Book Image

ဘဝမာတိကာ၊နိုင်ငံရေးမာတိကာနှင့် မဟာဗျူဟာမာတိကာများ

ကျော်ဝင်း

ကျော်ဝင်း

ဘဝမာတိကာ၊နိုင်ငံရေးမာတိကာနှင့် မဟာဗျူဟာမာတိကာများ(ဆရာကြီးမောင်စူးစမ်းကွယ်လွန်ခြင်းအထိမ်းအမှတ်စာစုများ)
UNITY စာပေ ၊
ပထမအကြိမ် ၊ ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ။
၁၂.၈ စင်တီမီတာ x ၂၀.၉ စင်တီမီတာ ။
စာမျက်နှာ - ၇၅ ၊ တန်ဖိုး - ၁၀၀၀ ကျပ် ။

ဆရာမောင်စူးစမ်းနှင့်ပတ်သက်၍ ဆရာကျော်ဝင်းရေး သားခဲ့သောဆောင်းပါး ၈ ပုဒ်ကို ခေါင်းစဉ်ခွဲ ၄ ခုဖြင့် စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။ဆရာကြီးမောင်စူး စမ်း၏လုပ်ဖော်ကိုင်ဘက် ရဲဘော်ဘခက်ပြုစုထားသော ရဲဘော်ချမ်းအေး(ခ)မောင်စူးစမ်း(၁၉၂၇ - ၂၀၁၇)၏ ကိုယ်ရေးရာဇဝင်ကိုလည်းထည့်သွင်းဖော်ပြထားသည်။


၁။ဘဝမာတိကာ၊နိုင်ငံရေးမာတိကာနှင့်မဟာဗျူဟာမာ တိကာမှာ (၁၈၊၇၊၂၀၁၇)တွင် ဆရာမောင်စူးစမ်းကွယ်လွန်ပြီးသည့်နောက် (၃၁၊၇၊၂၀၁၇)၌ ဆရာကျော်ဝင်းရေးသားခဲ့သည့်ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။


''နိဒါန်း၊ပထမလက်ဝဲလှိုင်း(ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ချမ်းအေးစစ်တမ်း)၊ဒုတိယလှိုင်း(မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီနှင့်ဦးချမ်းအေး)၊ဒီမိုကရေစီလှိုင်း(အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်နှင့်ဦးချမ်းအေး)၊နိဂုံး''ဟူ၍အပိုင်း ၅ ပိုင်း ပါရှိသည်။

လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းမြန်မာ့နိုင်ငံရေးကို အဓိကပုံသွင်းခဲ့ကြသည့်ဗမာပြည်ကွန်မြူနစ်ပါတီ၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့နှင့်ထဲထဲဝင်ဝင်ပတ်သက်ခဲ့ဖူးသည့်တိုင် ''မဟာဗျူဟာကွဲလွဲချက်များ''ရှိခဲ့သည့်ဆရာမောင်စူးစမ်း ၏အမြင်တို့ကိုဆရာကျော်ဝင်းက အချက်အလက်အကိုး အကားများဖြင့်သုံးသပ်တင်ပြထားသည်။

''၁၈၊ဇူလိုင်၊၂၀၁၇။အာဇာနည်နေ့မတိုင်ခင်တစ်ရက်။စစ်ပြီးခေတ်မြန်မာ့နိုင်ငံရေးတွင်အငြင်းပွားစရာအကောင်း ဆုံးဖြစ်ဖွယ်ရှိသည့်ပုဂ္ဂိုလ်ကြီးတစ်ဦးကားနှုတ်ဆက်ထွက်ခွာသွားခဲ့ချေပြီ။စီးပွားရေးပညာရှင်၊နိုင်ငံရေးသမား၊ စာရေးဆရာနှင့် ဂျာနယ်လစ်ဆရာကြီးမောင်စူးစမ်းဖြစ်ပါသည်။စွဲလမ်းသူအချို့ကသူ့ကိုတသသဖြစ်နေကြ သည့်တိုင် မကျေနပ်သူများကားသူ့ကိုကျိန်ဆဲနေကြပါ လိမ့်မည်။သူကတော့ဘာကိုမှ ကြားနိုင်မည်မဟုတ်တော့။အားလုံးကိုဥပေက္ခာပြုသွားခဲ့ချေပြီ''
(စာမျက်နှာ - ၃ မှ)

''အမှန်စင်စစ်ဆရာ၏ဘဝမာတိကာမှာကွန်မြူနစ်ပါတီနှင့် မပြီး။''တပ်မတော်၊ကွန်မြူနစ်၊မြန်မာ့ဆိုရှယ်လစ်၊နောက်ဆုံး NLD''မြန်မာ့နိုင်ငံရေးသမိုင်းကိုကန့်လန့်ဖြတ် ဖြတ်ခဲ့သူဖြစ်သည်။သူဖြတ်သန်းခဲ့သောအဖွဲ့အစည်းတိုင်းနှင့် လည်းမဟာဗျူဟာကွဲလွဲချက်တွေရှိခဲ့သည်။ဤကွဲလွဲ ချက်များကိုလေ့လာ ခြင်းဖြင့်အဖိုးတန်သမိုင်းသင်ခန်းစာတွေရလိမ့်မည်ထင်သည်။''( စာမျက်နှာ - ၃၈ နှင့် ၃၉ မှ )

၂။အဝေးမြင်ရုပ်ပုံလွှာ
''အဝေးမြင်စာရေးဆရာနိုင်ငံရေးသမားကြီးများ''ခေါင်းစဉ်ဖြင့် ၂၀၁၀ပြည့်နှစ်၊နိုဝင်ဘာလကရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။

''သိန်းဖေမြင့်၊သခင်တင်မြ၊မောင်စူးစမ်း။ဆရာသုံးယောက်လုံးမှာလက်ဝဲနိုင်ငံရေးကိုကာလတာရှည်ဖြတ်သန်းခဲ့ကြသူများဖြစ်သည့်တိုင်မြန်မာ့လက်ဝဲအသိုက်အဝန်းတွင်တွေ့ရခဲသောလစ်ဘရယ်စိတ်အခံ(liberal minded)ရှိသူများဖြစ်မည်ထင်သည်။ဤနေရာတွင်''လစ်ဘရယ်''ဆိုသည်ကိုလက်ဝဲနားလည်ချက်အတိုင်း negative sense နှင့်ပြောလိုသည်မဟုတ်။အတွေးအခေါ်သစ်များကိုလက်ခံသော၊လွတ်လပ်သော၊အစွန်းမရောက်သောစသည့်အဘိဓာန်ဖွင့်ဆိုချက်အတိုင်းဆိုလို ရင်းဖြစ်သည်။ခက်နေသည်မှာမြန်မာ့နိုင်ငံရေးအဖွဲ့အ စည်းများ(အထူးသဖြင့်လက်ဝဲပါတီများ)တွင်ဤလိုစိတ်အခံရှိသူများအတွက်နေရာမရှိ။ဤသည်ပင်သူတို့ဘဝ၏ ကံကြမ္မာဖြစ်လိမ့်မည်။မြန်မာ့နိုင်ငံရေး၏ကံကြမ္မာပင်ဖြစ်လေမည်လားစဉ်းစားမိသည်။''( စာမျက်နှာ - ၄၇ မှ )

၃။ ဆရာနှင့်ဆရာ့စာများ
အနှစ်နှစ်ဆယ်( ၂၀၀၉၊နိုဝင်ဘာ)၊နိုင်ငံရေးသမား၊စာရေး ဆရာနှင့်ပညာရှင်စိတ်အခံ(၂၀၊အောက်တိုဘာ၊၂၀၀၈)၊ စစ်အေးခေတ်မီးဖိုချောင်နိုင်ငံရေးတွင်အဖိုးတန်ကလောင်တစ်ချောင်း ရပ်နားသွားခြင်း(ဧပြီ၊၂၀၁၁)၊အမေ့လျော့ခံနိုင်ငံရေးသမား၊ဘောဂဗေဒပညာရှင်နှင့်ဂျာနယ်လစ်(၇၊ဧပြီ၊၂၀၁၇)ဟူ၍ဆောင်းပါး ၄ ပုဒ် ပါရှိသည်။

၄။စာအုပ်အညွှန်း
ဦးနှောက်ကိုဖိခြင်း၊ဦးနှောက်ကိုဆွခြင်းနှင့်ဦးနှောက်မုန်တိုင်းဆင်ခြင်း(နိုဝင်ဘာ၊၂၀၀၂) နှင့် ကြက်ဥပေါ်လမ်းလျှောက်ရင်း ဖူကူယားမားကိုလိုက်ကြည့်ခြင်း(ဖေဖော်ဝါရီ၊၂၀၀၃)ဟူသော ဆောင်းပါး ၂ပုဒ်ပါရှိသည်။

လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုစိတ်ဝင်စားသူ တို့အနေဖြင့်အခြားတစ်ဖက်မှဆင်ခြင်ရန်အကြောင်းတို့ အားပွားများကာသုံးသပ်ကြည့်နိုင်မည့်စာအုပ်တစ်အုပ်ဟုယူဆမိပါသည်။

မမသ
၂၆ ၊ အောက်တိုဘာ ၊ ၂၀၁၇


Publisher Name: Unity

Publisher Address: အမှတ် ၃၆၊ အပေါ်ဆုံးထပ်၊ဟင်္သာတလမ်း၊စမ်းချောင်း၊ရန်ကုန်မြို့။ ဖုန်း - 095130977

Publisher Phone Number: 095130977


Related Books

Book Review Image

ပေါက်ပေါက်မြောက်မြောက်

မောင်ကိုကို အမရပူရ
Book Review Image

ဗောဓိသတ္တုပ္ပတ္တိကထာ

အာကာမိုးသူ
Book Review Image

ဗိုလ်ချုပ်အောင်ဆန်းနှင့်_အနုပညာရှင်များ

တင်နိုင်တိုး
Book Review Image

စာပေလူကြမ်းမင်းသား_အောင်သင်းနှင့်_တွေ့ဆုံပေးခြင်း

ဝင်းငြိမ်း
Book Review Image

နယူး​ယောက်​ကဦးသန်​့

စိန်၀င်းစိန်
Book Review Image

အနှစ်​ချုပ်​ရုပ်​ပုံလွှာ ( အထင်​ကရပုဂ္ဂိုလ်​တို့၏ ဘဝဖြတ်​ပိုင်​းများ )

စိန်၀င်းစိန်
Book Review Image

ဗိုလ်ချုပ်အောင်ဆန်း

တက္ကသိုလ်နေဝင်း
Book Review Image

ပညာရှင်​များ၏ ၂၁ ရာစု အတွေးသစ်​ အမြင်​သစ်​

​ကျော်​ရင်​မြင့်
Book Review Image

ကမ္ဘာကျော်တို့၏ရုပ်ပုံလွှာများ

တင်မောင်မြင့်