Book Image

မိစၦာကျွန်း

ဝေယံဘုန်း

Lord of the Flies - William Golding 

မိစၦာကျွန်း - ဝေယံဘုန်း(ဘာသာပြန်)
တန်ဖိုး - ၄၇၀၀ကျပ်
ဒီစာအုပ်ကို ဝေယံဘုန်းက မြန်မာဘာသာပြန်ထားပါတယ်။ ကံ့ကော်ဝတ်ရည်က ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈၊ ဧပြီလက ထုတ်ဝေလိုက်ပါတယ်။ စာမျက်နှာ ၃၃၇ မျက်နှာပါပြီး မျက်နှာဖုံးပန်းချီကတော့ ပန်းချီဇော်မောင် ဖြစ်ပါတယ်။

စာအုပ်ကို ဘယ်မှာ ဝယ်လို့ရမလဲဆိုတော့ အမြို့ မြို့ အနယ်နယ်က စာအုပ်ဆိုင်တွေမှာ ဝယ်လို့ ရပါပြီ။ ဈေးဝယ်စင်တာတွေဖြစ်တဲ့ စီးတီးမတ်နဲ့ အိုးရှင်းစူပါစင်တာတွေရဲ့ စာအုပ်ရောင်းတဲ့ကောင်တာမှာလည်း ဒီဈေးနှုန်းအတိုင်း ဝယ်ယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက် မှာယူလိုတယ်ဆိုရင်တော့ WE Distribution၊ BOB - Burma Online Bookstore RoyalshopBook ပေ့ချ်တွေကနေတစ်ဆင့် မှာလို့ရနိုင်သလို။ ဒီဓာတ်ပုံအောက်က "Send Message" ကိုနှိပ်ပြီး
အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နဲ့ စာအုပ်အမည် အရေအတွက်တို့ကို ရေးသားပေးပို့ မှာယူနိုင်ပါတယ်ခင်ဗျာ။ စာအုပ်ပို့ခက ၁၀၀၀ကျပ် ကျမှာ ဖြစ်ပြီး အနည်းဆုံး တစ်ပတ် ဒါမှမဟုတ် ဆယ်ရက် ကြာပါမယ်။

ဒီစာအုပ်ကို ၂၀% လေ ျှာ့ဈေးနဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ အမှတ် ၅၁၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ကံ့ကော်ဝတ်ရည်စာအုပ်အိမ်မှာ တစ်လအတွင်း(မေလ ၂၄ရက်အထိ) လာဝယ်မယ်ဆိုရင် ၃၇၆၀ကျပ်ပဲ ကျသင့်မှာပါ။


နိုဘယ်လ်ဆုရ ကမ်ဘာကျော် စာရေးဆရာကြီး William Golding ရဲ့ Lord of the Flies ကို နှစ်ပေါင်း ၆၄နှစ်ကြာပေမယ့် ဒီနေ့အထိ ကမ်ဘာမှာ နာမည်ကျော်ကြားဆဲ တသသပြောနေရဆဲ ဖြစ်ပါတယ်။


နိုင်ငံများစွာရဲ့ ကျောင်းသင်ရိုးမှာ ပြဌာန်းနေဆဲ ဖြစ်တဲ့ ဒီစာအုပ်ဟာ ကျွန်းတစ်ကျွန်းပေါ်ကို အမှတ်မထင် ရောက်သွားတဲ့ ကောင်လေးတွေအကြောင်း စိတ်ကူးဖန်တီးထားတဲ့ Fiction ဝတၳုတစ်ပုဒ် ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေရဲ့ သဘာဝအကြောင်းကို ပေါ်လွင်အောင် ရေးနိုင်လွန်းလို့ ဖတ်ဖူးသူတွေက ထပ်ခါထပ်ခါ ဖတ်ချင်ပြီး စာသမားအချင်းချင်း ပြန်လည်ညွှန်းဆိုကြတဲ့ စာအုပ် ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံထုတ် The Times သတင်းစာရဲ့ ၁၉၂၃ ကနေ ၂၀၀၅ ခုနှစ်အတွင်း အကောင်းဆုံး အင်္ဂလိပ်ဝတၳု ၁၀၀ စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ်လည်း ပြန်လည် အသက်သွင်းခဲ့ပါသေးတယ်။ William Golding ရဲ့ ပထမဆုံး စာအုပ်ဖြစ်ပြီး Golding ဟာ ဘာကြောင့် နိုဘယ်လ်ဆု ရခဲ့သလဲဆိုတာ သူ့ရဲ့ ပထမဆုံးလက်ရာကို ဖတ်ပြီး ဆုံးဖြတ်ကြည့်ကြစေချင်ပါတယ်။

ဒီစာအုပ်အကြောင်း မသိသေးတဲ့သူတွေအတွက် စာအမြည်းအနေနဲ့ ဖတ်ရအောင် စာအုပ်အကြောင်း၊ ဝီလျံဂိုးလ်ဒင်းအကြောင်းနဲ့ စာအုပ်ထဲက ပထမဆုံး အခန်း ၂ခန်း(စုစုပေါင်း စာမျက်နှာ ၈၄မျက်နှာ)ကို လက်ဆောင်ပေးလိုက်ပါတယ်။ bit.ly/matesarkyun မှာ ဒေါင်းလုပ်ရယူပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ 


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books

Book Review Image

သူတို့ဘာလို့ စာမဖတ်ကြတာလဲ

လူသာမန်
Book Review Image

မက္ကဇင်ပါပီ

ပါပီယွန်
Book Review Image

အတ္တလန်တစ် ရှာပုံတော်

သင့်လူ
Book Review Image

ပိတ်ထားတဲ့ အခန်း

ဒီနိုဗို
Book Review Image

တစ္ဆေ

ဒီနိုဗို
Book Review Image

ညဖြူဖြူ ၊ သူတော်စင်ရူး ၊ သူခိုးငရိုး

တင်ဦးခက်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

တကွဲတပြား

ဒီနိုဗို
Book Review Image

​နွေကန ္တာ၊မြကတ္တီပါလမ်​းမှသည်​မဟာရံတံတိုင်​းဆီသို့

တင်မောင်မြင့်
Book Review Image

မုသားပေါင်းချုပ်

တော်ကောင်းမင်း
Book Review Image

ဒီကနေ့ညအတွက်_မိုးလေဝသခန့်မှန်းချက်ကတော့_မှောင်ပါမယ်

လူသာမန်
Book Review Image

သိအောင်_စာဖတ်ရတယ် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ဆင်မြူရယ်ဘက်ကက်၏ ပြဇာတ်တို သုံးပုဒ်

မြင့်သန်း
Book Review Image

ညီပုလေး၏ မြေးသူကြီး

ညီပုလေး
Book Review Image

BOOK REVIEW - e book - မင်​း​သေ့

မင်းသေ့
Book Review Image

စာအုပ်မိတ်ဆက်နှင့်ဖတ်ညွှန်းတိုတိုများ

လေးကိုတင်
Book Review Image

စာအုပ်အညွှန်း ၁၂ အုပ်

မင်းသေ့