Book Image

နယူး​ယောက်​ကဦးသန်​့

စိန်၀င်းစိန်

စိန်​ဝင်​းစိန်​

နယူး​ယောက်​ကဦးသန်​့
Ramses Nassif ၏ U Thant In New York ( 1961 - 1971 ) , A Portrait of the Third UN Secretary - General ကို ဘာသာပြန်​သည်​ ။
ပဉ္စဂံစာအုပ်​တိုက်​ ၊
ဒုတိယအကြိမ်​ ၊ ၂၀၁၇ ခုနှစ်​ ၊ နိုဝင်​ဘာလ ။
မျက်​နှာဖုံးဒီဇိုင်​း - ပန်​းချီတင်​ထွဏ်​း ။
၁၂.၇ စင်​တီမီတာ x ၂၀.၈ စင်​တီမီတာ ။
စာမျက်​နှာ - ၂၂၄ ၊ တန်​ဖိုး - ၃၀၀၀ ကျပ်​ ။


ဆာဘရိုင်​ယန်​အားကွာ့တ်​ ၏ စကားချီး၊ဘာသာပြန်​သူ ၏ အမှာတို့ပါရှိပြီး အခန်​း ၁၁ ခန်​းပါရှိသည်​။အ​ထောက်​အထားစာရွက်​စာတမ်​းများနှင်​့မှတ်​တမ်​းဓာတ်​ပုံများကို လည်​းထည့် သွင်​း​ဖော်​ပြထားသည်​။


''ဒက်​ဟမ္မားရှိုးလ်​ကွယ်​လွန်​ခြင်​းနှင်​့ဦးသန်​့အတွင်​း​ရေး မှူးချုပ်​ဖြစ်​ခြင်​း၊မြန်​မာပြည်​မှရိုးရိုးကုပ်​ကုပ်​​နေ​သော သံ တမန်​၊အတွင်​း​ရေးမှူးချုပ်​၏အခန်​းကဏ္႑၊ဗုဒ္ဓဘာသာ​ကောင်​းတစ်​​ယောက်​၊ကျူးဘားဒုံးပျံအ​ရေးအခင်​း၊ဗီ ယက်​နမ်​ - ငြိမ်​းချမ်​း​ရေးရှာပုံ​တော်​၊ဦးသန်​့နှင်​့ပုပ်​ရဟန်​း မင်​းကြီး​ပေါလ်​(၆)၊ကုလသမဂ္ဂအ​ရေး​ပေါ်တပ်​များရုပ်​သိမ်​းရန်​ နတ်​ဆာအမိန်​့​ပေးခြင်​း၊ဖြစ်​ရပ်​များ(အ​နောက်​အီရီယန်​၊ကွန်​ဂိုစစ်​ဆင်​​ရေးနိဂုံးချုပ်​ခြင်​း၊အိန္ဒိယ-ပါကစ္စ တန်​၊ချက်​ကိုစလို​ဗေးကီးယားကျူး​ကျော်​​မှု၊ဦးသန့် နှင့် ပီကင်​း(​ပေကျင်​း)၊ဘဏ္႑ာ​ရေးပြဿနာ၊ကုလသမဂ္ဂတ က္ကသိုလ်​)၊ဦးသန်​့ထွက်​ခွာခြင်​းနှင်​့​ပေါင်​းရုံးသုံးသပ်​ခြင်​း'' စသည်​့ခေါင်​းစဉ်​များဖြင်​့အခန်​းခွဲ​ရေးသားထားသည်​။

''ဤစာအုပ်​တွင်​ ရမ္မာဆက်​နာဆစ်​သည်​ဦးသန်​့၏လူ သားဆန်​​သောထူးခြားသည်​့အ​ရောင်​အ​သွေးများကို အမိအရဆုပ်​ကိုင်​​ဖော်​ပြထားပါသည်​။ထို့ပြင်​ထူးချွန်​​သောလူသားဝန်​ထမ်​းတစ်​​ယောက်​၏လုပ်​​ဆောင်​ချက်​ကို​နောင်​လာ​နောက်​သားများအတွက်​မှတ်​တမ်​းကျန်​​စေမည်​့ပထမ​ခြေလှမ်​းဖြစ်​လိမ်​့မည်​ဟု ကျွန်​​တော်​အ တိုင်​းထက်​အလွန်​​မျှော်​လင်​့ပါ​ကြောင်​း''ဟု ဆာဘရိုင်​ယန်​အားကွာ့ထ်​၏စကားချီးတွင်​​ဖော်​ပြထားသည်​။

''ဟမ္မားရှိုးလ်​နှင်​့ဦးသန်​့လာခဲ့ရာကမ ်ဘာများသည်​မတူ ခြားနား​သောကမ ်ဘာနှစ်​ခုဖြစ်​သည်​။တစ်​​ယောက်​က ဆွီဒင်​မင်​းမျိုးမင်​းနွယ်​။ဣ​နြေ္ဒသမ္ပတ္တိဖြင်​့ရိုးရိုးကုပ်​ကုပ်​​နေကာလက်​​တွေ့ဘဝနှင့် နီးစပ်​သူ။ဟုတ်​တိုင်​းမှန်​ရာ​ပြော​လေ့ရှိသူ။သူတို့နှစ်​ဦးကို​ကောင်​း​ကောင်​းသိသူ များက ဟမ္မားရှိုးလ်​အား'အ​ရှေ့တိုင်​း အသိဉာဏ်​ထူးရ ပုဂ္ဂိုလ်​'ဟုသမုတ်​ပြီး ဦးသန်​့အား'အ​နောက်​တိုင်​းဆန်​ဆန်​ပွင်​့လင်​းသူ'အဖြစ်​​ဖော်​ပြကြသည်​။သို့​သော်​သူတို့ နှစ်​ယောက်​မှာတူတာ​တွေမနည်​း။နှစ်​​ယောက်​လုံးလှုပ်​ရှား​ပြောင်​းလဲ​ရေးဝါဒီများ၊သမာသမတ်​ကျသူများဖြစ်​​သော်​လည်​း ခြံစည်​းရိုးခွထိုင်​သူများမဟုတ်​။သူတို့နှစ်​​ယောက်​လုံးဇိမ်​ရှိ​အောင်​​နေထိုင်​ကြ​သော်​လည်​းခမ်​းကြီး နားကြီးမဟုတ်​။'' ( စာမျက်​နှာ - ၂၁၇ မှ )

''ဤစာအုပ်​သည်​ဦးသန်​့၏ကုလသမဂ္ဂအတွင်​း​ရေးမှူး ချုပ်​သက်​တမ်​းတစ်​​လျှောက်​( ၁၉၆၁ - ၁၉၇၁ )အ​တွေ့ အကြုံများကိုတင်​ပြထား​သည်​့စာအုပ်​ဖြစ်​သည်​။တင်​ပြ သူမှာဦးသန့်ကိုယ်​တိုင်​မဟုတ်​။အဆိုပါကာလအတွင်​း ကုလသမဂ္ဂတွင်​ဦးသန်​့နှင်​့လက်​ပွန်​းတတီး​ဆောင်​ရွက်​ခဲ့သည်​့အီဂျစ်​လူမျိုး ရမ္မဆက်​နာဆစ်​။ထို့​ကြောင်​့အခြား​သောရှု​ထောင်​့တစ်​ခုမှ​နေ၍ ဦးသန်​့ကိုမြင်​​တွေ့ရမည့် စာအုပ်​ဟု​ပြောချင်​သည်​။''ဟု''ဘာသာပြန်​သူ၏အမှာ''၌ ဆရာစိန်​ဝင်​းစိန်​က​ရေးသားထားသည်​။

မြန်​မာ့အ​ရေး၊ကမ ်ဘာ့အ​ရေးကိုအထူးတလည်​စိတ်​ဝင်​စားကြသူတို့နှစ်​ခြိုက်​ကြမည်​့စာအုပ်​​ကောင်​းတစ်​အုပ်​ဟု ယူဆမိပါသည်​။

#မမသ
#Savethelibrary
#ဘာသာပြန်​ဖတ်​ညွှန်​း


Publisher Name: ပဉ္စဂံစာအုပ်တိုက်

Publisher Address: ၁၆၇(A)၊၃၅လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း-01377061

Publisher Phone Number: 01377061


Related Books

Book Review Image

ပေါက်ပေါက်မြောက်မြောက်

မောင်ကိုကို အမရပူရ
Book Review Image

ဘဝမာတိကာ၊နိုင်ငံရေးမာတိကာနှင့် မဟာဗျူဟာမာတိကာများ

ကျော်ဝင်း
Book Review Image

ဗောဓိသတ္တုပ္ပတ္တိကထာ

အာကာမိုးသူ
Book Review Image

ဗိုလ်ချုပ်အောင်ဆန်းနှင့်_အနုပညာရှင်များ

တင်နိုင်တိုး
Book Review Image

စာပေလူကြမ်းမင်းသား_အောင်သင်းနှင့်_တွေ့ဆုံပေးခြင်း

ဝင်းငြိမ်း
Book Review Image

အနှစ်​ချုပ်​ရုပ်​ပုံလွှာ ( အထင်​ကရပုဂ္ဂိုလ်​တို့၏ ဘဝဖြတ်​ပိုင်​းများ )

စိန်၀င်းစိန်
Book Review Image

ဗိုလ်ချုပ်အောင်ဆန်း

တက္ကသိုလ်နေဝင်း
Book Review Image

ပညာရှင်​များ၏ ၂၁ ရာစု အတွေးသစ်​ အမြင်​သစ်​

​ကျော်​ရင်​မြင့်
Book Review Image

ကမ္ဘာကျော်တို့၏ရုပ်ပုံလွှာများ

တင်မောင်မြင့်