ကျော်ရင်မြင့်
ပညာရှင်များ၏ ၂၁ ရာစု အတွေးသစ် အမြင်သစ်
လင်းလွန်းခင်စာပေ ၊
ဒုတိယအကြိမ် ၊ ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ။
( စာပေလောက၊ ပထမအကြိမ် ၊ ၂၀၀၅ ခုနှစ် ၊ နိုဝင်ဘာ လ )
မျက်နှာဖုံးဒီဇိုင်း - အံ့ဘွယ်ဇင် ။
အတွင်းဓာတ်ပုံ - အောင်ထွန်းဝင်း၊ဇေယျာမျိုး(ဘိုအဖွဲ့)၊
စိုးဝင်းငြိမ်း။
၁၃.၇ စင်တီမီတာ x ၂၁ စင်တီမီတာ ။
စာမျက်နှာ - ၂၄၁ ၊ တန်ဖိုး - ကျပ် ၃၀၀၀ ။
'' ၂၀ ရာစုက လူကြီးများနဲ့ ၂၁ ရာစုကို ပိုင်ဆိုင်ရမည့် လူငယ်များသို့ '' ဟု ဆရာကျော်ရင်မြင့် က ရည်ညွှန်း ထားသည်။
ဆရာကျော်ရင်မြင့်၏ ( ၁၈၊စက်တင်ဘာ၊၂၀၀၀ )ရက်စွဲ ဖြင့်ရေးသားထားသော''မိတ်ဆက်'' ၊( ၁၂၊ဖေဖော်ဝါရီ၊ ၂၀၁၈ ) ရက်စွဲဖြင့်ရေးသားထားသော ''၂၁ရာစုအဝင် ဒုတိယအကြိမ်မိတ်ဆက်'' ၊ စာရေးသူ၏စာပေနှင့်ဘဝ ဖြစ်စဉ်မှတ်တမ်းတို့ပါရှိသည်။
ကျစွာဆရာတော် ဘဒ္ဒန ္တလက္ခဏ၊ ဆရာကြီးဦးေဋ္ဌးအောင်၊ စာရေးဆရာ နေဝင်းမြင့်၊ ဘူမိဗေဒပညာရှင် ဦးဘမော်၊သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ တရား ရုံးချုပ်ရှေ့နေ ဦးထွန်းအောင်ကျော်၊ ဆရာဝန်တင်မောင်ကြည်၊ စာရေးဆရာပါရဂူ၊ တော်ဘုရားကလေး၊ စာရေး ဆရာ မောင်စူးစမ်း၊ အမှုဆောင်ဒါရိုက်တာ ဦးအောင်မြင့် ထွန်း၊ စာရေးဆရာဖေမြင့်၊ စီးပွားရေး ပညာရှင် ဒေါ်ရီရီ မြင့်၊ ဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်၊ စာအုပ်ဆိုင်ပိုင်ရှင် ကိုသန်းေဋ္ဌး ( ဥတ္တရလွင်ပြင် )၊ စာရေးဆရာ အောင်သင်း၊ KMD ဦးသောင်းတင်၊ ကာတွန်းအော်ပီကျယ်၊ ဒေါ်အေးအေးသန့်၊ ကွန်ပျူတာပညာရှင် ကိုကြည်သာ မြင့်၊ ကွန်ပျူတာပညာရှင် ကိုသိန်းထွန်းဦး၊ ဓာတ်ပုံပညာ ရှင် ဦးချစ်ဝိန်၊ ပန်းချီဆရာ ခင်မောင်ရင်၊ ဂီတစာဆို စိုင်း ခမ်းလိတ်၊ စောင်း အင်းလေးမြင့်မောင်၊ အဆိုတော်လေးဖြူ၊ ဂီတဝေဖန်ရေးဆရာ ဦးမြိုင်(အင်းစိန်)၊ ဂီတ သင်တန်းဆရာ ကိုစိုင်း၊ ပန်းချီ ဦးအောင်မြင့်(အင်း လျား)၊ ပန်းချီဆရာမ ချောအိသိမ်း၊ ဒါ ရိုက်တာမီးပွား၊ စန္ဒရားလှထွတ်၊ ပန်းချီနေမျိုးဆေး၊ ရတနာကုန်သည် ပတ္တမြားမိုမို စသည့် ပုဂ္ဂိုလ် ၃၄ ဦး၏ ၂၁ ရာစု အဝင် အတွေးသစ် အမြင်သစ် တို့အား တွေ့ဆုံမေးမြန်းထား သည်။
'' တစ်ကမ ်ဘာလုံး အုန်းအုန်းကျွက်ကျွက် ရင်ခုန်လှုပ်ရှားနေတဲ့ ကာလတစ်ခုမှာ စာပေလောက ဦးမျိုးညွန့်က ၂၁ရာစုအဝင်ကို ပညာရှင်တွေဘယ်လိုခံစားသလဲဆို တာ သိချင်သူတွေအတွက် စာအုပ်တစ်အုပ်ထုတ်ဝေဖို့ စီစဉ်ပြီး ကျွန်တော့်ကို တာဝန်ပေးတယ်။ '' ဟု '' ၂၁ရာစု အဝင် ဒုတိယအကြိမ်မိတ်ဆက်'' ၌ ဆရာကျော်ရင်မြင့် က ဖော်ပြထားသည်။
''၂၁ ရာစုအဝင်တွင် အရည်အချင်းနှစ်ရပ်လိုသည်ဟု ကျွန်တော်မြင်ပါသည်။ ပြောလည်းပြောခဲ့ပါပြီ။
တစ်ချက်က ကြိုတင်တွက်ဆတတ်သောအမြော်အမြင်ကြီးမားမှု ( foresight ) ရှိရပါမည်။ တစ်ချက်ကတော့ အခြေအနေကိုလက်တွေ့ကျကျ တွေးခေါ်တတ်မှု
( pragmatism ) ဖြစ်သည်။ ကျွန်တော်တို့မှာ ရာစုသစ်ထဲကို ဘာတွေသယ်ဆောင်သွားမလဲဆိုတာထက် ဘယ်လိုသယ်ဆောင်သွားမလဲဆိုတာ အရင်စဉ်းစားဖို့ကောင်းပါသည်။ ''
( နေဝင်းမြင့် ၊စာရေးဆရာ၊စာမျက်နှာ - ၄၂ မှ )
ခိုင်းတဲ့လူတွေက ခိုင်းပေမယ့် ငါတို့ကသေခါနီးပြီပဲ။ အဆို၊ အတီးနဲ့အရပ်လည်တောင်းတဲ့ သူတောင်းစား နှစ်ယောက် မြစ်တစ်ဖက်ကို ကူးရမယ့်နေရာရောက်တော့ တစ်ယောက်က ရေစမ်းပြီးကူးကြည့်မယ်ဆိုပြီး ရေထဲဆင်းတယ်။ ရေကထင်တာထက်ပိုနက်လို့ ရေနစ်ပြီးသေတော့မယ့်အခြေအနေကိုကမ်းပေါ်ကသူတောင်း စားကမြင်တော့ ဟိုကောင်က ငါ့ထက်သီချင်းအဆိုတော်တယ်၊ သူသေရင်ငါခက်မယ်၊ ''ဟေ့ ... ငါ့ကို သီချင်းတစ်ပုဒ် တက်ပေးခဲ့ပါဦး'' လို့ခိုင်းတယ်။ ငါက သီ ချင်းဆိုဖို့နေနေသာသာ ကမ ်ဘာမကျေတောင် ဆုံးအောင်မရဘူး။
( သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ စာမျက်နှာ - ၅၄ မှ )
'' ၂၁ ရာစု စီမံခန့်ခွဲရေးမှာလည်း ဗီရိုလိုပဲ သူ့အကန့်နဲ့ သူဖြစ်သင့်တယ်။ အံဆွဲတစ်ခုတည်းမှာပဲ လက်သုတ်ပဝါလည်းထည့်၊ ဆပ်ပြာလည်းထည့်၊ တ့ိုဖတ်ပဝါလည်း ထည့် မဟုတ်ဘူး။ စီမံခန့်ခွဲသူကလည်း ကိုယ့်အကန့်နဲ့ ကိုယ်၊ သူ့အကန့်နဲ့ သူ တာဝန်ယူတဲ့စနစ် ၂၁ ရာစုမှာ လိုအပ်လာမယ်။ ''
( ဦးထွန်းအောင်ကျော်၊ တရားရုံးချုပ်ရှေ့နေ၊ စာမျက်နှာ - ၆၁ မှ )
နယ်ပယ်အသီးသီးတို့မှ ပညာရှင်ပုဂ္ဂိုလ် ၃၄ ဦးတို့၏ ၂၁ရာစု အဝင်သုံးသပ်ချက်အသီးသီးတို့သည် လတ်ဆတ်နေသေးသည့် အတွေးသစ် အမြင်သစ်များဖြစ်နေဆဲဟု ယူဆမိပါသည်။
မမသ
၆ ၊ စက်တင်ဘာ ၊ ၂၀၁၈
Publisher Name: လင်းလွန်းခင်စာအုပ်တိုက်
Publisher Phone Number: 01 293401, 09 220 1730