"ဘဝတွင်နေထိုင်အသက်ရှင်နေစဉ် အခိုက်အတန့်
အချိန်ခဏကလေးမှာ ကျွန်တော်တို့နေစဉ်မြင်တွေ့နေကျ
ပုံမှန်အရာများပေါ်ကနေ ပုံမှန်အမြင်မှသွေးဖည်သော
ထင်မြင်ယူဆမှုကလေးတစ်ခု ဖျက်ခနဲရလိုက်ချိန်မျိုးဟာ
ဘဝမှာ ကြီးမာတဲ့ ပျော်ရွှင်မှုကိုရရှိလိုက်ချိန်ပါပဲ ။
အဲ့ဒီအချိန်ခဏလေးဟာ အလွန်တန်ဖိုးရှိလှသလို ကြီးမားတဲ့
ဉာဏ်ပညာတစ်ခု လင်းပွင့်ခြင်းလို့လည်းဆိုနိုင်ပါတယ် ။ "တဲ့
ဆရာအောင်မြတ်ဌေးရေးထားတဲ့စာအုပ်လေး ။
ဒီစာအုပ်ကိုအပိုင်း ငါးပိုင်းခွဲပြီးရေးသားထားပါတယ် ။
အပိုင်း၁- ခေတ်အလိုက်တိုးတက်ပြောင်းလဲလာခဲ့သော ပန်းချီဟန်များကို မော်ဒန်ကောက်ကြောင်းပန်းချီများပေါ်မှလေ့လာခြင်း ။
အပိုင်း၂- အာရှဓလေ့စရိုက်နှင့် မော်ဒန်ဟန်ပန်းချီ
အာရှပန်းချီဆရာများ၏အိတ်စိပရက်ရှင် နှင့် ဒပ်ြမဲဟန်များ။
အပိုင်း၃- ကန်ဒင်းးစကီး၏ အနုပညာတွင် စိတ်ပိုင်ဆိုင်ရာ
ပတ်သတ်ဆက်နွယ်မှုများ ။
အပိုင်း၄- ပေါ်ကလီးရေးသားသော မော်ဒန်ပန်းချီအယူအဆများ ။
အပိုင်း ၅- စာရေးသူ၏အထွေထွေမှတ်စုများ ။
ဒီစာအုပ်ကို ဖတ်ရချိန်မှာအရသာရှိလွန်းတာကတော့
ပန်းချီပုံတွေရဲ့ အဓိပ္ပာယ်ကိုပုံနှင့်တကွ ရှင်းလင်းပြောပြခြင်းပါ ။
ခေတ်တစ်ခုစီမှာ အနုပညာလှုပ်ရှားမှုတွေတိုးတက်ပြောင်းလဲလာပုံအဆင်ဆင်ကို ခြုံငုံသုံးသပ်ထားတဲ့စာအုပ်လေး ။
ဒီစာအုပ်လေးမှာ ခံပန်းချီပုံပေါင်းများစွာကိုလေ့လာခွင့်ရမှဖြစ်ပါတယ် ။
"ပန်းချီပန်းပုအနုပညာ အစရှိသည်တို့ကို ဖန်တီးပြုလုပ်ရာမှာအရင်းခံအကြောင်းက လူ၏ခံစားမှု့တစ်စုံတစ်ခုကို
လက်တွေ့စမ်းသပ်ပြီး အတွေ့ကြုံသစ်အဖြစ်ရယူလိုက်ခြင်းသာဖြစ်သည် ။" တဲ့ သဘောကျရပြန်ပါရော ။
ပန်းချီလေ့လာသူများ ဝါသနာရှင်များနှင့် ကျောင်းသားတွေအပြင် အနုပညာခံစားဝေဖန်သုံးသပ်ချင်သူတွေ လေ့လာဖတ်ရှု့သင့်တဲ့ စာအုပ်လေးပါ ။
ခံစားမှုမပါပဲ ဘယ်လိုအနုပညာမှမဖန်တီးနိုင်းဘူးဆိုတဲ့ ဒီစာအုပ်လေးဖမ်းစားမှုကို ကျွန်မအတော်ရုန်းထွက်ခဲ့ရတယ် ။
ကောင်းလိုက်တာဆိုတာထက် တန်ဖိုးရှိလိုက်တာလိုပဲဆိုပါရစေတော့ ။
"ရုပ်ပသာဒ အတုယောင် အမှီခိုများ ကင်းသော ပန်းချီ၏
မူလဇာစ်မြစ်ဖြစ်ပေါ်ရာ ရသခံစားမှု ၊
အနုပညာရှင်တို့၏အတွင်းစိတ်စေစားမှုများ ၊
ခေတ်အလိုက် ရိုက်ခတ်မှု တုံ့ပြန်ပုံလက်ရာများ ၊
တီထွင်ဖန်တီးမှုကို ဦးတည်လာခဲ့သော သမိုင်း ၊
ယနေ့ခေတ် အမြင် နှိုင်းယှဉ်သုံးသပ်ချက်များ ၊
အစစ်အမှန်ရှင်သန်နေအုန်းမည့် ပန်းချီဝိညာဉ်များ ။"
#လဲ့ကြည်ဖြူ