Book Image

ပေါက်ပေါက်မြောက်မြောက်

မောင်ကိုကို အမရပူရ

စာအုပ်အမည်-ပေါက်ပေါက်မြောက်မြောက်

စာရေးသူ-မောင်ကိုကို အမရပူရ
စာ-၂၉၂
ဇွန် - ၂၀၁၇
တန်ဖိုး- ၅၀၀၀ ကျပ်
ယခုစာအုပ်မှာ စာရေးဆရာ မကြီး(ဒေါ်)ခင်ဆွေဦး၊ ကဗျာဆ ရာမောင်စွမ်းရည်၊ မြန်မာမှုဒီဇိုင်း သုတေသီဦးအေးမြင့်၊ ခေတ်ပေါ် ကဗျာဆရာ အောင်ချိမ့်၊ မောင့်လ ပြည့်ဝန်းသီချင်းဖန်တီးရှင် ကိုနေ ဝင်း၊ ဂီတမှူးဒေါက်တာအင်ဒရူး ကောင်း၊ စန္ဒရားတင်ဝင်းလှိုင်၊ ပန်းခရမ်းပြာကိုရဲလွင်၊ ဒါရိုက် တာကြည်စိုးထွန်း၊ လိုဂိုစာလုံး တင်ထွဏ်း၊ ဘေ့စ်ဂစ်တာပညာ ရှင် ဇာလျှန်း၊ ဒါရိုက်တာညီညီ ထွန်းလွင်၊ အမေရိကန်နိုင်ငံ ရောက် မေ့ဆေးအထူးကုဆရာဝန် ကြီး ဒေါက်တာကျော်မင်းထွန်း၊ ပန်းချီမျိုးသန့်အောင်၊ ဝတ္ထုတို ဆရာကြူးနှစ်၊ ဇာတ်သဘင်ပညာ ရှင်မန္တလေးသိန်းဇော်၊ ကဗျာဆ ရာကိုရွေး၊ စတီရီယိုအဆိုတော် တူးတူး၊ ဒါရိုက်တာ ဝိုင်း၊ ကာ တွန်း ကိုရွှေထူး(ပြည်)၊ ကာတွန်း မောင်မောင်ဖောင်တိန်၊ အဆို တော်ဝေလ၊အကယ်ဒမီခြောက် ထပ်ကွမ်း ပန်းသာဦးသန်းညွန့်နဲ့ ဓာတ်ပုံသတင်းထောက်အောင် ထွန်းဝင်းတို့ရဲ့ ရုပ်ပုံလွှာပုံရိပ် ကြမ်း(Sketch)တွေ ဖတ်ရပါ မယ်။


အတ္ထုပ္ပတ္တိစာပေ၊ အတ္ထု ပ္ပတ္တိရုပ်ပုံလွှာရေးဖွဲ့ရာမှာ ကွယ် လွန်သူ စာရေးဆရာ၊ ကဗျာဆရာ ကြီး ဒဂုန်တာရာဟာ အလွန်ထင် ရှားပါတယ်။ သူ့ရဲ့ အောင်ဆန်း (သို့မဟုတ်)အရိုင်း၊ ဘဟိန်း (သို့ မဟုတ်)ကဗျာ၊ ညိုမြ(သို့မဟုတ်) မတုန်မလှုပ်၊ ဗန်းမော်တင်အောင် (သို့မဟုတ်) နရသိမ်ထောင်မှ အ ကျဉ်းသားတို့ဟာ အလွန်ထင်ရှား တဲ့ ရုပ်ပုံလွှာ အဖွဲ့အနွဲ့တွေပါ။ တကယ်တော့ ဆရာဒဂုန်တာရာ ဟာ ဒီလိုမျိုးရေးဖွဲ့ရာမှာ နိုင်ငံ ရပ်ခြားက အတ္ထုပ္ပတ္တိစာရေးဆရာ ဘီဗာလီနစ်ကိုးရဲ့ ရေးဟန်ကို အားကျအတုယူပြီး ခံစားမှုအာရုံ ပေါင်းကူးကာ ဖွဲ့နွဲ့ခဲ့တာပါ။ အဲဒီ အချိန်က မြန်မာပြည်မှာ အများ ရေးသလို သမားရိုးကျပုံစံကနေ ခွဲထွက်နိုင်ခဲ့လို့ ဆရာဒဂုန်တာရာ ရဲ့ ရေးဟန်ကို စွဲမက်ခဲ့သူ မနည်း ပါဘူး။

ယခုမောင်ကိုကို(အမရပူရ) ရဲ့ ရေးဟန်ကလည်း ဒီအတိုင်းပါ ပဲ။ ယနေ့အချိန် မြန်မာပြည်ရဲ့ရေး နေကျ ပုံစံတစ်ခုကနေ ခွဲထွက်နိုင်ဖို့မောင်ကိုကိုဟာ အားစိုက် ပြောင်းလဲခဲ့ပုံရပါတယ်။ ဒါ ကြောင့် ယခုနှစ်တွေအတွင်း ပေါ် ထွက်လာတဲ့ မောင်ကိုကို (အမရ ပူရ)ရဲ့ စကားပြေမှာ ဟန်(Style) တစ်မျိုးပေါ်ထွန်းလာတာ တွေ့ရ ပါတယ်။ ဒါကတော့ ဝါကျအတို အပြတ်ကလေးတွေနဲ့ ခံစားမှုအာ ရုံပြင်းပြင်းပေါင်းစပ်ကာ ပြောလို တဲ့ အရာတစ်ခုကို တုတ်ထိုးအိုး ပေါက် တိုးလျှိုပေါက် တင်ပြပုံပါ ပဲ။ သူဟာ အဲဒီစာရေး ဟန်တစ်ခု ကိုစွဲစွဲမြဲမြဲဆုပ်ကိုင်ကာ လူပုဂ္ဂိုလ် တွေရဲ့ ရုပ်ပုံလွှာတွေရေးဖွဲ့လာပါ တယ်။ ယခုအခါ ဒီလိုရေးဖွဲ့ခဲ့တဲ့ လူပုဂ္ဂိုလ်တွေအကြောင်း စုစည်း ပြီး ပေါက်ပေါက်မြောက်မြောက် အမည်ပေးကာစာအုပ်အဖြစ်ပေါ် ထွက်လာတာပါ။ ယခုလိုအမည် ပေးရခြင်းကလည်း စာအုပ်မှာပါ တဲ့ လူပုဂ္ဂိုလ်တွေဟာ ရှင်သန်ရာ ဘဝပုံစံချင်းမတူပေမယ့် သက် ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ပေါက်ရောက်အောင်မြင်သူတွေ ချည်းဖြစ်တာကြောင့်လို့ သိရပါ တယ်။
ဘဝရှင်သန်နေထိုင်ပုံချင်း မတူပေမယ့် သက်ဆိုင်ရာနယ် ပယ်အသီးသီးမှာ နာမည်တစ်လုံး နဲ့ ထင်ရှားသူတွေဖြစ်တာကြောင့်သူတို့ရဲ့ ဘဝဒဿနကို ပြည့်ပြည့် စုံစုံမဟုတ်ရင်တောင် အတိုင်းအ တာတစ်ခုအထိ သိရမှာပါ။မောင် ကိုကို(အမရပူရ)ရဲ့ ပြေပြစ်သွက် လက်တဲ့ ရေးဟန်ကြောင့် ဖတ်မိရင် စွဲမက်သွားမှာမလွဲပါဘူး။ 
ဖတ်ညွှန်း - 7day


Publisher Name: the key collection press

Publisher Address: ၅(ခ) ၅လွှာ ဒဂုံတာဝါ ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်။ ဖုန်း ၀၁-၅၅၈၁၆၁၊၀၉-၂၅၂၆၅၇၆၅၂

Publisher Phone Number: 01558161,09252657652


Related Books

Book Review Image

ဘဝမာတိကာ၊နိုင်ငံရေးမာတိကာနှင့် မဟာဗျူဟာမာတိကာများ

ကျော်ဝင်း
Book Review Image

ဗောဓိသတ္တုပ္ပတ္တိကထာ

အာကာမိုးသူ
Book Review Image

ဗိုလ်ချုပ်အောင်ဆန်းနှင့်_အနုပညာရှင်များ

တင်နိုင်တိုး
Book Review Image

စာပေလူကြမ်းမင်းသား_အောင်သင်းနှင့်_တွေ့ဆုံပေးခြင်း

ဝင်းငြိမ်း
Book Review Image

နယူး​ယောက်​ကဦးသန်​့

စိန်၀င်းစိန်
Book Review Image

အနှစ်​ချုပ်​ရုပ်​ပုံလွှာ ( အထင်​ကရပုဂ္ဂိုလ်​တို့၏ ဘဝဖြတ်​ပိုင်​းများ )

စိန်၀င်းစိန်
Book Review Image

ဗိုလ်ချုပ်အောင်ဆန်း

တက္ကသိုလ်နေဝင်း
Book Review Image

ပညာရှင်​များ၏ ၂၁ ရာစု အတွေးသစ်​ အမြင်​သစ်​

​ကျော်​ရင်​မြင့်
Book Review Image

ကမ္ဘာကျော်တို့၏ရုပ်ပုံလွှာများ

တင်မောင်မြင့်