဖော်ပန်းချီဖန်တီးခြင်း 

စာရေးသူ - မြင့်မောင်ကျော် 
စာမျက်နှာ - ၂၉၃မျက်နှာ
ထုတိဝေသည့်တိုက် -စိတ်ကူးချိုချိုစာအုပ်တိုက်(ပ ကြိမ်)
တန်ဖိုး ၅၀၀၀

#ပန်းချီစာအုပ်များအညွှန်း
#လှည်းတန်းစင်တာပထမထပ်ပန်းချီပြခန်းတွင်စာအုပ်များလာရောက်ဝယ်ယူနိုင်ပါသည်
Online ကမှာယူလိုပါက


'ဖေ့စ်ဘုတ်စတင်သုံးစွဲဖြစ်တဲ့အချိန်ကစပြီး

တခုတ်တရခံစားရေးဖွဲ့ဖော်ပြဖြစ်ခဲ့သည့် ကျွန်တော်၏
စာနယ်ဇင်းသရုပ်ဖော်ပန်းချီများ ချည်းသက်သက်
စုစည်းတင်ပြလိုက်ခြင်းဖြစ်ပါသည် ။"ဆိုတဲ့ ဒီစာအုပ်လေးဟာ 
ဆရာမြင့်မောင်ကျော်ရေးတဲ့ 
ရသမြင်းစီးသရုပ်ဖော်ပန်းချီဖန်တီးခြင်း 
ဆိုတဲ့စာအုပ်လေးပါ။

ဒီစာအုပ်လေးထဲမှာ များပြားလှတဲ့ ဆရာရဲ့ 
စာနယ်ဇင်းသရုပ်ဖော်ပန်းချီများ
ပုံတူရေးပန်းချီလက်ရာများ ကို လေ့လာခွင့်ရမှာဖြစ်တဲ့အပြင် ဆရာရဲ့စိတ်ကူးစိတ်သန်း အတွေး ယူဆချက်များကို
မြင်တွေ့ရမှာပါ ။

စာရူးပေရူးလေးတွေအတွက် တန်ဖိုးရှိတဲ့စာအုပ်တွေကို 
သိခွင့်ရမယ့်စာအုပ်လေးပါ ။
ဒီစာအုပ်လေးမှာ ထူးခြားတာက တခြားစာအုပ်တွေနဲ့မတူပဲ
လက်ကိုင်ဖုန်းလေးထဲက Facebook ဖွင့်ကြည့်နေရသလိုလေးပါ ။
ဆရာရဲ့ Facebook acc .ထဲ ဝင်ဖတ်နေရသလိုလေးခံစားရစေမှာပါ ။
ပန်းချီနှင့်တကွ ရသစာပေကိုပါထိတွေ့ခံစားခွင့်ရစေပါတယ် ။

ကျွန်မအတွက် ပန်းချီနဲ့ပတ်သတ်လို့ အမှတ်ထင်ထင်ဖြစ်စေ
မယ့်စကားစုလေးက
"ဒီမယ်ကိုရင် ...ကိုယ်ကလူငယ်ဆိုရင် အဲ့လိုမှသဘောကျတာ
တီထွင်နိုင်ရမယ် ပြောင်းလဲနိုင်ရမယ် ဆန်းသစ်နိုင်ရမယ်...
ကိုရင်က ဆန်နီငြိမ်းတို့ တပည့်ဆိုတော့ creation တွေ
intuition တွေကြားဖူးနေမှာပေါ့ 
ကိုယ်ကတော့မြန်မာလိုပဲ တစ်ခုပြောမယ် ...
ကိုယ့်လမ်းထဲမှာ နွားနို့တစ်ခွက် တစ်ကျပ်ခွဲ ဆိုတဲ့
ဆိုင်တစ်ဆိုင်ရှိတယ် 
ဘာမှ မဟုတ်ဘူး
နွားနို့ကို နည်းနည်းပူအောင်လုပ် သကြားနည်းနည်းဖြူးပြီး
အရောင်မပျက် အရသာမပြောင်း နွားနို့ဆိုပြီးတော့ 
ရောင်းတာ ..။
လမ်းထိပ်မှာနောက်တစ်ဆိုင်က ဒိန်ချဉ် တစ်ခွက် ငါးကျပ်
ဆိုပြီးရောင်းတယ် 
နွားနို့ကနေရတာပဲ
ဒါပေမယ့် သူက အရသာရော အာနိသင်ရော အခေါ်အဝေါ်ပါ
ပြောင်းသွားအောင် လုပ်နိုင်တယ် 
နွားနို့ကနေလာတဲ့အထောက်အထားဆိုလို့ အဖြူရောင်တစ်ခုကလွဲပြီး ဘာမှမတူတော့အောင် သစ်သွားတယ်
အဲ့ဒါ မော်ဒန်ပဲမောင်ရင် 
အဲ့ဒါ မော်ဒန်ပဲ တစ်ကျပ်ခွဲတန်မဟုတ်ဘူး 
ငါးကျပ်တန်ဖြစ်သွားပြီ ..။" တဲ့ 
ဒီစကားစုလေးက ဗဂျီအောင်စိုးက မြင့်မောင်ကျော် ကိုပြောတဲ့စကားလေးပါ ။

#လဲ့ကြည်ဖြူ



Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

စာမဲ့ကဗျာ

ဗဂျီအောင်စိုး
Book Review Image

ကျွန်မတို့ကတော့ ဦးလေးအေး အများကတော့ ပန်းချီအမ်တင်အေး

ဒေါက်တာခင်လကျ်ာ
Book Review Image

ပန်းချီစကားအလှတရား

ဖေညွန့်ဝေ
Book Review Image

ပန်းချီဝိညာဉ်

အောင်မြတ်ဌေး
Book Review Image

ပန်းချီရေးနေရင်းနှစ်၅၀ဘယ်လိုကုန်သွားမှန်း မသိ

ဝင်းဖေမြင့်
Book Review Image

သမိုင်းတစ်လျှောက်အကျော်အမော်ပန်းချီဆရာ ၁၀၀

သွေး(စစ်ကိုင်း)
Book Review Image

အနုပညာကျောင်းတွေမှာသင်ယူစရာ အချက် ၁၀၀

အောင်မြတ်ဌေး
Book Review Image

ကမ္ဘာ့ပန်းချီပန်းပု အနုပညာသမိုင်း

အောင်မြတ်ဌေး