Book Image

မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး

တက္ကသိုလ်စိန်တင်

မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦးစာအုပ်သည် သူရဦးတင်ဦး၏ ပြောပြချက်များကို အတ္ထုပ္ပတ္တိဆန်ဆန် မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ ပထမပိုင်းသာ ထွက်ရှိသေးပြီး သူရဦးတင်ဦး၏ စစ်သားဘဝဖြစ်စဉ်များကို အဓိကထား ရေးသားထားသော စာအုပ်ဖြစ်သည်။


ကျွန်တော်အရင်က ဘဘဦးတင်ဦးနှင့် ပတ်သက်သော စာအုပ်တစ်အုပ် ဖတ်ဖူးသည်။ ဖိုးစိုင်းဂျာနယ်လစ်ဆိုသူ ရေးသားထားသော စာအုပ်ဖြစ်သည်။ ဖတ်ရတာ အားမရ။ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ခဲ့သလို ကာကွယ်ရေးဦးစီးချုပ် တစ်ဦးဖြစ်ခဲ့သည့်အပြင် သူရဘွဲ့ပါ ရရှိခဲ့သည့် ဦးတင်ဦးနှင့် ပတ်သက်လျှင် မှတ်တမ်း မှတ်ရာ ရှားပါးလွန်းလှပါသည်။

ဦးနေဝင်း၏ ကျူပင်ခုတ်ကျူငုတ်မကျန် အရေးယူခြင်းကို ခံခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီခရီးတွင် ထပ်ကြပ်မကွာ လိုက်ပါခဲ့သူ ဖြစ်သည့်အတွက် စစ်အစိုးရလက်ထက်တွင်လဲ နှစ်ရှည်လများ ဖမ်းဆီးထိမ်းသိမ်းခဲ့ခဲ့ရသူ ဖြစ်သည့်အတွက် ဘဘဦးတင်ဦးအကြောင်း ကောင်းကောင်း သိနိုင်ခွင့် မရှိခဲ့။ ယခုတော့ ကျွန်တော့် ဆန္ဒပြည့်ဝပြီဟု ဆိုနိုင်ပါသည်။ ယခုစာအုပ်တွင် ဘဘဦးတင်ဦး၏ စစ်သားဘဝ အကြောင်းအရာများကို ခေတ်စနစ်များ နောက်ခံထားပြီး ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဖတ်ရင်း လက်က မချနိုင်သော စာအုပ်တစ်အုပ် ဖြစ်သည်။ ကျွန်တော် ပိုပြီး မျှော်လင့်မိသည်က ဒုတိယပိုင်း။ ယခုအပိုင်းတွင် ဘဘဦးတင်ဦး၏ ငယ်စဉ်ဘဝ၊ စစ်သားဘဝ အကြောင်းအရာများသာ ပါဝင်သည်။ ကျွန်တော် အသည်းအသန်ဖတ်ချင်နေသည်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြတ်သန်းခဲ့သည့် ဒီမိုကရေစီ ခရီးကြမ်း။ ဒုတိယပိုင်းကို မျှော်နေရသည်။ ကျွန်​တော် ပြောလို့ စာဖတ်သူအနေဖြင့် ဒုတိယပိုင်းသာ စောင့်ဖတ်မည်ဆိုရင် ပြည့်စုံမည် မဟုတ်။ ပထမပိုင်းကို ဖတ်ထားမှသာ စစ်သား၊ ဗိုလ်ချုပ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒီမိုကရေစီ ဘက်တော်သား စသည့် ဘဝခရီးကို အကောင်းဆုံးပုံဖော် လေ့လာနိုင်မည် ဖြစ်သည်။ သင်၏ စာအုပ်စင်တွင် မဖြစ်မနေ ရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါသည်။

ဖတ်ညွှန်းရေးသူ - စိုးသီဟနောင်


Publisher Name: ဓူဝံ စာပေ

Publisher Address: ၂၁၂၊ ၃၁ လမ်း၊ ရန်ကုန်


Related Books

Book Review Image

စပွတ်နစ်ချစ်သည်း

ဒီနိုဗို
Book Review Image

မခံနိုင်အောင် ပေါ့ပါးဘဝနေ့ညများ

ဒီနိုဗို
Book Review Image

အိမ်မက်တောင်ကြား

မောင်ထွန်းသူ
Book Review Image

သံပုရာသီးတစ်တောင်းကြောင့် နှင့် နိုင်ငံတကာဝတ္ထုတိုများ

ဒေါက်တာခင်မောင်ညို
Book Review Image

မှန်သားမြို့တော်

ဒီနိုဗို
Book Review Image

ဘာဖြစ်ဖြစ်

မိုးသက်ဟန်
Book Review Image

အမှောင်ရိပ်ရဲ့အလွန်မှာ

သစ်စိုး
Book Review Image

သေမင်းခံတွင်းဝက လွတ်ခဲ့သူ

ကျော်စိုးလွင်