Book Image

အိမ်မက်တောင်ကြား

မောင်ထွန်းသူ

စာအုပ်အမည် _ အိမ်မက်တောင်ကြား

ဘာသာပြန်ဆရာ _ မောင်ထွန်းသူ
မူရင်းစာအုပ် _ THE CANYON
မူရင်းစာရေးသူ _ JACK SCHAEFER
ထုတ်ဝေသည့်တိုက် _စိတ်ကူးချိုချို 
ထုတ်သည့်ခုနှစ် _ ဧပြီလ ၊ ၂၀၁၇ ( ဒုတိယအကြိမ်)
စာမျက်နှာ _ ၁၆၆
တန်ဘိုး _ ၂၀၀၀
Western ဝတ္ထုတွေ နဲ့ ကျော်ကြား တဲ့ ဒီစာအုပ် ရဲ့ မူရင်း စာရေးဆရာ JACK SCHAEFER (19.11.1907_24.1.1991) ရဲ့ အအောင်မြင်ဆုံး ဝတ္ထု က Shane(1946) ဖြစ်ပါတယ် ။  ရုပ်ရှင် အနေနဲ့ လဲ အောင်မြင်ခဲ့တယ် ။ စာရေးဆရာ ယုဇနမောင်ခိုင် က Shane ဝတ္ထု ကို ဘာသာပြန် ခဲ့တယ်လို့ ဆရာမောင်ထွန်းသူ က ဆိုပါတယ် ။ 


များသောအားဖြင့် ရက်ဒ်အင်ဒီးယန်း တွေ အကြောင်း ပါတဲ့ ဝတ္ထုတွေ ဖတ်လိုက်ရင် သူတို့ လူမျိုးစု အချင်းချင်း တိုက်ခိုက် တဲ့ အကြောင်း ၊  လူဖြူတွေ နဲ့ တိုက်ခိုက် တဲ့ အကြောင်း ၊ သူတို့ သတ်ဖြတ်ခဲ့တဲ့ ရန်သူတွေ ရဲ့ ဦးရေခွံ ကို ခွာယူတဲ့ အကြောင်း စတာတွေ ပဲ ပါတာ များတယ် ။ 


ရက်ဒ်အင်ဒီးယန်း လူမျိုးစု တွေ ရဲ့
ထုံးတမ်းအစဉ်အလာ တွေ ၊ ယောက်ျားလေး တစ်ယောက် ဖြစ်ရင် သူဟာ ရဲရင့်တဲ့ စစ်သည် တစ်ယောက် အဖြစ် တိုက်ပွဲဝင် ခဲ့ ဖူးရမယ် ၊ ရန်သူတွေ ရဲ့ မြင်းတွေ ဘယ်လောက်များများ သိမ်းယူ နိုင်ခဲ့သလဲ ဆိုတဲ့ ဂုဏ်ပုဒ် အပြင် အမဲလိုက်တော်တဲ့ မုဆိုးကောင်း တစ်ဦး ဖြစ်ရမယ် ဆိုတာတွေ သိပ် မဖတ်ခဲ့ရဘူး ။ နောက်ပြီး ရက်ဒ်အင်ဒီးယန်း မျိုးနွယ် အိမ်ထောင်ရှင်မ တစ်ယောက် အနေနဲ့
တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့  သူ့ယောင်္ကျား ရဲ့ အရိုး ကို မီးရှို့ မ သဂြိုင်္လ် ရသေးဘူး ဆိုရင် ဖိနပ် မပါ ခြေဗလာ နဲ့ ပဲ နေရတဲ့ အကြောင်းတွေ စတာတွေ ကို ဒီစာအုပ် ဖတ်ရတော့ မှပဲ သိလိုက်ရတယ် ။ အိမ်ထောင်ပြု ခြင်းနဲ့  ဆိုင်တဲ့ ထုံးစံတွေ ၊ ဆိတ်ငြိမ်ရာ နေရာတစ်ခု မှာ အစာငတ်ခံပြီး ဝိဉာဏ် တွေ နဲ့ စကားပြောတာတွေ စတဲ့ ဓလေ့ထုံးစံ တွေလဲ သိရသေးတယ် ။ 
ဇာတ်ကြောင်း နဲ့ လိုက်ဖက် တဲ့ နေရာတွေမှာ သူတို့ ရဲ့ ရိုးရာဓလေ့ထုံးစံ တွေ ကို ထည့်ရေးထားတာ စိတ်ဝင်စား စရာပါပဲ ။

ချီယန်နီ လူမျိုးစု ဝင် " ဝက်ဝံငယ် " ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ က သူတို့ မျိုးနွယ်စု မှာ အထူးအဆန်း ဖြစ်နေတယ် ။ ထောင်ထောင်မောင်းမောင်း နဲ့ တောင့်တင်း သန်မာတဲ့ ယောက်ျားတွေ ကြားထဲမှာ ခန္ဓာကိုယ် ကြံ့ခိုင် ပေမယ့် ခြေထောက်တိုတို လေးတွေ ပိုင်ဆိုင် ထားလို့ ပါပဲ ။

ဝက်ဝံငယ် ၆နှစ် အရွယ်မှာ မိဘတွေ အဖျားရောဂါ နဲ့  သေဆုံးသွားလို့ "ဘယ်သန်" ဆိုတဲ့ လူက မွေးစားပြီး သူ့သားတွေ နဲ့ တန်းတူ ချစ်ခင်မှု ပေးတယ် ။ ငယ်စဉ် ကတဲက သူ့ အားနည်းချက် ၊ အားသာချက် တွေကို သူ သိရှိနေတယ် ။  မြန်မြန် မပြေးနိုင် ပေမယ့် ခွန်အားကြီး တဲ့ သူ့ လက်နှစ်ဖက်ကို အသုံးချပြီး မြည်းပုလေး တစ်ကောင်နဲ့ ကျွဲတွေကို အမဲလိုက်တာမှာ ထူးချွန်ခဲ့တယ် ။ ဒါပေမယ့် သူ ဘယ်တော့မှ စစ်တိုက် မထွက်ခဲ့ဘူး ။ 

"ဘယ်သန် " က သူ့ကို သားတစ်ယောက် လို ချစ်ခင်ပေမယ့် ဝက်ဝံငယ် ရဲ့ အတွင်းစိတ် မှာ လိုအပ်ခြင်း မပြည့်စုံ ခြင်းတွေ ကို အမြဲ ခံစားမိ နေတယ် ။ တစ်ရက်တော့ အိမ်က နေ တိတ်တိတ် ထွက်ခွာလာပြီး သူ ငယ်စဉ်က ရိုးရာထုံးစံ နားဖောက် ပေးတဲ့ ဆရာ "ညမင်းသား " ဆီကို သြဝါဒ ခံယူဖို့ ထွက် သွားတယ် ။ 

ညမင်းသား ရဲ့ အကြံပြုချက် အရ တောင်စောင်း တစ်နေရာမှာ အစာမစားပဲ ဥပုသ် စောင့်နေတာ ၄ရက်မြောက် နေ့မှာ နိမိတ်ပြ မြေခွေး
တစ်ကောင် နောက် လိုက်တာ ခြေချော်ပြီး တောင်ကြားတစ်ခု ထဲ ကျသွားပါတယ် ။ ခြေထောက်ကျိုးသွားပြီး ဒါဏ်ရာ တွေ ရနေတဲ့ ဝက်ဝံငယ် ရဲ့ နေ့ရက် တော်တော်များများ က အဲဒီ တောင်ကြား ထဲမှာ အချိန် တော်တော် ကုန်ခဲ့တယ် ။ ပြန်တက်ဖို့ လမ်း မရှိ သလောက် ဖြစ်နေလို့ပါ ။ အဲဒီ တောင်ကြားထဲမှာ အသက်ရှင် ရပ်တည် နိုင်ဘို့ ဝက်ဝံငယ် လှုပ်ရှားရုန်းကန် ခဲ့တာ သီးခြား စွန့်စားခန်း တစ်ပိုဒ် လိုပဲ ။

တစ်ည မှာ သူ့ အိမ်မက်ထဲမှာ မိန်းမငယ် တစ်ယောက် ကို မြင်မက်လို့ အဲဒီ မိန်းမငယ် ကို လိုက်ရှာဖို့ တောင်ကြားထဲက ထွက်ခဲ့ပါတယ် ။ သုံးနှစ် သုံးမိုး ဝက်ဝံငယ် ရှာနေတဲ့ မိန်းမငယ် " လိပ်ခွံမ" ကို ရွာတစ်ရွာ မှာ သွားတွေ့တယ် ။ သူ တည်းနေတဲ့ အိမ်ရှင် " ဝံပုလွေဖြူ " ကို သွားရောက် မြန်းခိုင်းတဲ့ အခါ ချီယန်နီ ယောက်ျားလေးတွေ ရဲ့ ထုံးတမ်း စဉ်လာ နဲ့ အညီ စစ်မတိုက်ဖူးတဲ့ အတွက် 
ဝက်ဝံငယ် နဲ့ မင်္ဂလာဆောင် ဖို့ 
မိန်းကလေး ဘက်က လက်မခံ ပါဘူး ။ 

ဝက်ဝံငယ် ဟာ လိပ်ခွံမ ရဲ့ အဖေ က တိုက်ပွဲမှာ ကျဆုံးခဲ့ပြီး သူ့ အလောင်း က ရန်သူ လူမျိုးစုတွေ နေတဲ့ နေရာမှာ ကျန်ခဲ့ လို့
လိပ်ခွံမ ရဲ့ အမေ ခြေဗလာ နဲ့ နေနေရတာ ကို တွေ့သွားလို့ လိပ်ခွံမ အဖေ ရဲ့ အရိုးကို သူသယ်နိုင်ရင် သေချာပေါက် မင်္ဂလာ ကိစ္စ အောင်မြင်နိုင်တာ မို့လို့ ဒေသ အခြေအနေ တွေ စုံစမ်းပြီး သူ ခရီး စတင်ခဲ့တယ် ။

ဝက်ဝံငယ် ရဲ့ ခရီး အောင်မြင် ပြီး လိပ်ခွံမ နဲ့ မင်္ဂလာဆောင် ဖြစ်သွားတယ် ။ 
အမဲလိုက်ကောင်း လို့ စားစရာ အလျှံပယ် နဲ့ သာယာနေတဲ့ ဝက်ဝံငယ် ရဲ့ အိမ်ထောင်ရေး က လိပ်ခွံမ ရဲ့ အကို စစ်ထွက်ဖို့ ဖြစ်လာတဲ့ အခါ ပျက်စီးသွားခဲ့ရတယ် ။ ဝက်ဝံငယ် က စစ်တိုက်ခြင်း ကို မယုံကြည်သူ မို့လို့ စစ်ထွက်ရာမှာ လိုက်မသွားခဲ့ဘူး ။ အဲဒီ ကိစ္စ ရဲ့ အကျုးိဆက် အဖြစ်  တစ်ရွာလုံး နဲ့ မတူ သီးခြား ဖြစ်နေတော့ ဝက်ဝံငယ် ဟာ လိပ်ခွံမ ကို ခေါ်ဆောင်ပြီး သူပျော်မွေ့ရာ ကမ္ဘာလေး ဖြစ်တဲ့ "တောင်ကြား" ထဲ သွားနေကြပါတယ်။

ရိုးရာအစဉ်အလာ ကို ဆန့်ကျင်ပြီး မျိုးနွယ်စု တွေ နဲ့ ဝေးရာ မှာ နှစ်ယောက် တစ်ကမ္ဘာ တည်လိုက်တဲ့ ဝက်ဝံငယ် တို့ လင်မယား ဘယ်လိုတွေ ရင်ဆိုင်ကြုံတွေ့ ကြမလဲ ဆိုတာ ဒီ ဇာတ်လမ်း ရဲ့ အဓိက ဆိုလိုခြင်း ကို ပြောသွားပါတယ် ။ 

ဒီဝတ္ထု က ပေးတဲ့ အသိ က "မျိုးနွယ်စု ထဲက
လူတစ်ယောက် က ရိုးရာဓလေ့ထုံးစံ တွေကို မလိုက်နာပဲ မျိုးနွယ်စု တွေ နဲ့ ခွဲခွာပြီး  အထီးတည်း ရှင်သန်ဖို့ရာ အဆင်မပြေ နိုင်ဘူး" လို့ ဆိုချင်ပုံ ရပါတယ် ။ 
Ko Kyaw Lwin (4:00pm,8.6.2017)


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး

တက္ကသိုလ်စိန်တင်
Book Review Image

မခံနိုင်အောင် ပေါ့ပါးဘဝနေ့ညများ

ဒီနိုဗို
Book Review Image

မှန်သားမြို့တော်

ဒီနိုဗို
Book Review Image

ဘာဖြစ်ဖြစ်

မိုးသက်ဟန်
Book Review Image

အမှောင်ရိပ်ရဲ့အလွန်မှာ

သစ်စိုး
Book Review Image

သေမင်းခံတွင်းဝက လွတ်ခဲ့သူ

ကျော်စိုးလွင်