Book Image

ကမ္ဘာကျော်တို့၏ရုပ်ပုံလွှာများ

တင်မောင်မြင့်


ကမ်ဘာကျော်တို့၏ ရုပ်ပုံလွှာများ
တင်မောင်မြင့်
၂၀၁၆ ဇူလိုင်
ပထမအကြိမ်.
အုပ်ရေ ၅၀၀
တန်ဖိုး ၄၀၀၀
လင်းလွန်းခင်စာပေတိုက်


ကိုယ်က စာအမျိုးအစားအစုံ ဖတ်ဖြစ်ပေမယ့်.... အတၳုပ္ပတ္တိ စာပေကို ပို ကြိုက်မိသူ....သမိုင်းကို စိတ်၀င်စားသူလညး် ဖြစ်တော့ ...လူတစ်ဦးချင်းစီရဲ့ သမိုင်းစာမျက်နှာတွေလို့ သတ်မှတ်လို့ရတဲ့ အတၳုပ္ပတိ္တ စာပေတွေကို ပိုပြီး သဘောကျခဲ့မိတာ....


ဒီစာအုပ်ကို စပြီး မြင်ဖူးခဲ့တာက .... ကိုဟေမာန် စာညွှန်းရေးစဉ်က...ပေါ့...
သူ့ဖတ်ညွှန်း ဖတ်ပြီးကတည်းက ဖတ်ချင်စိတ်တွေ ပြင်းပြလွန်းလာတာ....
နောက်တော့ ကိုယ့်လက်ထဲ အဲ့စာအုပ်ရောက်လာပါလေရော....

ဒီစာအုပ်ထဲမှာ ဆောင်းပါးပေါင်း (၃၆) ပုဒ်ပါတယ်.....။ ဆရာတင်မောင်မြင့်ရဲ့ ဆောင်းပါးတွေကို စုစည်းပေးထားတာ...

လူး၀စ် ပတ်စ်ချျာ အကြောင်းရေးထားတာ ဖတ်ပြီး....ဒီနေ့ခေတ် အရက်ချျက်စက်ရုံတွေ အတွက်....အရက်ဖော်စပ်နညး် အီကွေးရှင်းတွေ ထုတ်ခဲ့တာ သူပဲ ...ဆိုတာုသိခွင့်ရခဲ့တယ်... နွားနို့ကို အပူပေးခြင်းအားဖြင့် နွားနို့မှာပါတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ကြောင်း သိခဲ့တာလညး် သူပဲ...လူတွေရဲ့ အသက်အတွက် ကြီးမားစွာ အနှောင့်အယှက်ဖြစ်ခဲ့တဲ့ ကုရာနတၳိဖြစ်ခဲ့တဲ့ ခွေးရုးပျံရောဂါကို အနိုင်တိုက်စေတဲ့ ဆေးပညာကို ဖော်ထုတ်ခဲ့တဲ့ လူး၀စ် ပတ်စ်ချာကို (၁၈၂၂)ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့က ပြင်သစ်နိုင်ငံ အိုလေ မြို့မှာ မွေးဖွားခဲ့တာတဲ့....။

နိုင်ငံရေးသုခမိန် လို့ တင်စားခဲ့ရတဲ့ ဗြိတိသှျှ ၀န်ကြီးချုပ် ၀င်စတန်ချာချျီ အကြောင်းလည်း သိခွင့်ရတာက ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါပဲ...။ 
အခုချိန်မှာ... နိုင်ငံရေး ကျွမ်းကျင်သူတွေက သူ့စကားတွေကို Quote လုပ်ရလောက်အောင်.... ရှေ့ဖြစ်ဟော ဆရာတစ်ဆူလို ဖြစ်ခဲ့တဲ့ 
ချာချီ ဟာ.... ကျောင်းသားဘဝတုန်းက ကိုယ်နဲ့ တူတယ်....ကျောင်းမှာ စာတော်တဲ့ ကျောင်းသားမဖြစ်ခဲ့ဘူး...တဲ့...
သူ့ကို အခုချိန်ထိ.. မဟာနိုင်ငံရေးသုခမိန်အဖြစ် ကမ္ဘာ့နိုင်ငံရေး အဖွဲ့အစည်းအသီးသီးက လက်ခံနေကြဆဲပဲ....။

အမှောင်တွင်းမှ အလင်းတန်း လို့ တင်စားရလောက်အောင် တော်တဲ့ ဟယ်လန်ကဲလား ဆိုတဲ့ မျက်မမြင် ဆွံ့အ နားမကြား အမျိုးသမီးအကြောင်းကလည်း စိတ်ဝင်စား စိတ်တက်ကြွဖွယ်ကောင်းတယ်...။ သူ့ကို သင်ကြားပေးတဲ့ သူ့ဆရာမ ဆူလီဗန်နဲ့ သူ့ရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် မျက်စိမမြင် နားမကြားခြင်းဟာ... သူ့ရဲ့ ပညာသင်ကြားခြင်းအတွက် အတားအဆီးမဟုတ်တော့တာ ကို မြင်ရတယ်.....။
 မျက်မမြင် ဆံွ့အ
နားမကြားသူတစ်ယောက်ဟာ ဒုက္ခိတ မဟုတ်တော့ဘဲ 
လူတန်းစေ့နေထိုင်ပြီး ကမ္ဘာ့လူထုအတွက် အကျိုးပြုစေခဲ့တာကို မြင်ခွင့်ရခဲ့တယ်....။

အိုင်စတိုင်း၏ မြှပ်ကွက်များ ဆိုတဲ့ ဆောင်းပါးမှာ...
ရီလေတစ်ဗတီ သီအိုရီအတွက် အပတ်တကုတ်ကြိုးစားနေလို့ အနေဝေးခဲ့ရတဲ့ အိုင်စတိုင်းရဲ့ မိသားစုနဲ့ အိုင်စတိုင်းရဲ့ဆက်ဆံရေးကိုမြင်ခွင့်ရတယ်...။ သူ့သားကလေးနဲ့ အပြန်အလှန်ပေးစာတွေကိုဖတ်ရင်း...ရီလေတစ်ဗတီ သီအိုရီအတွက် အိုင်စတိုင်းရဲ့ မြှပ်နှံထားမှုကို သိရခဲ့တာလေ...။

ဒီစာအုပ်အကြောင်း ဆောင်းပါးတစ်ပုဒ်ချင်းစီပြန်ပြောပြရမယ်ဆိုရင် အဆုံးသတ်နိုင်မှာ မဟုတ်တော့ဘူး...။ အကုန်လုံးက ပြောပြချင်စရာတွေချြည်းပဲ.....။

 အင်ဆူလင် ရှာဖွေတွေ့ရှိခြင်း၊ အမေရိကန်ပြည်တွင်းစစ်ကို အစပြုစေအောင်စွမ်းဆောင်ခဲ့တဲ့ ဦးလေးတွမ် အကြောင်း၊ တရုတ်စာရေးဆရာ ကြီး လူရွှန်း နဲ့ သခင်ကိုယ်တော်မှိုင်းအကြောင်း အစရှိတဲ့ ဆောင်းပါးတွေကို ဆက်ပြီး အသေးစိတ် ဖတ်ချင်တယ်ဆိုရင်တော့....ဒီစာအုပ်လက်၀ယ်ရှိထားပြီး အေးအေးဆေးဆေးဖတ်နိုင်မှ တော်ကာကျမှာလေ...။ 
Susu Kyaw


Publisher Name: လင်းလွန်းခင်စာအုပ်တိုက်

Publisher Phone Number: 01 293401, 09 220 1730


Related Books

Book Review Image

ပေါက်ပေါက်မြောက်မြောက်

မောင်ကိုကို အမရပူရ
Book Review Image

ဘဝမာတိကာ၊နိုင်ငံရေးမာတိကာနှင့် မဟာဗျူဟာမာတိကာများ

ကျော်ဝင်း
Book Review Image

ဗောဓိသတ္တုပ္ပတ္တိကထာ

အာကာမိုးသူ
Book Review Image

ဗိုလ်ချုပ်အောင်ဆန်းနှင့်_အနုပညာရှင်များ

တင်နိုင်တိုး
Book Review Image

စာပေလူကြမ်းမင်းသား_အောင်သင်းနှင့်_တွေ့ဆုံပေးခြင်း

ဝင်းငြိမ်း
Book Review Image

နယူး​ယောက်​ကဦးသန်​့

စိန်၀င်းစိန်
Book Review Image

အနှစ်​ချုပ်​ရုပ်​ပုံလွှာ ( အထင်​ကရပုဂ္ဂိုလ်​တို့၏ ဘဝဖြတ်​ပိုင်​းများ )

စိန်၀င်းစိန်
Book Review Image

ဗိုလ်ချုပ်အောင်ဆန်း

တက္ကသိုလ်နေဝင်း
Book Review Image

ပညာရှင်​များ၏ ၂၁ ရာစု အတွေးသစ်​ အမြင်​သစ်​

​ကျော်​ရင်​မြင့်