Book Image

ကျမ်းပြုစာဆို ဆရာယုဒသန်

ဝင်းနိုင်ဦး ( ရေနံ )

ဝင်းနိုင်ဦး ( ရေနံ )

ကျမ်းပြုစာဆို ဆရာယုဒသန်
Honoré Willsie Morrow ၏ 
Splendor of God : The Life of Adoniram Judson ကို ဘာသာပြန်သည်။
စိတ်ကူးချိုချိုအနုပညာ၊
ပထမအကြိမ်၊ ဇွန် ၂၀၁၉။
၁၄.၆ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - က မှ ဃ၊ ဓာတ်ပုံ မှတ်တမ်း ၂၄ မျက်နှာ နှင့် ၂၁၅၊ တန်ဖိုး - ကျပ် ၃၃၀၀။

စိတ်ကူးချိုချိုစာအုပ်တိုက်၏ နှစ် ၂၀ ပြည့် အထိမ်း အမှတ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။




ဆရာ ဝင်းနိုင်ဦး ( ရေနံ ) ၏ အမှာပါရှိသည်။ ၁၉၂၉ ခုနှစ်က ပထမအကြိမ်ထုတ်ဝေခဲ့သော သမိုင်းနောက်ခံ ဝတ္ထုရှည်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အခန်း ၁၆ ခန်း ပါရှိသည်။

၁၃ ဇူလိုင် ၁၈၁၃ တွင် ဇာတ်လမ်းကို စတင်ထားသည်။ အမရပူရ ရွှေနန်းပြည့်ရှင် ဘိုးတော်ဘုရားလက်ထက်ဖြစ်သည်။ ထိုနေ့က ရန်ကုန်ဆိပ်ကမ်းသို့ ဂျော်ဂျီယား နား အမည်ရှိ အိုမင်းဟောင်းနွမ်းနေပြီဖြစ်သော 
ပင်လယ်ကမ်းရိုးတန်းသွား သင်္ဘောတစ်စင်း ဆိုက်ကပ်လာသည်။ ထိုသင်္ဘောပေါ် ၌ ခရစ်ယာန်သာသနာပြု ဆရာ ယုဒသန် ခေါ် အဒိုနီယမ် ဂျဒ်ဆင် နှင့် ဇနီးသည် အန်း တို့ လိုက်ပါလာကြသည်။

မြန်မာနိုင်ငံတွင် ခရစ်ယာန်သာသနာထွန်းကားရေး အတွက် ကနဦးအခြေချခဲ့သူ အဒိုနီယမ် ဂျဒ်ဆင်မှာ ထိုစဉ်က အသက် ၂၅ နှစ် သာရှိသေးပြီး သူ့ဇနီးသည် အန်း မှာ အသက် ၂၁ နှစ်အရွယ်သာရှိပေသေးသည်။

ဗုဒ္ဓဘာသာ အခိုင်အမာထွန်းကားနေပြီးဖြစ်သည့် မြန်မာနိုင်ငံ တွင် ခရစ်ယာန်သာသနာပြုရန်ကိစ္စမှာ လွယ်ကူချောမွေ့လှသည်တော့ မဟုတ်ပေ။ ဘာသာစကား အခက်အခဲကို ဖြေရှင်း ရန်အတွက် ဗမာစာ နှင့် ဗမာစကားကိုသာမက ပါဠိစာပေကို ပါလေ့လာသင်ယူ သည်။ တစ်ဖက်၌ ခရစ်ယာန်သာသနာပြန့်ပွားရေး အတွက် ဆောင်ရွက်ရင်း ပထမဦးဆုံးသော '' မြမ္မာ အင်္ဂလိတ် အဘိဓာန်'' ကို ပြုစုသည်။ သမ္မာကျမ်းစာကို မြန်မာဘာသာသို့ ပြန်ဆိုရေးသားသည်။ 

အသက် ၆၁ နှစ်အရွယ်၌ ကွယ်လွန်သည့်တိုင်အောင် နှစ်ပေါင်း ၄၀ နီးပါးမျှ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သော ဆရာယုဒသန်သည် အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲကို လည်း ဖြတ်သန်းခဲ့ရသည်။ ရန ္တပိုစာချုပ်ချုပ်ဆိုရာတွင် စကားပြန်အဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ရသည်။ အင်းဝလက်မရွံ့ထောင်နှင့် အောင်ပင်လယ်တို့တွင် အကျဉ်းချခံခဲ့ရသည်။

ယခု '' ကျမ်းပြုစာဆို ဆရာယုဒသန် '' စာအုပ်မှာ 
၃၀ ဇန်နဝါရီ ၁၈၃၄ ၌ သမ္မာကျမ်းစာကို ဘာသာပြန်ဆို ပြီးစီးခဲ့သည့် ကာလဝန်းကျင်အထိသာ ရေးဖွဲ့ထားခြင်း ဖြစ်သည်။

မြန်မာစာပေအပေါ် တစ်နည်းတစ်ဖုံ ကျေးဇူးပြုခဲ့သည့် ဆရာကြီး ယုဒသန် အကြောင်းကို သမိုင်းနောက်ခံဖြစ်ရပ်များ နှင့်အတူ ရောမွှေတင်ပြထားသည့် အရေးအ သားတစ်ခုဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၁၅ စက်တင်ဘာ ၂၀၁၉


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

တင့်တယ် ၏ တင့်တယ်

တင့်တယ်​
Book Review Image

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

ရွှေဥဒေါင်း
Book Review Image

သိန်းနှင့်ကျားဋီကာ

ဇော်ဂျီ
Book Review Image

Eminem and the Detroit Rap Scene ဘာသာပြန်စာရေးသူ - Min Thu Aung

Min Thu Aung
Book Review Image

ဘဝမှတ်တမ်းများ

ပါရဂူ
Book Review Image

ကျော်ဟိန်း ဟုခေါ်သည်

ကလောင်စုံ
Book Review Image

ရုပ်ပုံလွှာ

ဒဂုန်တာရာ
Book Review Image

မီးလျံတောင်ပံ-ဒုံးပျံလူသားနှင့်ပြည်သူ့သမ္မတအဗ္ဗဒူကာလန်

ဟိန်းလတ်
Book Review Image

အောင်ဗလ ဖိုးစိန် စိန်ကတုံး

လူထုဦးလှ
Book Review Image

အမျိုးသမီးများနှင့် ခေါင်းဆောင်မှု

ကြည်ရွှန်း