Book Image

သိန်းနှင့်ကျားဋီကာ

ဇော်ဂျီ

ဇော်ဂျီ
သိန်းနှင့်ကျားဋီကာ
The Key Collection Press
ဒုတိယအကြိမ် ၊ စက်တင်ဘာ ၂၀၁၈။
မျက်နှာဖုံး - မောင်ဒေး ။
၁၃.၃ စင်တီမီတာ x ၂၁ စင်တီမီတာ ။
စာမျက်နှာ - ၂၁၄ ၊ တန်ဖိုး - ကျပ် ၃၀၀၀။




၁၉၈၂  စက်တင်ဘာလရက်စွဲဖြင့်ရေးသားထားသော ဆရာဇော်ဂျီ၏ '' သိန်းနှင့်ကျားဋီကာ အမှာစာ''ပါရှိသည်။ ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၈၁ ခုနှစ်အတွင်းထုတ်ဝေခဲ့သည့် ရှုမဝရုပ်စုံ မဂ္ဂဇင်းနှင့် စာပေလုပ်သားမဂ္ဂဇင်းတို့တွင်ဖော်ပြခဲ့သည့် အရေးအသားများအားစုစည်းထုတ်ဝေထား ခြင်းဖြစ်သည်။

ရသစာပေနှင့်လူ့သဘာဝ သရုပ်ဖော်သဘော၊ မော်ပီ ဆရာ သိန်း၏လူ့သဘာဝအဖွဲ့များ၊ ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထု အချို့မှ လူ့သဘာဝအဖွဲ့များ၊ ဦးဖိုးကျား၏ ဝတ္ထုဆောင်းပါး များ၊ ဦးဖိုးကျား၏ ဝတ္ထု ၁၀ ပုဒ်နှင့် ဝတ္ထုဆောင်းပါး ၁၅ ပုဒ် တို့ အတွက် ခြုံငုံဝေဖန်ချက် နှင့် မင်း ယုဝေ၏ '' သူတို့ရွာ သူတို့တံတား'' ဝတ္ထုကဗျာအတွက် ဝေဖန်ချက် စသည့် အခန်း ၆ ခန်း ပါရှိသည်။

'' ဤဋီကာသည် သိန်းနှင့်ကျားတို့၏ စာအချို့ကိုအခြေခံ လျက် မြန်မာ့ပတ်ဝန်းကျင်သတိ၊ မြန်မာ့ပတ်ဝန်းကျင်အ ဆင်အခြင်၊ မြန်မာ့ပတ်ဝန်းကျင် စေတနာတို့ ဖြစ်ပေါ် လာနိုင်ကြအောင် ဖွင့်ဆိုအားထုတ်ထားသော စာဖြစ်သည်ဟု ဆိုချင်ပါ သည်။ နောက်ထပ်ဖွင့်ဦးမည်ဆိုလျှင် ဖွင့်နိုင်ကြပါသေးသည်။ ဖွင့်လိုကြလျှင် ဖွင့်ကြပါဟု မေတ္တာရပ်ပါသည်'' ဟု သိန်းနှင့် ကျားဋီကာအမှာစာ တွင် ဆရာဇော်ဂျီကရေးသားထားသည်။

''မော်ပီဆရာသိန်း၏ လူ့သဘာဝအဖွဲ့များ'' မှာ ''ဟင်းလေးအိုး'' ၌ ပါရှိသည့် ဦးထွန်းဦး၊ ဦးပုတ်နီ၊ ဦးကြင်ဥ၊ ဦး ကွန်၊ ဦးသာကြွယ်၊ ဦးတူ နှင့် ဦးရေး စသော ရှေ့နေထူး ၇ ဦးအကြောင်း အရေးအသားတို့အား ချဉ်းကပ်သုံး သပ်ထားခြင်းဖြစ်သည်။

'' ဆရာကြီး၏ ရှေ့နေထူး ၇ ဦးအကြောင်း စာများသည် လောကီစာများဖြစ်ကြပါ၏။ သို့ရာတွင် နှလုံးသွင်းအပ်သော လူ့ကျင့်ဝတ်လမ်းပြ ဦးတည်ချက်ပါသော စာများ ဖြစ်ကြသည်ဟု ဆိုချင်ပါသည်။ ပရိသတ် နားပေါက်လွယ်၍ ရွှင်သောစာများဖြစ်ကြသည်ဟုလည်း ဆိုချင်ပါ သည်။ မြန်မာ့ဘဝ၊ မြန်မာ့ အလှတို့ကို မြန်မာစာဖတ်ပရိ သတ်နားလည်ခံစားတတ်အောင် တင်ပြလျက် နိုင်ငံချစ်မျက်စိကို ဖွင့်ပေးနိုင်သော စာများဖြစ်ကြသည်ဟုလည်း ဆိုချင်ပါသည်။ ထို့ကြောင့် မော်ပီ ဆရာသိန်းကြီး၏ ရှေ့နေထူး ၇ ဦးအကြောင်း စာများကို နှောင်းခေတ် မြန်မာ စာပေသမိုင်းတွင် နိုင်ငံချစ်စိတ်ဓာတ်စာပေ၌ ထည့်သွင်း ၍ ရသည်ဟု ဆိုချင်ပါသည်။'' ( ရှေ့နေထူး ၇ ဦး၏ လူ့ သဘာဝအဖွဲ့များအတွက် ခြုံငုံဝေဖန်ချက်၊ စာမျက်နှာ ၅၇ မှ )

'' ဦးဖိုးကျား၏ကိုယ်တွေ့ဝတ္ထုအချို့မှလူ့သဘာဝအဖွဲ့ များ'' တွင်'' မယ်မျှင်၊ မောင်ဘစီ၊ မယ်သန့်၊ မယ်မြ၊ မင်း ကတော်၊ လွဲသောအကြွား၊ ရိုဇီခင်တင့်ထူး၊ အခမဲ့ကူ လီထမ်းခြင်း၏ အကျိုး၊ မြို့အုပ်မင်း နှင့် လူရိုး '' စသည့် ဝတ္ထုတို ၁၀ ပုဒ် ကို လည်းကောင်း။ '

'' ဦးဖိုးကျား၏ဝတ္ထုဆောင်းပါးများ''တွင် ''သာသနာပြု ကိုယ်တော်လေး၊ ရွှေဘိုမဂျမ်းခင်၊ ၃၇ မင်း၊ အလောင်းတော်ကဿပ၊ လက်တွေ့ချမ်းသာနည်း၊ ခြောက်ပြစ်ကင်း၊ ငွေမျက်နှာ၊ ကျွန်ုပ်အလိမ္မာတိုးသောနေ့၊ ရဟန ္တာ မ၊ ဘုရားငဆောင်၊တြင်းဂိုဏ်းဗုဒ္ဓရာဇာ၊ လူသူတော်၊ မောနေယျ၊ မယ်ဒုက္ခ နှင့် မိတဆိုးရှင်ပြု'' စသည့် ဝတ္ထုဆောင်းပါး ၁၅ ပုဒ် ကိုလည်းကောင်း
တစ်ပုဒ်ချင်း သုံးသပ်ဝေဖန်ထားသည်။ 

'' ထို့ကြောင့် ဆရာကျားရေးခဲ့သောစာများသည် အကြောင်းမဲ့ရေးသော၊ ပေါ့ပေါ့ဆဆရေးသော စာများ မဟုတ်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ ဤသို့အားဖြင့် ဆရာ ကျား၏ဝတ္ထုနှင့် ဝတ္ထုဆောင်းပါးတို့သည် မြန်မာနိုင်ငံ သားတို့၏ ဘဝစုံကို မြန်မာစာဖတ်ပရိသတ် မြင်တတ်ခံစားတတ်ကြအောင် တင်ပြလျက် နိုင်ငံချစ်တရားကို လည်း ဟောရာရောက်ခဲ့သည်ဟု ဆိုချင်ပါသည်။'' 
(  စာမျက်နှာ ၂၀၀ မှ )

'' မင်းယုဝေ၏ 'သူတို့ရွာ သူတို့တံတား' ဝတ္ထုကဗျာ အ တွက် ဝေဖန်ချက် ''မှာ ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလ ထုတ် ငွေတာရီမဂ္ဂဇင်းပါ ကဗျာရှည်အား သုံးသပ် ဝေ ဖန်ထားသည့် အရေးအသားဖြစ်သည်။

မော်ပီဆရာသိန်းနှင့် ဦးဖိုးကျား တို့၏ အရေးအသား အချို့တို့ တွင်ပါရှိသည့် လူ့သဘာဝအဖွဲ့တို့အား နှစ်သက်ကြည်ညိုစိတ်ဖြင့် ချဉ်းကပ်ဝေဖန်ပြထားသည့် ''သိန်းနှင့်ကျားဋီကာ'' သည် နည်းယူမှတ်သားဖွယ်ရာ သုံးသပ်ချက်ကျမ်းငယ်တစ်စောင် ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၁၁ ဖေဖော်ဝါရီ ၂၀၁၉


Publisher Name: the key collection press

Publisher Address: ၅(ခ) ၅လွှာ ဒဂုံတာဝါ ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်။ ဖုန်း ၀၁-၅၅၈၁၆၁၊၀၉-၂၅၂၆၅၇၆၅၂

Publisher Phone Number: 01558161,09252657652


Related Books

Book Review Image

တင့်တယ် ၏ တင့်တယ်

တင့်တယ်​
Book Review Image

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

ရွှေဥဒေါင်း
Book Review Image

ကျမ်းပြုစာဆို ဆရာယုဒသန်

ဝင်းနိုင်ဦး ( ရေနံ )
Book Review Image

Eminem and the Detroit Rap Scene ဘာသာပြန်စာရေးသူ - Min Thu Aung

Min Thu Aung
Book Review Image

ဘဝမှတ်တမ်းများ

ပါရဂူ
Book Review Image

ကျော်ဟိန်း ဟုခေါ်သည်

ကလောင်စုံ
Book Review Image

ရုပ်ပုံလွှာ

ဒဂုန်တာရာ
Book Review Image

မီးလျံတောင်ပံ-ဒုံးပျံလူသားနှင့်ပြည်သူ့သမ္မတအဗ္ဗဒူကာလန်

ဟိန်းလတ်
Book Review Image

အောင်ဗလ ဖိုးစိန် စိန်ကတုံး

လူထုဦးလှ
Book Review Image

အမျိုးသမီးများနှင့် ခေါင်းဆောင်မှု

ကြည်ရွှန်း