■ မိန်းမတွေက မေထုန်မှီဝဲဖို့အတွက် အကြောင်းပြချက်တစ်ခု လိုတယ်။ ယောကျ်ားတွေကတော့ နေရာတစ်ခုသာ လိုတယ်။
■ ယောကျ်ားတွေဟာ သူတို့ရဲ့ရွေးချယ်ခွင့်တွေ ရှိရင်ရှိသလောက် သစ္စာရှိကြတယ်။
■ ရယ်ပါ။ ကမ်ဘာကြီးက ခင်ဗျားနဲ့အတူ လိုက်ရယ်ပါလိမ့်မယ်။ တခေါခေါ ဟောက်ပါ။ ခင်ဗျားတစ်ယောက်တည်း အိပ်စက်ရလိမ့်မယ်။
■ ဘုရားသခင်က သာသနာကို ကိုယ်ကာယလေ့ကျင့်ရေးအသင်းဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး။
■ ဘုရားကျောင်းက ဓမ္မတေးသံပြိုင်ဆိုအဖွဲ့မှာ ကျုပ် ပထမဦးဆုံးအကြိမ် သီချင်းဝင်ဆိုခဲ့တုန်းက လူ ၂၀၀ ဟာ ကိုးကွယ်တဲ့ဘာသာ ပြောင်းသွားခဲ့ကြတယ်။
■ ခင်ဗျားရဲ့ဘရိတ်တွေကို ကျုပ် မပြင်နိုင်တော့ဘူး။ ဒါကြောင့်မို့ ဟွန်းကို ပိုပြီးကျယ်ကျယ်တီးလို့ရအောင် လုပ်ပေးခဲ့တယ်။
■ လူတစ်ယောက်ကို လွှတ်တော်ဆီ သင် ဦးတည်ခေါ်ဆောင်သွားနိုင်တယ်။ ဒါပေမဲ့ သူ တွေးခေါ်အောင်တော့ သင် မလုပ်ဆောင်နိုင်ပေဘူး။
■ ဘုရားသခင်ဆီက မော်တော်ဆိုင်ကယ်တစ်စီး တောင်းခဲ့ပေမယ့် ဘုရားသခင်က ဒီလိုနည်းနဲ့ မပေးလောက်ဘူးဆိုတာ ကျုပ် သိတယ်။ ဒီတော့ မော်တော်ဆိုင်ကယ်တစ်စီးကို ကျုပ် ခိုးခဲ့တယ်။ ပြီးတော့ ဘုရားသခင်ဆီက ခွင့်လွှတ်မှု တောင်းခံခဲ့တယ်။
■ ကျုပ်မိန်းမကို စကားမပြောဖြစ်တာ နှစ်အတော်ကြာပြီ။ သူမ စကားပြောနေတာကို ဖြတ်မပြောချင်လို့။
■ အားကစားရုံမှာ ကျွန်မအနှစ်သက်ဆုံးစက်က အကြွေစေ့ထည့်ပေးလိုက်ရင် အစားအသောက်ထုတ်ပေးတဲ့စက်ပဲ။
■ ကဲ . . . ကျုပ်သာ ဖုန်းနံပါတ်မှားခေါ်မိတယ်ဆိုရင် ခင်ဗျားက ဘာကိစ္စထူးနေရတာတုန်း။
■ သက်သတ်လွတ်သမားဆိုတာ သားသမီးတွေရနိုင်တဲ့ ဘယ်သတ္တဝါကိုမှ မစားတဲ့သူမျိုးပဲ။
■ မိတ်ဆွေချင်းခင်မင်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ်သေးပန်းနေတာနဲ့ တူတယ်။ လူတိုင်းက မြင်နိုင်တယ်။ ဒါပေမဲ့ အဲဒီကရရှိတဲ့နွေးထွေးတဲ့ခံစားချက်ကို ကိုယ့်ဘာသာပဲ ခံစားနိုင်တာ။
■ လူတစ်ယောက်ဟာ သူ ဘာကိုမသိတာလဲဆိုတာကိုသိတဲ့အထိ သူ ဘာကိုသိတာလဲဆိုတာကို သူ မသိဘူး။
■ သူ့အိပ်မပျော်နိုင်တဲ့ရောဂါက သိပ်ဆိုးတယ်။ ခမျာ ရုံးချိန်တွင်းတောင် မအိပ်နိုင်ရှာဘူး။
■ ကျွန်တော်ဟာ မိန်းကလေးနှစ်ယောက်လိုချင်တဲ့အရွယ် ရောက်နေပြီ။ ကျွန်တော် အိပ်မောကျသွားတဲ့အခါ လိုရမယ်ရ သူတို့ တစ်ယောက်ကိုတစ်ယောက် စကားပြောနိုင်တာပေါ့။
■ ကျုပ် ကလေးဘဝတုန်းက ပင်လယ်သေဟာ ဖျားပဲဖျားနေခဲ့တာ။
■ အစားအစာတွေအကြောင်း စိတ်ထဲဝင်မလာအောင် တစားတည်းစားပေးနေရတယ်။
■ အို . . . အဖဘုရားသခင်၊ ကျွန်တော်မျိုးကို အပြစ်ကင်းစင်ကြယ်ဖို့ ကူညီစောင့်မပေးသနားတော်မူပါ။ ဒါပေမဲ့ ခုထိတော့ မကူညီနဲ့ဦးနော်။
■ ဥတုရာသီအတွက်ဆို ကောင်းကင်ဘုံကို သွားပါ။ အဖော်အပေါင်းတွေအတွက်ဆို ငရဲပြည်ကို သွားပါ။
■ ယေဘုယျကောက်ချက်ချတာတွေအားလုံးဟာ မှားယွင်းတယ်။ ဒီတစ်ခုအပါအဝင်ပေါ့။
_________________________________________________
နယ်ပယ်မျိုးစုံက ပညာရှင်ပေါင်း ၁၄၆ ယောက်ရဲ့ သရော်စကားပေါင်း ၂၀၀ ကို ပြန်ဆိုစုစည်းထားတဲ့စာအုပ်ပါ။ ဒီစာအုပ်မှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ယှဉ်တွဲဖော်ပြထားတဲ့အကြောင်းက မူရင်းသရော်စကားတွေကိုလည်း ထိတွေ့ခံစားစေချင်လို့ပါ။ နောက်တစ်ချက်က ကျွန်တော့်ရဲ့မပြည့်ဝမှုကြောင့် ဘာသာပြန်ဆိုမှုအလွဲအချော်တွေ ရှိနေခဲ့ရင် စာဖတ်သူတွေဘက်က မူရင်းကို ဖတ်ရှုပြီး ထောက်ပြပြောဆိုစေချင်တာပါ။
ဒီသရော်စကားတွေဟာ The Voice Sunday မှာ ရှစ်လဆက်တိုက် ပြန်ဆိုထည့်သွင်းခဲ့တဲ့ သရော်စကားတွေလည်း ဖြစ်ပါတယ်။