Book Image

Eminem and the Detroit Rap Scene ဘာသာပြန်စာရေးသူ - Min Thu Aung

Min Thu Aung

စာအုပ်အမည် - Eminem and the Detroit Rap Scene 

စာရေးသူ - Isabelle Esling 
ဘာသာပြန်စာအုပ်အမည် - Eminem နဲ့ ဒီးထရိုက်ရက်ပ်လောက
ဘာသာပြန်စာရေးသူ - Min Thu Aung
စာအုပ်တိုက် - အိပ်မက်အသစ်စာပေ မှ 2018 Dec ပထမအကြိမ် ပုံနှိပ်ခြင်း
အမျိုးအစား - ဘာသာပြန်
တန်ဖိုး - ၄၅၀၀ ကျပ်
စာမျက်နှာ- ၂၄၀ pages
အဖုံးဒီဇိုင်း - ရဲဝင့်ကျော်


Eminem ဟာ လူပြောအများဆုံး အဆိုကျော်တစ်ယောက်၊ အငြင်းပွားဖွယ်အများဆုံးထဲက တစ်ယောက်။ သူ့ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပစ်ပယ်ထားလို့ မရပါဘူး။


Isabelle Esling ရေးတဲ့ Eminem and the Detroit Rap Scene ကို Min Thu Aung ဘာသာပြန်တဲ့စာအုပ်လေးက ဖတ်ရင်းနဲ့ နည်းနည်းတော့ ငြိသွားတယ်။ 

Rap လောကမှာ ပြောကြတဲ့စကားတစ်ခွန်းရှိပါတယ်။ "လူဖြူတစ်ယောက်အောင်မြင်တယ်ဆိုရင်လူမည်းတွေကို ကျော်ဖြတ်သွားရော"တဲ့ ... Rap/ Hip Hop ဆိုတာ ကပ္ပလီဂီတမို့ အဲ့ဘက်မှာပေါက်တဲ့ Artist တွေက လူမည်းတွေများပါတယ်။ ခု Kendrick Lamar တို့ထိပေါ့။ ဒါပေမဲ့ Vanilla Ice တုန်းက တစ်ခါ၊ Eminem မှာ တစ်ခါပေါက်ချက်က အမည်းတွေအကုန်ကို ကျော်ဖြတ်တက်သွားခဲ့တာ။

ဒီတော့ Eminem အကြောင်းကလည်း လူတွေစိတ်ဝင်စားကြပါတယ်။ ဒီစာအုပ်မှာက သူ့ရဲ့ ဘဝကြီးတစ်အုပ်လုံးကို ဖွင့်ချထားတာမဟုတ်ဘဲ ဒီးထရိုက်မြို့နဲ့ Eminem ရဲ့ ပတ်သက်ဆက်စပ်မှုတွေထဲကအကြောင်းတွေကို လိုက်နှိုက်ထားတာတွေ ဖတ်ရမှာပါ။ ဒီးထရိုက်ဟစ်ဟော့လောက၊ D12 အဖွဲ့နောက်ကွယ်ကအတွင်းရေးတွေ၊ 8 Mile ရုပ်ရှင်အကြောင်း၊ ဆယ်နှစ်လောက်အတွင်းပြောင်းလဲသွားတဲ့ Eminem ရဲ့ဟန် တို့အကြောင်း တို့ထိထားပါတယ်။

"Eminem နဲ့ ပတ်သက်လို့ နားလည်မှုလွဲနေတာတွေကို ဖြေရှင်းဖို့ဆိုရင် သူပေါက်ဖွားလာခဲ့တဲ့ ဒီးထရိုက်မြို့အကြောင်းပြောမှရမယ်"
"Eminem ရဲ့ အသားအရောင်က ကိစ္စမရှိဘူး။ လူမည်းတွေရပ်ကွက်မှာ နေနေတာ သူတစ်ယောက်တည်းမဟုတ်ဘူးကိုး။ ပြီးတော့ ဂီတကို မြတ်နိုးတာရယ်၊ သူ့စိတ်ဓာတ်ရယ်ကြောင့် အဖွဲ့ဝင်တွေကလည်း သူ့ကို သဘောကျကြတယ်။ D12 အဖွဲ့ဝင်တွေအတွက်တော့ 'သူကလူဖြူမဟုတ်ဘူး၊ အထဲမှာချောကလက်တွေရှိနေတဲ့လူဖြူ' တဲ့"
"ဘယ်သူမဆို သူ့ကို တစ်ကြိမ်လောက်တွေ့ဖူးတယ်ဆိုရင်တောင် သူအခန်းထဲဝင်လာတဲ့အခါ အခန်းတစ်ခုလုံးနွေးထွေးသွားတယ်လို့ ခံစားရတယ်။ Proof က လူတွေကိုချစ်တယ်။ လူတွေက Proof ကို ချစ်တယ်။ သူက သံလိုက်လိုပဲ။ လူတွေကို ဆွဲဆောင်နိုင်တယ်။ လူတွေကသူ့အကြောင်းကိုသိချင်တယ်။ သူ့နောက်ကိုလိုက်လာကြတယ်။ Proof သာ မရှိရင် Eminem ဆိုတာ ရှိမှာ မဟုတ်ဘူး။ Slim Shady ဆိုတာ ရှိမှာ မဟုတ်ဘူး။ D12 အဖွဲ့ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ (Proof ၏ အသုဘတွင် Eminem ပြောသော အမှတ်တရစကား)"
"မီဒီယာတွေထဲမှာတော့ Eminem ဟာ လူဆိုးကြီး၊ မကောင်းဆိုးဝါးကြီး၊ အကြမ်းဖက်တတ်တဲ့အိမ်ထောင်ဖက်တစ်ဦးစသည်ဖြင့်ဖော်ပြတတ်ပါတယ်။ Eminem ရဲ့ ဂီတဟာ လူငယ်တွေ စိတ်ထဲက အမျိုးသမီးပုံရိပ်အပေါ် ဘယ်လောက်အထိ ထိခိုက်သလဲဆိုတာ သရုပ်ပြဖို့အတွက် သူ့စာသားတွေကို အမျိုးသမီးသင်တန်းတွေမှာ သုံးပါတယ်။လူတချို့ကတော့ သူ့ကို မိန်းမရိုက်တတ်သူလို့တောင်ခေါ်ကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ Eminem ဟာ Kim ကို လက်ဖျားနဲ့တောင် မထိပါဘူး"

ဆင်းရဲတဲ့မိသားစုမှာမွေးဖွားခဲ့ပြီး Underground လောကမှာ အသားကုန်ကြိုးစားပြီး ကမ္ဘာကျော်ဖြစ်လာတဲ့ Eminem ရဲ့ ဘဝဇာတ်ကြောင်းက Fairy Tale လိုတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူဖြစ်ခဲ့တယ်။ အဲ့ဒီ ဂျွတ်စကီးဘဲကြီးတစ်ယောက်ရဲ့ ဘဝကြီးထဲ အစိတ်အပိုင်းတချို့ကို ဆွဲယူနှိုက်ပြထားတဲ့ စာအုပ်တစ်အုပ်ပါပဲ။

#မိုးသားလတ်_စာအုပ်အညွှန်း
(23.2.2020) 18:05


Publisher Name: အိပ်မက်အသစ်စာပေ


Related Books

Book Review Image

တင့်တယ် ၏ တင့်တယ်

တင့်တယ်​
Book Review Image

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

ရွှေဥဒေါင်း
Book Review Image

ကျမ်းပြုစာဆို ဆရာယုဒသန်

ဝင်းနိုင်ဦး ( ရေနံ )
Book Review Image

သိန်းနှင့်ကျားဋီကာ

ဇော်ဂျီ
Book Review Image

ဘဝမှတ်တမ်းများ

ပါရဂူ
Book Review Image

ကျော်ဟိန်း ဟုခေါ်သည်

ကလောင်စုံ
Book Review Image

ရုပ်ပုံလွှာ

ဒဂုန်တာရာ
Book Review Image

မီးလျံတောင်ပံ-ဒုံးပျံလူသားနှင့်ပြည်သူ့သမ္မတအဗ္ဗဒူကာလန်

ဟိန်းလတ်
Book Review Image

အောင်ဗလ ဖိုးစိန် စိန်ကတုံး

လူထုဦးလှ
Book Review Image

အမျိုးသမီးများနှင့် ခေါင်းဆောင်မှု

ကြည်ရွှန်း