Book Image

စာအုပ်မိတ်ဆက်နှင့်ဖတ်ညွှန်းတိုတိုများ

လေးကိုတင်

စာအုပ်အမည် - စာအုပ်မိတ်ဆက်နှင့်ဖတ်ညွှန်းတိုတိုများ

စာရေးဆရာ - လေးကိုတင်
 
စာအုပ်တိုက် - စိတ်ကူးချိုချို

ထုတ်ဝေသည့်ခုနှစ်- ၂၀၁၉၊ဒီဇင်ဘာလ၊ပထမအကြိမ်

တန်ဖိုး - ၃၀၀၀ ကျပ်


မျှဝေတဲ့စိတ်ကလေးနဲ့စာဖတ်ခြင်း
***********************************
လူဆိုတာ အရသာ သိမှ စွဲလမ်း ကြတယ်လို့ ဆိုပါတယ်

အရသာမသိတဲ့အရာကို စွဲလမ်းစေချင်ရင်  အရသာသိတဲ့သူက ပြောပြမှ ရှင်းပြမှသာ စမ်းသုံးကြည့်ကြလေ့ရှိပါတယ်

အစားအစာ၊အသုံးအဆောင်၊ခရီးသွားတာမျိုးတွေကအစ Facebook ပေါ်မှာ အပြိုင်အဆိုင် ပုံစံမျိုးစုံ ဆွဲ​ဆောင်ပြီး တင်နေကြတဲ့ခေတ်ကြီးထဲမှာ စာဖတ်ဖို့အတွက် ကြိုက်တဲ့စာဖတ် အကျိုးရှိတယ်ဆိုတာမျိုးထက်စာရင် ဖတ်စေချင်တဲ့စာအုပ်အကြောင်းလေးတွေကိုတော့ အညွှန်းလေးပြောပြသင့်တယ်လို့ ထင်ပါတယ်

ကျွန်တော်အနေနဲ့ညွှန်းဆိုချင်တဲ့စာအုပ်က​တော့ ဆရာလေးကိုတင်ရဲ့"စာအုပ်မိတ်ဆက်နှင့်ဖတ်ညွှန်းတိုတိုများ" ဘဲဖြစ်ပါတယ်
ဆရာက စာအုပ် ၇၅ အုပ်တိတိ ဖတ်ညွှန်းရေးသားပြီး တိုတိုနဲ့စာအုပ်တစ်အုပ်ချင်းစီရဲ့အကြောင်းကိုခြုံငုံမိအောင်ရေးသားထားတဲ့အတွက် စာဖတ်သမားတိုင်း အချိန်မကုန်ဘဲ ဖတ်ချင်တဲ့စာအုပ်အကြောင်းသိနိုင်မှာဖြစ်ပါတယ် ဒီလိုစာအုပ်တွေဟာ နောက်တစ်ကြိမ်ထပ်ထုတ်ဖို့ မလွယ်တာကြောင့် အပိုင်ဝယ်ထားသင့်တဲ့ စာအုပ်တစ်အုပ်လို့ဆိုချင်ပါတယ်

ဆရာလေးကိုတင်က စာအုပ်ဖတ်ညွှန်းနဲ့ပတ်သက်ပြီး သူ့သဘောထားကို တင်ပြထားပုံက

(ယနေ့ ပစ္စုပ္ပန်ကာလဖြစ်ပါသည်။မနက်ဖြန်ဆိုလျှင် အနာဂတ်ကာလဖြစ်သည်။ယနေ့ကာလတွင် ထွက်ရှိလာကြသော စာအုပ်များအကြောင်းကို မဂ္ဂဇင်းများ (မဟေသီ၊မြန်မာ့ဓန၊Beauty၊သရဖူ၊ဟန်သစ်၊ချယ်ရီ)နှင်ဂျာနယ်များ (စျေးကွက်၊အကျိုးဆောင်၊ယနေ့ခေတ်၊သတင်းလွှာ၊သဘင်အနုပညာ)တွင် ဖတ်ရှုတွေ့မြင်နေရခြင်းသည် မနက်ဖြန်ဆိုသောကာလတစ်ခု၌ အတိတ်၏ကောင်းမြတ်သော အကျိုးရလဒ်ကို ပြန်လည်ရှာဖွေတွေ့ရှိကြရမည်ဖြစ်ပါသည်။

အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးတွင် ဖြစ်တည်ရှင်သန်နေသော စာအုပ်များအကြောင်း အညွှန်းပြုရေးသားနေမှသာ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသော စာအုပ်စာတမ်းများသည် စာကြည့်တိုက်များ၊စာအုပ်အသင်းများ၊စာဖတ်ပရိသတ်၏ ကိုယ်ပိုင်စာအုပ်စင်များ၌ထာဝရရှင်သန်ဝေဆာနေတော့မည်ဖြစ်ပါသည်ဟူ၍။)

ဖတ်ညွှန်းရေးသူ စာရေးဆရာရဲ့သဘောထားကိုမြင်ရတော့ ဖတ်ညွှန်းရေးသူကိုလည်း စာကြည့်တိုက်မှုးတစ်ယောက်လို မြင်မိပါတယ် စာကြည့်တိုက်ဆောင်ပုဒ်တစ်ခုဖြစ်တဲ့ "ပညာရှာသူ ဒို့ဝိုင်းကူ" ဆိုတဲ့စာသားလေးလိုပါဘဲ မျှဝေတတ်တဲ့စိတ်ကလေးကို ခံစားမိပါရဲ့။

ဖြည့်စွတ်ပြောရရင် ဆရာပြောတဲ့ မဂ္ဂဇင်း၊ဂျာနယ်တွေဟာ တဖြုတ်ဖြုတ်နဲ့မထွက်နိုင်ဘဲ ပျောက်ကွယ်ကုန်ကြပါပြီ သို့သော်လည်း စာအုပ်တွေကတော့ အပြိုင်အဆိုင် ထွက်နေကြတုန်းပါဘဲ

ဒီနေရာမှာ အဓိကပြောချင်တာက စာကြည့်တိုက်မှုးတွေပါ စာကြည့်တိုက်က စာအုပ်​တွေရဲ့အကြောင်း သိဖို့ စာအုပ်အကုန်ဖတ်နိုင်ဖို့မလွယ်ကူပေမယ့် စာအုပ်အဖြစ်ထွက်ထားတဲ့ ဖတ်ညွှန်းစာအုပ်တွေ၊Facebook ပေါ်က စာအုပ်ဖတ်ညွှန်းဂရုတွေထဲက ဖတ်ညွှန်းလောက်တော့ ဖတ်ကြည့် ကြဖို့ လိုပါလိမ့်မယ်
ကျွန်တော်ရဲ့Save The Library App ထဲမှာ ဖတ်ညွှန်းရေးသားသူတွေရဲ့စာတွေတင်မကဘဲ ဖတ်ညွှန်းဗီဒီယို ရိုက်ကူးထားတာတွေကိုပါ တင်ပေးထားပါတယ် လေ့လာနိုင်အောင် Link လေးပါတင်ပေးလိုက်ပါတယ်
https://play.google.com/store/apps/details?id=net.myanmarlinks.savethelibrary

#O Soe


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books

Book Review Image

သူတို့ဘာလို့ စာမဖတ်ကြတာလဲ

လူသာမန်
Book Review Image

မက္ကဇင်ပါပီ

ပါပီယွန်
Book Review Image

အတ္တလန်တစ် ရှာပုံတော်

သင့်လူ
Book Review Image

ပိတ်ထားတဲ့ အခန်း

ဒီနိုဗို
Book Review Image

တစ္ဆေ

ဒီနိုဗို
Book Review Image

ညဖြူဖြူ ၊ သူတော်စင်ရူး ၊ သူခိုးငရိုး

တင်ဦးခက်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

တကွဲတပြား

ဒီနိုဗို
Book Review Image

​နွေကန ္တာ၊မြကတ္တီပါလမ်​းမှသည်​မဟာရံတံတိုင်​းဆီသို့

တင်မောင်မြင့်
Book Review Image

မုသားပေါင်းချုပ်

တော်ကောင်းမင်း
Book Review Image

မိစၦာကျွန်း

ဝေယံဘုန်း
Book Review Image

ဒီကနေ့ညအတွက်_မိုးလေဝသခန့်မှန်းချက်ကတော့_မှောင်ပါမယ်

လူသာမန်
Book Review Image

သိအောင်_စာဖတ်ရတယ် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ဆင်မြူရယ်ဘက်ကက်၏ ပြဇာတ်တို သုံးပုဒ်

မြင့်သန်း
Book Review Image

ညီပုလေး၏ မြေးသူကြီး

ညီပုလေး
Book Review Image

BOOK REVIEW - e book - မင်​း​သေ့

မင်းသေ့
Book Review Image

စာအုပ်အညွှန်း ၁၂ အုပ်

မင်းသေ့