Book Image

ကျော်ဟိန်း ဟုခေါ်သည်

ကလောင်စုံ

ကျော်ဟိန်း ဟုခေါ်သည်
( ၁၉၄၇ ဇူလိုင်လ ၁၄ ရက် - ၂၀၂၀ ဇူလိုင်လ ၁၁ ရက် )
မန်တလာမြေ စာပေ
ပထမအကြိမ်၊ ဇူလိုင် ၂၀၂၀။
မျက်နှာဖုံးဒီဇိုင်း - မိုးသူဇာ။
၁၃.၇ စင်တီမီတာ x ၂၀.၈ စင်တီမီတာ။
စာမျက်နှာ - ၁၁၄ ၊ တန်ဖိုး - ကျပ် ၂၅၀၀။

'' မွေးဖွားတယ်၊ သေဆုံးတယ်ဆိုတဲ့ မှတ်တိုင်နှစ်ခုကြား မှာ ' အတွေ့အကြုံနဲ့ အတွေးအကြံ' တွေကို မျှတစွာ အသုံးချသွားခဲ့သူ။ အသိ - သတိကို လက်ကိုင်ထား သွားခဲ့သူ။ ' လူသားအားလုံးကို လေးစားပါတယ် 'ဆိုတဲ့ စကားကို လက်ကိုင်ထားသူ။ ဦးကျော်ဟိန်း( ဦးဇင်းကြီး ကိတ္တိသာရ ) သို့ အမှတ်ရမှု လေးစားမှုများဖြင့် ...''ဟု ဖော်ပြထားသည်။

မြသန်းတင့်၊ အောင်သင်း၊ ကျော်ဟိန်း၊ ဆွေဇင်ထိုက်၊ ဇော်ခိုင်ဦး၊ ညီညီဇော်၊ ဇွဲဉာဏ် နှင့် သစ်ဇင် တို့၏  
အရေး အသား ၉ ပုဒ် ပါရှိသည်။ 




ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ပဉ္စမ အကြိမ်ရိုက်နှိပ်ခြင်းအမှာမှ ကောက်နုတ်တင်ပြချက်၊ ရွှေအမြုတေမဂ္ဂ ဇင်း၊ သရဖူမဂ္ဂဇင်း၊ Fashion Image မဂ္ဂဇင်း၊7 Day News Daily နှင့် 7 Day News Journal တို့တွင် ဖော်ပြခဲ့ပြီးသော အရေးအသားများ ဖြစ်သည်။ 

( ဒေါ် ) ဆွေဇင်ထိုက်၏ '' သူနှင့်ကျွန်မ '' မှာ ၁၇ ဇူလိုင် ၂၀၂၀ က ရေးသားထားသော ဆောင်းပါးဖြစ်ပြီး စာနယ်ဇင်းများ၌ ဖော်ပြရသေးဟန်မရှိပေ။ '' ကျော်ဟိန်းလို့ နာမည်ကြီးတဲ့ လူတစ်ယောက်'' မှာ သရဖူမဂ္ဂဇင်းတွင်  လေးလဆက်တိုက် ဖော်ပြခဲ့သည့် '' ဆရာအောင်သင်း နှင့် ကျော်ဟိန်းတို့၏ တွေ့ဆုံမေးမြန်းခန်း '' ဖြစ်သည်။

'' ကျွန်တော်သည် ကျော်ဟိန်း၏ 'ဓားတောင်' ကိုကြည့် ရင်း ကျော်ဟ်ိန်းကို မမြင်၊ သံချောင်းကို မြင်နေသည်။ နေအောင်ကို မမြင်၊ ကိုနန္ဒာကို မြင်နေသည်။ ကျော်သူ ကို မမြင်၊ ရဲမြင့်ကို မြင်နေသည်။ ယင်းသည်ပင်လျှင် ရုပ်ရှင်၏ အောင်မြင်မှုဖြစ်သည်။ '' ( မြသန်းတင့်၊ ရဲရင့်သော သူရဲကောင်းများ နောက်ထပ်မွေးဖွားကြ၊ စာမျက်နှာ ၁၉ မှ )

'' ဒါပါပဲ ဆရာရယ်။ ဆရာလိုချင်တဲ့၊ အဲ ... လူငယ်တွေ အတွက် ဆရာလိုချင်တဲ့ စကားချုပ်ကို ပြောလိုက်မယ်ဆိုရင် မခံချင်တဲ့စိတ်၊ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာပါပဲ။

ဒါပေမဲ့ ဆရာရယ် ... ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဖြစ်အောင်လုပ်၊ ပြီးမှပြန်ကြည့်ပြန်တော့လည်း အဲဒီဖြစ်ခဲ့တာတွေကလည်း ဘာမှမဟုတ်ပါလားဆိုတဲ့ နောက်ထပ်စိတ်တစ်မျိုး ထပ်တွေ့နေပြန်ပြီ။ ဒုက္ခပဲ။ စိတ်တွေ ညစ်နေတာပါပဲ ဆရာရယ်။ ''
( အောင်သင်း၊ ကျော်ဟိန်းလို့ နာမည်ကြီးတဲ့ လူတစ်ယောက်၊ စာမျက်နှာ ၇၂ မှ )

'' တတိယနိမိတ်ရဲ့ အပိုင်းအစတစ်ခုဖြစ်တဲ့ ဒီအရိုးစုပေါ်က 'ကျော်ဟိန်း' လို့ သတ်မှတ်ထားတဲ့ သုံးဆယ့်နှစ်ခုသော ခန္ဓာ ကိုယ်အပိုင်းအစတွေဟာ တစ်နေ့ကျရင် ဦးကျော်ဟိန်း အသက်ဘယ်လောက်ရဲ့ ရုပ်ကလာပ်လို့ ရေးထားတဲ့ သစ်သား ခေါင်းတစ်လုံးထဲမှာထည့်ပြီး သင်္ချိုင်းထဲမှာ ပစ်ထားခဲ့မလား။ တစ်နာရီအတွင်း ပြာဖြစ်သွားအောင် မီးရှို့နိုင်တဲ့ မီးလောင်တိုက်ထဲ ထိုး ထည့်လိုက်မလား။ ဒါကတော့ ကျန်ရစ်သူ မိသားစုရဲ့ စေတနာဆုံးဖြတ်ချက်ပဲ။ ''
( ကျော်ဟိန်း၊ ကျော်ဟိန်းတဲ့လား၊ စာမျက်နှာ ၇၈ မှ )

'' ' ကိုယ်လုပ်နေတဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး 
လက်ခုပ်သံကို မမျှော်လင့်ပါနဲ့။ ဘေးကကြည့်နေတဲ့လူတွေထဲမှာတော့ အားပေးတဲ့လူရှိသလို အသားလွတ်ဆဲဆိုနေတဲ့အသံတွေကလည်း ဆူညံနေမှာသေချာ တယ်။လှည့်ကြည့်နေရင် ခြေလှမ်း ယိုင်တယ်။ ဆက်သာလျှောက်။ အသံတွေ နောက်မှာကျန်ခဲ့လိမ့်မယ်။ လမ်းဆုံးရင် သရဖူဆောင်းပေးမယ့်သူက  အဆင်သင့်စောင့်နေတယ် ' တဲ့။''
( ညီညီဇော်၊ ကျော်ဟိန်းဟုခေါ်သည်၊ စာမျက်နှာ ၁၀၀ မှ )

သူ့ ခေတ်တစ်ခေတ်ဟု ပြောစမှတ်တွင်ကျန်ရစ်အောင် ထူထောင်နိုင်ခဲ့သည့် ဦးကျော်ဟိန်းအကြောင်း အမှတ်တရထုတ်ဝေထားခြင်းဖြစ်ရာ ကျော်ဟိန်းပရိသတ်များ သဘောကျနှစ်ခြိုက်ကြမည့် စာအုပ်တစ်အုပ်ဟု ယူဆ မိပါသည်။

မိုးမင်းသိမ်း
၂၉ သြဂုတ် ၂၀၂၀


Publisher Name: မန်တလာမြေ စာပေ


Related Books

Book Review Image

တင့်တယ် ၏ တင့်တယ်

တင့်တယ်​
Book Review Image

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

ရွှေဥဒေါင်း
Book Review Image

ကျမ်းပြုစာဆို ဆရာယုဒသန်

ဝင်းနိုင်ဦး ( ရေနံ )
Book Review Image

သိန်းနှင့်ကျားဋီကာ

ဇော်ဂျီ
Book Review Image

Eminem and the Detroit Rap Scene ဘာသာပြန်စာရေးသူ - Min Thu Aung

Min Thu Aung
Book Review Image

ဘဝမှတ်တမ်းများ

ပါရဂူ
Book Review Image

ရုပ်ပုံလွှာ

ဒဂုန်တာရာ
Book Review Image

မီးလျံတောင်ပံ-ဒုံးပျံလူသားနှင့်ပြည်သူ့သမ္မတအဗ္ဗဒူကာလန်

ဟိန်းလတ်
Book Review Image

အောင်ဗလ ဖိုးစိန် စိန်ကတုံး

လူထုဦးလှ
Book Review Image

အမျိုးသမီးများနှင့် ခေါင်းဆောင်မှု

ကြည်ရွှန်း