စာအုပ်အမည် -ကမ္ဘာပန်းချီပန်းပု အနုပညာသမိုင်း
ဘာသာပြန်သူ -အောင်မြတ်ဌေး
ထုတ်ဝေသူ -ဂျူတီစာပေ (ပထမအကြိမ်)
စာမျက်နှာ- ၉၂မျက်နှာ
တန်ဖိုး -၅၀၀၀
#ပန်းချီစာအုပ်များအညွှန်း
#လှည်းတန်းစင်တာပထမထပ်ပန်းချီပြခန်းတွင်စာအုပ်များလာရောက်ဝယ်ယူနိုင်ပါသည်
Online ကမှာယူလိုပါက
စာပေနယ်ပယ်မှာ ကျင်လည်နေတာမှန်ပေမယ့် ပန်းချီစာအုပ်တွေနဲ့ ကျွန်မ
အတော်လေး စိမ်းပါတယ် ။
ဒါပေမယ့် လက်တွေ့ကျကျပန်းချီကို စိတ်ဝင်စားလာချိန်မှာတော့ ကျွန်မမျက်လုံးပြူးရပါပြီ ။
သိလည်းသိချင် ဘယ်စာအုပ်စဖတ်ရမှန်းမသိဖြစ်နေချိန် မှာ
ဆရာအောင်မြတ်ဌေး မြန်မာဘာသာပြန်ထားတဲ့
ကမ္ဘာပန်းချီ ပန်းပု အနုပညာသမိုင်း(စူးစမ်းချင်တဲ့ကလေးများကိုမိနစ်ဝက်အတွင်းရှင်းပြနိုင်မယ့် စက္ကန်း၃၀ရှင်ူလင်းလွယ် )ဆိုတဲ့စာအုပ်လေးတွေ့မိတယ် ။
"စာအုပ်ဆိုတာလည်း အနုပညာတစ်ခုလိုပဲ
ကြာကြာပိုကြည့်လေ ပိုပြီးနားလည်သိမြင်လာလေလေ ပေါ့ ။"
ဆိုပြီးရေးထားတဲ့ ဒီစာအုပ်လေးမှာ
အနုပညာဆိုတာ ဘာလဲ .....
အနုပညာရဲ့တန်ဖိုးက ဘာလဲ .....ဆိုပြီး
ကမ္ဘာဦး (သမိုင်းမတင်မီ)ခေတ် ကနေ ခေတ်ပြိုင်အနုပညာ
အထိ ခေတ်အဆက်ဆက်
ပန်းချီသမိုင်းကြောင်းတွေ ကို
ဆေးရောင်စုံပုံလေးတွေရယ်
စကားလုံးအညွှန်းလေးတွေနဲ့အတူ
တစ်ဆင့်ခြင်းပြောင်းလဲလာတဲ့ပန်းချီပညးရပ်တွေကို
စိတ်ဝင်စားဖွယ် ရှင်းလင်းပြထားပါတယ် ။
ပိုမိုရှာဖွေလေ့လာနိုင်ရန်အတွက်လည်း
စာအုပ် အချက်အလက် နှင့့်အင်တာနက်လင့်ခ်များလည်းပါရှိပါတယ် ။
ပန်ချီသမိုင်းကြောင်းကိုလေ့လာခွင့်ရတဲ့အပြင်ခေတ်စနစ်တွေ
အကြောင်းကိုပါ သိခွင့်ရခဲ့တဲ့စာအုပ်လေးပါ ။
ဒီစာအုပ်ကို သဘောကျမိတဲ့အချက်လေးရှိတယ် ။တစ်ခန်းစီတိုင်းမှာ သုံးစက္ကန့်အတိုချုပ်ဆိုပြီး notes လေးတွေထည့်ပေးထားတာကိုပါပဲ ။
ပန်ချီအကြောင်းဘာမှမသိဘူးဆိုသူလေးတွေ ဖတ်သင့်တဲ့စာအုပ်လေးမို့ ဘဝတူလေးတွေကို ညွှန်းပါရစေ ။
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845