စာအုပ်အမည်=တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ
ဒီစာအုပ်အကြောင်းမပြောခင်တစ်ခုပြောချင်တာကကျွန်တော်ဟာရွှေဥဒေါင်းရဲ့စာဖတ်ပရိသတ်မဟုတ်ပါဘူး။ရွှေဥဒေါင်းကိုမကြည်တဲ့စာဖတ်သူလို့တောင်ပြောလို့ရပါတယ်။မကြည်တဲ့အကြောင်းကတော့ရွှေဥဒေါင်းရဲ့"လေ"ကြောင့်ပါ။သူ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကိုဖတ်ရတဲ့အခါရေးထားတာတွေက(တစ်ချို့သောနေရာများတွင်ဆိုလိုသည်)သူ့ကိုယ်သူဆရာကြီးစတိုင်ဖမ်းလွန်းတယ်လို့ထင်မိတယ်။အဲ့အမြင်ကတ်ပုဒ်မနဲ့ဘဲသိပ်မကြည်တော့ဘူးဖြစ်သွားတာပေါ့။ဒါပေမယ့်ဒီလိုရေးဟန်ကကိုဘဲသူ့ကိုရွှေဥဒေါင်းရယ်လို့ဖြစ်လာစေတယ်လို့လည်းထင်ပါတယ်။(ရွှေဥဒေါင်းဟူသည်ကလောင်အမည်ကိုသာရည်ညွှန်းသောကြောင့်ဆရာကြီးဟူ၍ရှေ့ကမထည့်တော့ပါ)မကြည်ရတဲ့နောက်တစ်ချက်ကတော့"အန်နာကရနီနာ"နဲ့ပတ်သက်ပြီးတော့ပါ။ကျွန်တော်ကဘာသာပြန်စာပေနှစ်သက်သူပါ။"တော်စတွိုင်းလ်"ကကျွန်တော်အနှစ်သက်ဆုံးစာရေးဆရာပါ။သူ့စာအုပ်"အန်နာကရနီနာ"ကိုရွှေဥဒေါင်းဘာသာပြန်တာပေါ့ပျက်ပျက်နိုင်လွန်းတယ်ထင်လို့ပါ။အင်္ဂလိပ်ဘာသာပြန်မှာစာမျက်နှာပေါင်းခြောက်ရာကျော်ရှိတဲ့ဝတ္ထုကြီးတစ်ပုဒ်ကိုပုံပြင်စာအုပ်ဆိုဒ်လောက်လေးနဲ့စာမျက်နှာနှစ်ရာနီးပါးလောက်နဲ့မြန်မာလိုပြန်တာမူရင်းစာရေးဆရာကိုမလေးစားဘူးထင်မိပါတယ်။အဲ့အချက်တွေနဲ့ဘဲရွှေဥဒေါင်းကိုသိပ်မကြည်တော့ပါဘူး။ရွှေဥဒေါင်းကိုသဘောမကျပေမယ့်ခုညွှန်းမယ့်သူ့စာအုပ်ကတော့ကျွန်တော်အကြိုက်ဆုံးစာအုပ်တွေထဲမှာထိပ်ဆုံးကပါပါတယ်။
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845