Book Image

အောင်ဗလ ဖိုးစိန် စိန်ကတုံး

လူထုဦးလှ

လူထုဒေါ်အမာ - အောင်ဗလ ဖိုးစိန် စိန်ကတုံး


တန်ဖိုး - ၂၅၀၀၀ ကျပ်    

ကိုယ်ရေးအကျဥ်းနှင့်စာစုစာရင်း

စာအုပ်မှာယူရန်လင့်ကိုနှိပ်ပါ




အောင်ဗလတို့ ဖိုးစိန်တို့ စိန်ကတုံးတို့ဆိုတာ 
မြန်မာဇာတ်သဘင်နယ်မှာတော့ မှတ်မှတ်သားသား ကျန်ရစ်ထိုက်တဲ့ အနုပညာသည်တွေမို့ 
သူတို့အကြောင်း ကျွန်မရတတ်သမျှ 
ရှာဖွေစုဆောင်းပြီး 
‘အောင်ဗလ ဖိုးစိန် စိန်ကတုံး’ ဆိုတဲ့ 
စာအုပ်တအုပ်တင်ပြပါတယ်။ 
အောင်ဗလ ဆိုတဲ့ ယောက်ျားမင်းသမီးအကြောင်းဟာ အခုကာလလူငယ်တွေအဖို့ ဒဏ္ဍာရီများ 
ဆန်နေပလားတောင်မသိဘူး။ တကယ်တော့ အလွန်ပြောင်မြောက်တဲ့ မြန်မာအနုပညာသည်
တယောက်ပါ။ နို့ပေမဲ့ သူ့အကြောင်း စုံစုံစေ့စေ့ ရေးမှတ်ထားတဲ့ စာအုပ်ရယ်လို့ မရှိခဲ့ဖူးဘူး။ 
ဒါ့ကြောင့် သူသေဆုံးသွားတာ အနှစ် ၅၀ ကျော်ကာလမှာ သူနဲ့ဆိုင်ရာ သိကောင်းတာကလေးများ ရတတ်သမျှလိုက်စုမယ်ဆိုပြီး စုယူရပါတယ်။ အောင်ဗလဆိုတာ ယောက်ျားက မင်းသမီးအဖြစ် က,သူပါ။ အင်မတန် အောင်မြင်ပြောင်မြောက်တဲ့ အနုပညာသည်၊ သူမရှိတဲ့နောက် သူ့လိုမင်းသမီး တယောက်မှ မပေါ်တော့တဲ့လူ မဟုတ်လား။ 
အောင်ဗလဆိုတဲ့ အနုပညာသည်တဦးဟာ 
မြန်မာဇာတ်သဘင်သမိုင်းမှာ ထင်ထင်ရှားရှား 
ရှိရမယ့် လူတယောက်ပါ။ 

ဖိုးစိန်ကြီးအကြောင်းအရာများကတော့ ရေးလို့ တော်တော်နဲ့ မကုန်နိုင်အောင်များပါတယ်။ 
ဦးဖိုးစိန်ဟာ မြန်မာဇာတ်သဘင်မှာ တခေတ်ထူပြီး တမင်းမူသွားတဲ့ ပုဂ္ဂိုလ်ပါ။ 
ဘုရာ့းဒကာ ဝဏ္ဏကျော်ထင် ဇာတ်ဆရာကြီး 
ဦးဖိုးစိန် တီ၊ပီ၊အက်စ်လို့ ရေးသားခေါ်ဝေါ်နေကြတဲ့ ဦးဖိုးစိန်ကို ကျွန်မစာအုပ်ထဲမှာ ဖိုးစိန်လို့ပဲ ခေါ်ဝေါ်ရေးသားတာကို သတိပြုမိကြပါလိမ့်မယ်။ 
ဒါဟာ ရင့်ရင့်သီးသီးခေါ်ချင်လို့ မဟုတ်ပါဘူး။ ပွဲကြည့်ပရိသတ်ကို ကိုယ်စားပြုရေးထားတာမို့ ပွဲကြည့်ပရိသတ်က နှစ်နှစ်ခြိုက်ခြိုက်ကြီး 
ခေါ်ခဲ့ကြတဲ့အတိုင်း ရေးတာဖြစ်ပါတယ်။ 
ဦးဖိုးစိန်ရဲ့ ဟိတ်၊ ဂုဏ်၊ အသရေဟာ အင်မတန်ကြီးခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အမေများလို ဦးဖိုးစိန်ရဲ့ ပွဲကြည့်ကတော့ သူတို့အင်မတန်ကြိုက်တဲ့မင်းသားဟာ ဝဏ္ဏကျော်ထင်တို့ 
တီ၊ပီ၊အက်စ်တို့ ဘုရားဒကာကြီးတို့ 
ဇာတ်ဆရာကြီးတို့ မဟုတ်လေဘူး။ ဖိုးစိန်ပါပဲ။ 
ဦးဖိုးစိန်ကြီး ဘယ်အရွယ်ကြီးရောက်နေရောက်နေ သူတို့မျက်စိထဲမှာ အသက် ၂၀ ကျော် ၃၀ ကျော်က ကောင်းချင်တိုင်းကောင်းခဲ့တဲ့ ဖိုးစိန်ကိုပဲ 
မြင်ယောင်နေတယ်။ အဲဒီဖိုးစိန်ဟာ သူတို့အသည်းနှလုံးထဲက ဘယ်တော့မှ ထွက်ခွာမသွားဘူး။ ဒါ့ကြောင့် ဦးဖိုးစိန်ရဲ့ အကောင်းဆုံးအချိန်က ပရိသတ်အသည်းနှလုံးထဲစွဲနေတဲ့ ဖိုးစိန်ကို 
ရည်စူးပြီး ဖိုးစိန်လို့ပဲ မြိန်မြိန်ခေါ်ပြီး ရေးထားတာဖြစ်ပါတယ်။ 
ဦးစိန်ကတုံးဇာတ်ကိုတော့ မှတ်မှတ်ရရ တခါပဲ ကြည့်ရဖူးပါတယ်။ စိန်ကတုံးရဲ့ပညာ၊ စိန်ကတုံးရဲ့ စိတ်နေစိတ်ထား ချီးကျူးစရာကောင်းတာများကို ဟိုတုန်းက မသိခဲ့ပါဘူး။ 
အခုလိုက်ပြီး ရှာဖွေစုဆောင်းတော့မှ 
လေးစားချစ်ခင်ဖို့ကောင်းတဲ့ အနုပညာသည်ပါကလားလို့ သိရပါတယ်။ ဦးစိန်ကတုံးအကြောင်းတွေကို သူနဲ့ ၁၆ နှစ်လောက်တွဲဖူးတဲ့ မင်းသမီး 
ဩဘာစိန်၊ ရွာစားကြီး ဦးဟန်ပ၊ ရွာစားကြီး စိန်ဗေဒါရဲ့ဇနီး ဒေါ်စိန်မေတို့ဆီကလည်း သိရတယ်။ မင်းသား အမယ်ကြီးအိုအောင်စိန်တို့၊ ရွှေဘိုတင်ဖေတို့၊ ရွာစားကြီး ဦးဘမောင်တို့၊ လူရွှင်တော်ဦးအုံးသီးတို့၊ မင်းသားကြီး ဦးနယားပျံတို့ ဆီကလည်း
သိရပါတယ်။ 
ဒီစာအုပ်ထဲမှာ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးတို့ ခင်းခဲ့ကြတဲ့ ဇာတ်ထုပ်တချို့ကို ရှာဖွေပြီး 
ထည့်ထားပါတယ်။ ဒီလိုထည့်ထားတဲ့စေတနာကတော့ စာကို ပြောင်ပြောင်မြောက်မြောက်ရေးခဲ့တဲ့ ဇာတ်စာရေးဆရာများရဲ့ လက်ရာများဟာ တချို့ ဘယ်သူ ဘယ်ဝါလို့ မဖော်နိုင်ပေမဲ့ 
မပျောက်ပျက်စေဘဲ မှတ်ပြီးသားပြီးရှိပါစေဆိုတဲ့ စေတနာ၊ မြန်မာဇာတ်သဘင်က ဘယ်လိုဇာတ်များ ကတတ်တယ်ဆိုတာ နောင်သိနိုင်ပါစေဆိုတဲ့ စေတနာနဲ့ ဖော်ပြတာဖြစ်ပါတယ်။ 

----- လူထုဒေါ်အမာ -----

စိန်ကတုံးအကြောင်းကို အမေ့သူငယ်ချင်းရေးဖော် ညိုမြနဲ့ မိတ်ဆွေကြီး မောင်ထင်တို့ကလည်း ဆောင်းပါးရေးခဲ့ကြပါတယ်။ 
ဆောင်းပါးနှစ်စောင်စလုံးကို အမေက သဘောကျ ကျေးဇူးတင်ပြီး ဒုတိယအကြိမ်ပြန်ရိုက်ရင် ဖြည့်စွက်ချက်အနေနဲ့ ထည့်သွင်းဖော်ပြပါရစေလို့ ကာယကံရှင်နှစ်ဦးကို ခွင့်ပန်ခဲ့တယ်။ 
ဒါကြောင့် အခု ဒုတိယအကြိမ်ရိုက်နှိပ်ရာမှာ နောက်ဆက်တွဲအနေနဲ့ ထည့်ထားပါတယ်။

----- ထုတ်ဝေသူအမှာ ----- 



Publisher Name: လူထုကြီးပွား​ရေးစာအုပ်​တိုက်


Related Books

Book Review Image

တင့်တယ် ၏ တင့်တယ်

တင့်တယ်​
Book Review Image

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

ရွှေဥဒေါင်း
Book Review Image

ကျမ်းပြုစာဆို ဆရာယုဒသန်

ဝင်းနိုင်ဦး ( ရေနံ )
Book Review Image

သိန်းနှင့်ကျားဋီကာ

ဇော်ဂျီ
Book Review Image

Eminem and the Detroit Rap Scene ဘာသာပြန်စာရေးသူ - Min Thu Aung

Min Thu Aung
Book Review Image

ဘဝမှတ်တမ်းများ

ပါရဂူ
Book Review Image

ကျော်ဟိန်း ဟုခေါ်သည်

ကလောင်စုံ
Book Review Image

ရုပ်ပုံလွှာ

ဒဂုန်တာရာ
Book Review Image

မီးလျံတောင်ပံ-ဒုံးပျံလူသားနှင့်ပြည်သူ့သမ္မတအဗ္ဗဒူကာလန်

ဟိန်းလတ်
Book Review Image

အမျိုးသမီးများနှင့် ခေါင်းဆောင်မှု

ကြည်ရွှန်း