Book Image

ဆင်မြူရယ်ဘက်ကက်၏ ပြဇာတ်တို သုံးပုဒ်

မြင့်သန်း

ဆင်မြူရယ်ဘက်ကက်၏ ပြဇာတ်တို သုံးပုဒ်

မြင့်သန်း
၂၀၁၅၊ ဇန်နဝါရီ၊ ပထမအကြိမ်
စောင်ရေ - ၅၀၀
၈၀၀ ကျပ်
မုံရွေးစာပေ
01 297072, 01 527656


ဘက်ကက်၏အရေးအသားများကို ဘာသာစကား အသီးသီးသို့ ပြန်ဆိုကြရာတွင် စကားလုံးကို လုံးချင်း အနက်ဖလှယ်သည်ထက် အသုံးအနှုန်း၏အနက်ကို အနက် အနက်ချင်း ဖလှယ်သည့်သဘောဖြင့် ပြန်ဆိုကြရပါသည်။ 


ဆိုလိုသည်မှာ Purple Nose ကို ခရမ်းရောင်နှုတ်ခေါင်းဟု ပြန်သော် စကားလုံး/စာလုံးကို လုံးချင်း ဘာသာပြန်သည့်အနေဖြင့် (အဘိဓာန်လာ အနက်အရ) မမှားတန်ရာသော်လည်း အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိမလာပါ။ အထူးသဖြင့် မြန်မာတို့၏ ဘာသာစကားအဝန်းအတွင်း ခရမ်းရောင်နှာခေါင်းသည် ဘက်ကက်၏ ဆိုလိုရင်းတစ်ခုအဖြစ် အနက်ပေါ်မလာ။ ဆိုလိုရင်းမှာ ဒေါသထွက်ခြင်း၊ စိတ်နောက် ကိုယ်ပါ လုပ်ဆောင်နေရခြင်းသာ ဖြစ်ပါသည်။ 

အလားတူပင် Blackball ဟူသော စကားလုံးကို လုံးချင်းအနက်ဖော်သည့်အနေဖြင့် ဘောလုံးအနက်ဟု ပြန်လိုက ပြန်နိုင်သော်လည်း ဤအရေးအသားတွင် ဘက်ကက်က to vote against ကိုပင် မဆိုလို။ Ostracise သဘောကို ဆိုလိုသည်သာ ဖြစ်သည်။

- စာမျက်နှာ ၂၃၊ ၂၄ မှ

•••••••

တစ်ချိန်တည်းမှာပင် Old PMS ဟူသော အသုံးအနှုန်းကို ကြည့်စေလိုပါသည်။ PMS မှာ Premenstrual Syndrome ဖြစ်ပြီး မြန်မာတို့၏ ဘာသာစကားအရသော် အမျိုးသမီးများ ဓမ္မတာမလာမီ ဖြစ်လေ့ဖြစ်ထရှိသော ဝေဒနာများဟု ခပ်လွယ်လွယ် ဆိုနိုင်ပါသည်။ သို့ရာတွင် ဘက်ကက်ဆိုလိုခဲ့သည်မှာ (ဘီယင်ကာအား ညွှန်းသည့်အနေဖြင့်) အပျိုကြီးဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။

- စာမျက်နှာ ၂၅ မှ

•••••••

ဘက်ကက်အား မော်ဒန်၊ ပို့စ်မော်ဒန် ပရဝုဏ်အတွင်း အတင်း ဆွဲသွင်းနေကြသော်လည်း သူ၏အရေးအသားများသည် အစဉ်အလာမှ လမ်းခွဲကာ ဖောင်းပွနေသည့် စကားလုံးများဖြင့် တည်ဆောက်ခဲ့သည်မဟုတ်။ အထူးသဖြင့် ပြဇာတ်များတွင် နေ့စဉ်သုံး ဘာသာစကားများဖြင့် တည်ဆောက်ခဲ့သည်သာ များခဲ့သည်။ အလားတူပင် စာကြောင်းများ တည်ဆောက်ရာတွင်လည်း နေ့စဉ်သုံး ဝါကျများဖြင့် အနက်ရင်း မထွေပြားစေရန် ရေးသားတည်ဆောက်ခဲ့သည်။ မြန်မာဘာသာသို့ ပြန်ဆိုလိုက်သော အရေးအသားကို ဖတ်ရုံမျှဖြင့် ဘက်ကက်၏ဆိုလိုရင်းအနက် ပေါ်နိုင်၊ မပေါ်နိုင် ကျွန်တော် အာမ မခံနိုင်။ သို့ရာတွင် မြည်းစမ်းကြည့်နိုင်ရန် ဘာသာပြန်ရခြင်းသာ ဖြစ်ပါသည်။

- စာမျက်နှာ ၂၅ မှ

•••••••

ဒီစာအုပ်ထဲမှာ 

- Krapp's Last Tape 
- Ohio Impromptu 
- Catastrophe 

ဆိုတဲ့ ပြဇာတ်တို သုံးပုဒ်ကို ဖတ်ရှုရပါလိမ့်မယ်။

#လူသာမန်
30.4.2018; 6:24 pm


Publisher Name: မုံရွေးစာအုပ်တိုက်

Publisher Address: အမှတ် ၂၁၃-၂၁၅၊ဗိုလ်တစ်ထောင်ဘုရားလမ်း ပုဇွန်ထောင်မြို့နယ်၊ရန်ကုန်။ဖုန်း-01297072

Publisher Phone Number: 01297072


Related Books

Book Review Image

သူတို့ဘာလို့ စာမဖတ်ကြတာလဲ

လူသာမန်
Book Review Image

မက္ကဇင်ပါပီ

ပါပီယွန်
Book Review Image

အတ္တလန်တစ် ရှာပုံတော်

သင့်လူ
Book Review Image

ပိတ်ထားတဲ့ အခန်း

ဒီနိုဗို
Book Review Image

တစ္ဆေ

ဒီနိုဗို
Book Review Image

ညဖြူဖြူ ၊ သူတော်စင်ရူး ၊ သူခိုးငရိုး

တင်ဦးခက်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

တကွဲတပြား

ဒီနိုဗို
Book Review Image

​နွေကန ္တာ၊မြကတ္တီပါလမ်​းမှသည်​မဟာရံတံတိုင်​းဆီသို့

တင်မောင်မြင့်
Book Review Image

မုသားပေါင်းချုပ်

တော်ကောင်းမင်း
Book Review Image

မိစၦာကျွန်း

ဝေယံဘုန်း
Book Review Image

ဒီကနေ့ညအတွက်_မိုးလေဝသခန့်မှန်းချက်ကတော့_မှောင်ပါမယ်

လူသာမန်
Book Review Image

သိအောင်_စာဖတ်ရတယ် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ညီပုလေး၏ မြေးသူကြီး

ညီပုလေး
Book Review Image

BOOK REVIEW - e book - မင်​း​သေ့

မင်းသေ့
Book Review Image

စာအုပ်မိတ်ဆက်နှင့်ဖတ်ညွှန်းတိုတိုများ

လေးကိုတင်
Book Review Image

စာအုပ်အညွှန်း ၁၂ အုပ်

မင်းသေ့