Book Image

ပိတ်ထားတဲ့ အခန်း

ဒီနိုဗို

မူရင်းစာအုပ်အမည် - The Locked Room 

စာရေးသူ - ပေါလ်အော်စတာ
ဘာသာပြန်စာအုပ် အမည် - ပိတ်ထားတဲ့ အခန်း
ဘာသာပြန်ဆိုသူ - ဒီနိုဗို
ထုတ်ဝေသူ - အိမ်မက်အသစ်စာပေ  (38, 3rd Fl, 153rd Lane, Tamwe Tsp, Ygn)
Phone: 09 798173477, 09 79053703, 09 971310698
ပထမအကြိမ် ၂၀၁၆၊ အောက်တိုဘာလ။ 
တန်ဖိုး - ၂၅၀၀ ကျပ်
စာမျက်နှာ - ၁၉၅ မျက်နှာ

မှန်သားမြို့တော်ကို လက်ထဲရောက်တဲ့နေ့ကစလို့ ကိုယ့်နေ့တွေကို ဆရာဒီနိုဗိုနဲ့ ပေါလ်အော်စတာက သိမ်းသွားတော့တာပါပဲ။ The New York Trilogy လို့ခေါ်ဆိုတဲ့ မှန်သားမြို့တော်၊ တစ္ဆေနဲ့ ပိတ်ထားတဲ့အခန်း သုံးအုပ်တွဲဟာ တစ်အုပ်စီဖတ်လို့လည်း အရသာရှိသလို သုံးအုပ်တွဲဖတ်ရတဲ့အခါလည်း တစ်မျိုးဆွဲဆောင်မှုရှိပြန်တယ်။ ပိတ်ထားတဲ့ အခန်းမှာတော့ အလွတ်စုံထောက်တွေမပါတော့ပဲ စာရေးဆရာတွေပါလာတယ်။ ဒါပေမယ့် စာရေးဆရာက အလွတ်စုံထောက်လို ပျောက်သွားတဲ့ သူ့သူငယ်ချင်း ဖန်ရှောကိုလိုက်ရှာ၊ ဖန်ရှောနောက်ကြောင်းကို ဖော်ထုတ်တူးဖော်ပြန်တာမို့ စုံထောက်ဝတ္တုဖြစ်ရပြန်တယ်။ 


နာမည်ဖော်ပြမထားတဲ့ ဇာတ်ကြောင်းပြောသူဟာ စာရေးသူတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့ ငယ်သူငယ်ချင်း ဖန်ရှောထူးဆန်းစွာပျောက်ဆုံးသွားတဲ့ အမှုထဲကို မမျှော်လင့်ပဲ ပါဝင်ပတ်သတ်မိတယ်။ ဖန်ရှောကို သူငယ်ဘဝက လေးစားအားကျခဲ့ဖူးပြီး သူတို့နှစ်ယောက်ဟာ အမွှာတွေလို ရင်းနှီးခဲ့ဖူးသူတွေ ဖြစ်နေတယ်။ 


ဖန်ရှောဟာ ဇနီးချောလေးကို ကိုယ်ဝန်နဲ့ထားခဲ့ပြီး ရုတ်တရက်ပျောက်ဆုံးသွားတယ်။ ဆိုဖီကို ဖန်ရှောမှာခဲ့တာက သူရေးထားတဲ့ စာမူတွေကို သူ့သူငယ်ချင်းထံ ဆက်သွယ်ပြီး ပေးဖို့ ။ သူငယ်ချင်းဖြစ်သူက ထုတ်ဝေမယ်ဆိုရင် ထုတ်ဝေစေပြီး ထုတ်ဖို့ မသင့်ဘူးလို့ထင်တဲ့ စာမူတွေကို မီးရှို့ဖျက်စီးဖို့ ပြောခဲ့တယ်။ 

ဖန်ရှောဟာ သေဆုံးသွားလား၊ ထွက်ခွါသွားတာလား၊ စွန့်ခွါသွားတာလား၊ သို့မဟုတ် အတိတ်မေ့သွားတာလား။ ဒါတွေကို သိဖို့ ဆိုဖီဟာ အလွတ်စုံထောက် ကွင်းကို ငှားပြီး စုံစမ်းခဲ့သေးပေမယ့် သဲလွန်စဆိုတာ တစ်ခုလေးတောင် မရခဲ့ဘူး။ ဖန်ရှောရဲ့ အတိတ်ကိုလည်း ဆိုဖီသေချာမသိဘူး။ 

သို့ပေမယ့် ဇာတ်ကြောင်းပြောသူ ဖန်ရှောသူငယ်ချင်းရောက်လာပြီး စာမူတွေကို ဖတ်ကြည့်၊ ထုတ်ဝေဖို့ ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်းတော့ ဇာတ်လမ်းဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲလို့သွားတယ်။ စာမူတွေဟာ မယုံကြည်နိုင်စရာကောင်းအောင် အောင်မြင်တယ်။ ထုတ်ဝေသူက ဖန်ရှောအကြောင်းကို စာအုပ်ထုတ်ချင်လာတယ်။ ဇာတ်ကြောင်းပြောသူဟာလည်း သူဒါကိုလုပ်နိုင်မယ်လို့ထင်တယ်။ ဒါနဲ့ဖန်ရှောရဲ့ အတိတ်ကို သူတတ်နိုင်သမျှလိုက်တူးဖော်တယ်။ ဖန်ရှောကို ငယ်ဘဝကတည်းက သူကိုယ်တိုင်က သံယောဇဉ်ရှိခဲ့တာဟာလည်း ပိုပိုပြီးပေါ်လာတယ်။ ဒီလိုဖြစ်ဆဲမှာ ဖန်ရှောဆီက စာတစ်စောင်ရောက်ရှိလာခဲ့တယ်။ ဒီစာကြောင့် ဖန်ရှော သက်ရှိထင်ရှားရှိနေဆဲလို့ သိလိုက်ရတယ်။ သူဟာ ဖန်ရှောကို ပြန်မပေါ်လာစေချင်ဘူး။ သေသွားစေချင်တယ်။ တစ်ခါတစ်ခါ ဖန်ရှောကို ကိုယ်တိုင်လိုက်ရှာပြီး သတ်ပစ်လိုက်ချင်တဲ့အထိကို ခံစားရတယ်။ 

သူတို့နှစ်ယောက်ဟာ အရမ်းနီးစပ်ကြပြီး တစ်ခါတစ်ခါ လူတွေက သူနဲ့ ဖန်ရှောကို မှားကြတယ်။ သူဟာ တစ်ဖြည်းဖြည်းနဲ့ဖန်ရှောနဲ့ ပိုပိုတူလာတယ်။ ပျောက်ဆုံးသွားသူ ဖန်ရှောရဲ့ နောက်ကြောင်းကိုလိုက်ရင်း သူကိုယ်သူတောင် ပျောက်ဆုံးလို့လာတယ်။ ဆိုဖီနဲ့ လက်ထပ်လိုက်ပြီး ပျော်ရွင်တဲ့ မိသားစုဘဝလေးရထားရက်နဲ့ ဖန်ရှောအကြောင်း စာအုပ်ရေးဖို့ ကြိုးစားရင်း ဆိုဖီနဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကိုတောင် စွန့်ပစ်မိတော့မတတ်။ 

စာအုပ်ကို ဖတ်နေရင်းနဲ့ ကိုယ်ကိုယ်တိုင် ဖန်ရှောကို လိုက်ရှာမိတော့တယ်။ ဖန်ရှောအလုပ်လုပ်ခဲ့တဲ့နေရာတွေကို သွားရှာတယ်။ သူနဲ့ ပတ်သတ်ခဲ့သူတွေနောက်လိုက်တယ်။ ရလိုက်တဲ့ အဖြေတွေက လက်ရှိ ဖန်ရှောဘယ်ရောက်နေလဲဆိုတဲ့ သဲလွန်စမရဘူး။ လောကကြီးနဲ့ ကင်းကင်းကွာကွာနေလွန်းတဲ့ ဖန်ရှောပုံရိပ်တွေပဲ ကိုယ်ခေါင်းထဲ ဝင်ဝင်လာတယ်။ 

“သူဟာ တစ်နေရာရာမှာ ရှိနေခဲ့သည်။ ကျွန်တော် လက်လှမ်းမမှီသည့် တစ်နေရာ၊ ကျွန်တော့် ဘဝအကန့်အသတ်များကို ကျော်လွန်နေသည့် တစ်နေရာရာမှာ ရှိနေခဲ့သည်။ သည့်အတွက် သူ့နောက်ကို မလိုက်မဖြစ်လိုက်ဖို့ လိုအပ်နေသည်ဟု ထင်ခဲ့မိသည်။ တကယ်တော့ ကျွန်တော်လုံးလုံးမှားနေခဲ့သည်။ ဖန်ရှောက ကျွန်တော်ရှိခဲ့သော နေရာမှာပဲ ရှိနေခဲ့သည်။ ဟိုအစကတည်းက ဤနေရာမှာပဲ တောက်လျှောက်ရှိနေခဲ့သည်။ သူစာရသည့် အခိုက်အတန့်မှာ ကျွန်တော်သူ့ကို ဘယ်လိုများရှိနေမယ်လဲ ခက်ခက်ခဲခဲ ပုံဖော်ကြည့်မိသည်။ သို့သော် ကျွန်တော့ စိတ်မှာ အမြဲဗလာသက်သက် ရှိနေခဲ့သည်။ အလိုအလျှောက်ပေါ်လာတာက သော့ခပ်ထားသည့် အခန်းတံခါးတွေသာ။ ဖန်ရှောက ထိုအခန်းထဲမှာ တစ်ယောက်တည်း၊ စိတ်ကူးယဉ် ဧကစာဘဝထဲ ရောက်နေခဲ့သည်။ အသက်ရှင်ကောင်း ရှင်နေမည်။ အသက်ရှုူချင်လည်း နေမည်။ အိပ်မက်များမက်နေသလား ဘုရားမှပဲ သိမည်။ အခုတော့ ကျွန်တော်သိပြီ။ ထိုအခန်းက ကျွန်တော့် ဦးခေါင်းခွံထဲမှာပဲ ရှိနေခဲ့သည်။”
စာမျက်နှာ ၁၄၇ 

ဖန်ရှောနောက်လိုက်ရင်း ဇာတ်ကြောင်းပြောသူဟာ သူ့ဟာသူပျောက်ဆုံးလာသလို ကိုယ်ဟာလည်း ပိတ်ထားတဲ့ အခန်းထဲမှာ ပျောက်ဆုံးလာတယ်။ တစ်ချို့စာကြောင်းတွေဟာ မှန်သားမြို့တော်ထဲက ကိစ္စတွေနဲ့ ချိတ်စပ်နေသယောင်၊ တစ္ဆေကိုပဲ ပြန်လှန်ရတော့မယောင်။ 

ဒီစာအုပ်ကိုဖတ်လို့ပြီးချိန်မှာ ကိုယ်ပြန်ဖတ်မိတဲ့ စာအုပ်က မှန်သားမြို့တော်။ ဒီ The New York Trilogy သုံးအုပ်တွဲဟာ တစ်ခါဖတ်ရုံနဲ့ သဘောပေါက်ဖို့ မလွယ်မှန်း ကိုယ်သိသွားခဲ့ပြီ။ 

မယ်ကျွိ
ညနေ ၄နာရီ ၅၅မိနစ်
တောင်ငူအသွား၊ အမြန်လမ်းမ၊ ၁၁၅ မိုင် တိုးဂိတ်။


Publisher Name: အိမ်မက်သစ်စာပေ


Related Books

Book Review Image

သူတို့ဘာလို့ စာမဖတ်ကြတာလဲ

လူသာမန်
Book Review Image

မက္ကဇင်ပါပီ

ပါပီယွန်
Book Review Image

အတ္တလန်တစ် ရှာပုံတော်

သင့်လူ
Book Review Image

တစ္ဆေ

ဒီနိုဗို
Book Review Image

ညဖြူဖြူ ၊ သူတော်စင်ရူး ၊ သူခိုးငရိုး

တင်ဦးခက်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

တကွဲတပြား

ဒီနိုဗို
Book Review Image

​နွေကန ္တာ၊မြကတ္တီပါလမ်​းမှသည်​မဟာရံတံတိုင်​းဆီသို့

တင်မောင်မြင့်
Book Review Image

မုသားပေါင်းချုပ်

တော်ကောင်းမင်း
Book Review Image

မိစၦာကျွန်း

ဝေယံဘုန်း
Book Review Image

ဒီကနေ့ညအတွက်_မိုးလေဝသခန့်မှန်းချက်ကတော့_မှောင်ပါမယ်

လူသာမန်
Book Review Image

သိအောင်_စာဖတ်ရတယ် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ဆင်မြူရယ်ဘက်ကက်၏ ပြဇာတ်တို သုံးပုဒ်

မြင့်သန်း
Book Review Image

ညီပုလေး၏ မြေးသူကြီး

ညီပုလေး
Book Review Image

BOOK REVIEW - e book - မင်​း​သေ့

မင်းသေ့
Book Review Image

စာအုပ်မိတ်ဆက်နှင့်ဖတ်ညွှန်းတိုတိုများ

လေးကိုတင်
Book Review Image

စာအုပ်အညွှန်း ၁၂ အုပ်

မင်းသေ့