Book Image

ဘဝမှတ်တမ်းများ

ပါရဂူ

ပါရဂူ

ဘဝမှတ်တမ်းများ
စိတ်ကူးချိုချိုအနုပညာ
ပထမအကြိမ်၊ သြဂုတ် ၂၀၂၀။
မျက်နှာဖုံးပန်းချီ - အောင်ကျော်။
၁၄.၇ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - ၂၃၀၊ တန်ဖိုး - ကျပ် ၃၅၀၀။
ပါရဂူ
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

စိတ်ကူးချိုချို စာအုပ်တိုက် တည်ထောင်ခြင်း ၂၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။

နွယ်နီမဂ္ဂဇင်းတွင် ၁၉၉၅ ခုနှစ်၊ ဧပြီလ မှ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ အထိ ဖော်ပြခဲ့သော ဆောင်းပါး ၃၉ ပုဒ်ကို စုစည်းထားသည်။

ဆောင်းပါးအချို့တို့ကို '' ဘဝပုံရိပ် '' အမည်ဖြင့် ရွေးချယ်စုစည်းထုတ်ဝေပြီးဖြစ်သည့်တိုင် နွယ်နီမဂ္ဂဇင်း တွင် ကျန်ရှိနေသေးသော ဆောင်းပါးတို့ကိုပါ စုစည်း လျက် ဆရာပါရဂူ၏ ရာပြည့်အထိမ်းအမှတ်အဖြစ် 
'' ဘဝမှတ်တမ်းများ '' အမည်ဖြင့် ဂုဏ်ပြုစီစဉ်ထုတ်ဝေ ခြင်းလည်းဖြစ်သည်။



'' စောဦး၏စာ၊ အိုင်ကိုပစ်၍ မြစ်ကိုရှာ၊ မန ္တလေး၊ ပထမပြန်စာသင်တိုက်၊ ငွေရတု၏အစ၊ အဆင်းနှင့်အ တက်၊ ခယောင်းတော၊ သုဓမ္မာဇရပ်တွင် ဖျာကြမ်းခင်း လျက်၊ သဟပါဌီ၊ လျှပ်တစ်ပြက်ဆရာ၊ စာအုပ်ဆွမ်းကြီးလောင်း၊ ဂါထာနှင့် လင်္ကာ၊ သူရဲကောင်းစာပေအသင်း၊ ပါရဂူဆောင်၊ ဤလမ်း ဤခရီး၊ သိန်းဖေမြင့်နှင့် ကာလကတ္တား၊ ကြွေးကြော်သံ၊ တို့မေမေနှင့် တယော သံ၊ ဒဂုန်မဂ္ဂဇင်း၊ ကျွန်တော် သူငယ်တန်းဆရာ၊ ကံကောင်းသူနှင့် ကံဆိုးသူ၊ လရောင် တယောသံ စန္ဒရား သံ မော်တော်စက်သံ၊ နှလုံးသားဖြင့်၊ အေးသူနှင့် ပူသူ၊ ယခင်က ပြဇာတ်သရုပ်ဆောင် ယခုဝိပဿနာဆရာ၊ ပန်းချီကျော်သိန်း၊ မြမျိုးနွယ် ဝတ္ထုရေးဆရာ၊ ဖိုးစန္ဒာကြီး၊ အမေ၊ ဘာသာစကား၊ ညောင်ချောင်းဆရာတော်နှင့် ဦးအောင်မြတ်ကျော်ဘုရား၊ ရှေးခေတ်က အဂ္ဂမဟာ ပဏ္ဍိ တပူဇော်ပွဲ၊ အညာရှင်ပြု၊ စစ်၏သားကောင် လယ်တီဦးကောဝိဒ၊ မင်းရှင်နောင်၊ ကွန်မြူနစ်နှင့် ဆိုရှယ်လစ်ဆုံ ကြရာဝယ်၊ ကျွန်တော် ဘာသာပြန်ဆရာ ၁ နှင့် ၂၊ ကျွန်တော် ပတ်ဗလစ်ရှာ '' စသည့် ဘဝမှတ်တမ်းဆောင်းပါး များဖြစ်သည်။

'' အယူအဆတစ်ခုခုနှင့်၊ အတွေးအခေါ်တစ်ခုခုနှင့် ရာသက်ပန်ချည်နှောင်မထားခြင်းမှာ အစဉ်းစား အဆင်ခြင်ဉာဏ်ရှိသူတို့၏ သဘောသဘာဝဖြစ်သည်။ အစဉ်း စား အဆင်ခြင်ဉာဏ်ရှိသူတို့သည် ယနေ့လက်ခံထားသောအယူအဆကို နက်ဖြန် လက်ခံချင်မှ လက်ခံမည်။ မိမိ၏ အဆင်ခြင်စဉ်းစားဉာဏ်ပေတံနှင့် တိုင်းကြည့်၍ မရလျှင်၊ မိမိ အစဉ်းစား အဆင်ခြင် အစဉ်းစားဉာဏ်မှတ်ကျောက်နှင့် တင်ကြည့်၍ မရလျှင် အယူအဆဟောင်းကို စွန့်ပယ်ပစ်လေ့ရှိကြသည်။ ''
( စောဦး၏စာ၊ စာမျက်နှာ ၆ မှ )

'' အားလုံး၏ ဘဝကဲ့သို့ပင် မိမိ၏ဘဝ၌လည်း အဆင်း နှင့် အတက်ရှိသည်။ မအောင်မြင်မှုနှင့် အောင်မြင်မှု ရှိသည်။ ရေစီးတစ်ခါ ရေသာတစ်လှည့်ရှိသည်။ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံရှိသည်။ အဆင်းကို သရုပ်ဖော်သည့်အခါ လက်သွက်သော်လည်း အတက်ကို ရေးရ မည့်အချိန်ရောက်လာသောအခါ တုံ့နှေးတုံ့နှေးဖြစ်နေ သည်။ မအောင်မြင်မှုကို ခြယ်မှုန်းပြသည့်အခါ ကလောင် သို့မဟုတ် စုတ်တံသည် ဖျတ်လတ်သွက်လက်နေသော်လည်း အောင်မြင်မှုကို ထုတ်ဖော်ပြောပြရမည့် အချိန်ရောက်လာသောအခါ ရှိုးတိုးရှန့်တန့် ဖြစ်နေ သည်။ '' ( အဆင်းနှင့် အတက်၊ စာမျက်နှာ ၃၄ မှ )

'' လောကဇာတ်ခုံ၌ ဇာတ်သူဇာတ်သားဖြစ်ကြသော လူတို့ သည် အသွင်အမျိုးမျိုး၊ မျက်နှာဖုံးအမျိုးမျိုးနှင့် ဇာတ်ကနေကြသည်။ တစ်ချိန်က ဘီလူးအဖြစ်ကပြသူ သည် နောက်တစ်ချိန်၌ မင်းသားအဖြစ် ကပြသည်။ တစ်ချိန်က အမတ်ကြီးအဖြစ် ထွက်လာသောသူသည် နောက်တစ်ချိန်၌ တံခါးမှူးအဖြစ် ထွက်လာသည်။ တစ်ချိန်က ဘုရင်အဖြစ် ကပြသောသူသည် နောက်တစ်ချိန်၌ ဖုန်းတောင်းယာစကာအဖြစ် ကပြသည်။ တစ်ချိန်က သူဋ္ဌေးအဖြစ် ကပြသူသည် နောက်တစ်ချိန်၌ ဆင်းရဲ သားအဖြစ် ကပြသည်။ တစ်ချိန်က ဓားပြအဖြစ်ကပြသူ သည် နောက်တစ်ချိန်၌ ရသေ့ရဟန်းအဖြစ် ကပြသည်။ တစ်ချိန်က လူသတ်သမားအဖြစ် ကပြသူသည် နောက်တစ်ချိန်၌ တရားရှင်အဖြစ် ကပြသည်။ တစ်ချိန်က နိုင်ငံရေးသမားအဖြစ် ကပြသူသည် နောက်တစ်ချိန်၌ ဘုန်း ကြီး အဖြစ်ကပြသည်။ တစ်ချိန်က ကွန်မြူနစ်အဖြစ် ကပြသူသည် နောက်တစ်ချိန်၌ ဘုရားဒါယကာအဖြစ် ကပြသည်။ တစ်ချိန်က ပြဇာတ်သရုပ်ဆောင်အဖြစ် ကပြသူသည် နောက်တစ်ချိန်၌ ဝိပဿနာဆရာအဖြစ် ကပြသည်။ ''
( ယခင်က ပြဇာတ်သရုပ်ဆောင် ယခု ဝိပဿနာဆရာ၊
စာမျက်နှာ ၁၃၆ မှ )

ဆရာပါရဂူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ အပိုင်းအစများဟု လည်း ဆိုနိုင်သည့် '' ဘဝမှတ်တမ်းများ '' မှာ ဖတ်၍ မရိုးနိုင်သော ဆောင်းပါးများပင်ဖြစ်ပါသည်။

မိုးမင်းသိမ်း
၂၆ စက်တင်ဘာ ၂၀၂၀


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

တင့်တယ် ၏ တင့်တယ်

တင့်တယ်​
Book Review Image

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

ရွှေဥဒေါင်း
Book Review Image

ကျမ်းပြုစာဆို ဆရာယုဒသန်

ဝင်းနိုင်ဦး ( ရေနံ )
Book Review Image

သိန်းနှင့်ကျားဋီကာ

ဇော်ဂျီ
Book Review Image

Eminem and the Detroit Rap Scene ဘာသာပြန်စာရေးသူ - Min Thu Aung

Min Thu Aung
Book Review Image

ကျော်ဟိန်း ဟုခေါ်သည်

ကလောင်စုံ
Book Review Image

ရုပ်ပုံလွှာ

ဒဂုန်တာရာ
Book Review Image

မီးလျံတောင်ပံ-ဒုံးပျံလူသားနှင့်ပြည်သူ့သမ္မတအဗ္ဗဒူကာလန်

ဟိန်းလတ်
Book Review Image

အောင်ဗလ ဖိုးစိန် စိန်ကတုံး

လူထုဦးလှ
Book Review Image

အမျိုးသမီးများနှင့် ခေါင်းဆောင်မှု

ကြည်ရွှန်း