တင်ဦးခက်
ညဖြူဖြူ ၊ သူတော်စင်ရူး ၊ သူခိုးငရိုး
Fyodor Dostoyevsky ၏ White Nights And Other Stories ကိုဘာသာပြန်သည်။
ကျော်မွှေးစာပေ ၊
ဒုတိယအကြိမ် ၊ ၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ။
မျက်နှာဖုံးပန်းချီ - မုတ်သုံ ။
၁၃.၄ စင်တီမီတာ x ၂၀.၈ စင်တီမီတာ ။
စာမျက်နှာ - ၁၃၅ ၊ တန်ဖိုး - ၂၀၀၀ ကျပ် ။
ရုရှားစာရေးဆရာကြီး ဖြိုဒါဒေါ့စတိုယက်ဗ်စကီး၏ ဝတ္ထုတို ၃ပုဒ်ကိုဘာသာပြန်ဆို၍စုစည်းထုတ်ဝေထား ခြင်းဖြစ်သည်။
၁။ ညဖြူဖြူ
( White Nights )
ညပေါင်းလေးညနှင့်နံနက်ခင်းတစ်ခုကိုဗဟိုပြုရေးဖွဲ့ထား ပြီးကျွန်တော်နှင့်နာတာကာဟူသောအဓိကဇာတ်ကောင်နှစ်ဦးသာပါရှိသည့်ဝတ္ထုတိုဖြစ်သည်။အထီးကျန်ဖြစ်နေ ကြသူနှစ်ဦး၏ဘဝအမြင်နှင့်ချစ်ခြင်းတရားတို့အား တစ်နည်းတစ်ဖုံဖော်ကျူးထားသည့်အရေးအသာဟုယူဆမိ သည်။
''ကျွန်တော့်ဘဝတစ်ခုလုံးကိုရာဇဝတ်မှုတစ်ခု၊အပြစ်တစ်ခုလို့ နားလည်ခဲ့တာကြောင့်အခုအချိန်မှာဒီအပြစ်တွေ ကိုကျူးလွန်မိခဲ့တာတွေကိုလည်းဝမ်းနည်းနေမှာမဟုတ်တော့ဘူးလေ။အပိုပြောတယ်လို့မထင်ပါနဲ့နာတာကာ။ကြေကွဲခြင်းနဲ့မျှော်လင့်စရာမရှိတဲ့ဝေဒနာတွေဖုံးလွှမ်း ထားတဲ့အခါမျိုးတွေမှာ ကျွန်တော့်အတွက်စစ်မှန်တဲ့ဘဝ ဆိုတာဘယ်တော့မှမရှိတော့ဘူးလို့ခံစားမိခဲ့တယ်။ကျွန်တော့်ဘဝဟာကျိန်ဆဲခံနေရသလိုပါပဲ။
အတွေးစိတ်ကူးတွေပြည့်နေတဲ့ညဥ့်လယ်ယံတွေမှာ ကျွန်တော့်ရဲ့ပတ်ဝန်းကျင်မှာပွက်ပွက်ဆူညံနေတဲ့လူသံတွေကြားနေရပြီးသူတို့တစ်တွေဘယ်လိုရှင်သန်နေကြ သလဲဆိုတာတွေ့နေရတယ်။
သူတို့ရဲ့ဘဝဆိုတာတိုင်းချုပ်ထားတဲ့အဝတ်တွေပါပဲ။ သူတို့ဘဝဟာသူတို့အိပ်မက်တွေ၊အာရုံတွေလိုပြန့်ကျဲမနေဘဲအချိန်တိုင်း နာရီတိုင်းမှာတစ်ခုနဲ့တစ်ခုမတူအောင်ပြန်မွမ်းမံနေကြရတယ်။ '' ( စာမျက်နှာ - ၃၃ နှင့် ၃၄ မှ )
၂။ သူတော်စင်ရူး
( The Dream Of A Rediculous Man )
ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ဆုံးဖြတ်ချက်ချထားသူ တစ်ဦး ၏ခံစားချက်နှင့်အိပ်မက်တို့ကိုရောထွေးရေးဖွဲ့ ထားသည့်ဝတ္ထုတိုဖြစ်သည်။
''နောက်တော့လည်းဒါတွေဟာမျက်စိမှောက်တဲ့ကိစ္စ၊ ထင်ယောင်ထင်မှားကိစ္စတွေပဲဆိုတာသဘောပေါက်လာတယ်။ရှေ့လျှောက်လည်းဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့အဖြေပဲ ရတယ်။အဲဒီအချိန်ကစပြီးလူတွေကို လည်းစိတ်မဆိုးတော့ ဘူး၊ဂရုလည်းမစိုက်တော့ဘူး။ အဲဒီလိုကျုပ်ရဲ့ပြောင်းလဲမှုဟာသေးသေးမွှားမွှားကိစ္စလေးတွေမှာတောင်သိသာလာတယ်။ ဥပမာလမ်းပေါ်လျှောက်သွားတဲ့အခါမှာလမ်းပေါ်ကလူတစ်ယောက်ယောက်နဲ့တိုက်မိသလိုပေါ့။ဘယ်သူ့ကိုမှလည်းအရေးမ လုပ်ချင်တော့ဘူး။အဲဒီအချိန်မှာကျုပ်ဟာဘာအတွက်များစဉ်းစားနေရဦးမှာလဲ။အတွေးထဲမှာလည်းနှစ်မြုပ်မနေဘူး။ဘာတစ်ခုမှလည်းစဉ်းစားမနေဘူး။ပြဿနာ အားလုံးသူ့ ဘာသာလွင့်ပျောက်သွားလိမ့်မယ်။''
( စာမျက်နှာ - ၈၃ မှ )
၃။ သူခိုးငရိုး
( A Honest Thief )
အပ်ချုပ်သမားအိုင်ဗင်နော့ဗစ်နှင့်အရက်သမားသူခိုးလေးအီလီယစ်တို့၏သံယောဇဉ်ကိုရေးဖွဲ့ထားသည့် ဝတ္ထုတိုဖြစ်သည်။
''ကောင်လေးကတော့ကျုပ်ရှေ့မှာပက်လက်ကလေး၊ ကျုပ်က တံခါး၏မှာထိုင်ပြီးအလုပ်လုပ်နေတယ်။အိမ်ရှင်မိန်းမကြီးက မီးဖိုချောင်ထဲမှာ။အားလုံးဟာတိတ်ဆိတ်ငြိမ်သက်နေကြ တယ်။ဒီကလေးအကြောင်းကိုတွေးပြီး ကျုပ်ရင်ထဲဆူပွက်ပူလောင်နေတယ်။သားအရင်းတစ်ယောက်ကိုဆုံးရှုံးရတော့မယ့်ဖခင်တစ်ယောက်ရဲ့အဖြစ်လိုပဲခံစားရတယ်။''
( စာမျက်နှာ - ၁၃၃ မှ )
လူသား၏ဖြစ်တည်မှုအပေါ်တစ်နည်းတစ်ဖုံဆန်းစစ်ပြထားသည့်ဝတ္ထုတိုအရေးအသားသုံးပုဒ်ဟုယူဆမိပါ သည်။
မမသ
၁၉ ၊ အောက်တိုဘာ ၊ ၂၀၁၇
Publisher Name: ကျော်မွှေးစာပေ
Publisher Address: အမှတ် ၉၅(၆)လွှာ၊အောင်ဇေယျလမ်း၊အလုံမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း- 095057791
Publisher Phone Number: 095057791