Book Image

အတ္တလန်တစ် ရှာပုံတော်

သင့်လူ

စာအုပ် အမည် - Atlantis Found

စာရေးသူ အမည် - Clive Cussler
ဘာသာပြန် စာအုပ် အမည် - အတ္တလန်တစ် ရှာပုံတော်
ဘာသာပြန်သူ - သင့်လူ
စာအုပ် တန်ဖိုး - ၅၅၀၀ ကျပ်
စာအုပ်တိုက် - Exit books
ပထမအကြိမ် ၂၀၁၇ သြဂုတ်လ ဟု စာအုပ်တွင်ဖော်ပြထားသော်လည်း (၂၀၁၇ ဇွန်လ ၂၆ ရက်နေ့အတွင် စတင်ဖြန့်ချိခဲ့သည်။) 
စာမျက်နှာ - ၄၉၂ မျက်နှာ

စာအုပ်တွေကို အရင်လောက် မဖတ်ဖြစ်တာရော ဖတ်သမျှစာအုပ် တစ်ဝက်တပျက် ဖြစ်နေတာကြောင့်ရော စာအုပ် အညွန်းရေးဖို့ ပျက်ကွက်နေတာ ၂လနီးပါးပဲ။ ဇွန်လ ၂၆ ရက်နေ့မှာ ကိုမိုးကြီးရဲ့ ဘာဖြစ်ဖြစ် (Whatever) ထွက်မယ်ဆိုလို့ လှည်းတန်းရာပြည့်ကို ဖုန်းဆက်မေးတယ်။ ငါတို့စာပေက စာအုပ်ဆိုရင် ဆရာသင့်လူရဲ့ အတ္တလန်တစ်ရှာပုံတော်ပဲ ဒီနေ့ရောက်ပါတယ်တဲ့။ ဒါဆိုတော့လည်း သင့်လူပေါ့ဆိုပြီး သွားဝယ်ခဲ့တာ။ 

ပုံမှန်အားဖြင့် ဒီလိုစာအုပ်တွေကို ဖတ်လေ့မရှိပေမယ့် ခုတစ်လော စာလေးလေးပင်ပင်တွေထက် ဒီလို ပေါ့ပါးတဲ့ စာအုပ်က ကိုယ့်ကို ဆွဲဆောင်နိုင်ခဲ့တယ်။ စာအုပ်နောက်ကျောမှာပါတဲ့ မူရင်းစာရေးသူ Clive Cussler အကြောင်းအရ သူဟာ စွန်စားခန်း ဝတ္တုတွေ၊ သဘာဝလွန် ဝတ္တုတွေကို အရေးကောင်းသူ၊ အမျိုးသား ရေအောက် ရှာဖွေရေး အေဂျင်စီကို ဦးဆောင်တည်ထောင်ထားပြီး ရေအောက် သယံဇာတများ၊ သဘောၤပျက်များစွာကို ဦးဆောင်ရှာဖွေသူလည်း ဖြစ်တယ်တဲ့။ အဲဒါကြောင့် အခုစာအုပ်မှာ ပင်လယ်အောက်က အကြောင်းတွေ၊ သဘောၤတွေ အကြောင်းရေးသား ဖော်ပြမှုတွေဟာ အံမခန်းဖြစ်နေတာ ဖြစ်မယ်။ 


ဇာတ်လမ်းကို ၇၁၂၀ ဘီစီကနေ စထားတယ်။ ကြယ်တံခွန်ကြီး တစ်ခု မြေကမ္ဘာကို ဝင်တိုက်ပြီး ကမ္ဘာမြေလွာတွေ၊ တိုက်ကြီးတွေ၊ ပင်လယ်တွေ နေရာတွေပြောင်း။ ကမ္ဘာကြီး လုံးဝပျက်စီးသွားခဲ့တယ်။ ကမ္ဘာမြေပေါ်က အပင်တွေ၊ သက်ရှိ၊ သက်မဲ့တွေ၊ ယဉ်ကျေးမှုတွေ အကုန် အကုန် အလုံးစုံ ပျက်စီးသွား။ လက်တစ်ဆုပ်စာ လူတစ်ချို့ပဲကျန်ရစ်။ 


စက်တင်ဘာ ၃၀၊ ၁၈၅၈။ စတီဖင်ဆင် ပင်လယ်အော်၊ အန္တာတိကမှာ ငါးဖမ်းသဘောၤတစ်စီးက တစ္တေသဘောၤလို့ အမည်ပေးထားတဲ့ သဘောၤပျက်ကြီး တစ်စီးကို တွေ့ရှိခဲ့တယ်။ ငါးဖမ်းသွားရင်း ရေတွေခဲသွားလို့ ရေခဲပြင်ထဲ လမ်းဆင်းလျှောက်ရင်း သူတို့လိုပဲ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ရေခဲပြင်မှာ ပိတ်မိသွားတဲ့ သဘောၤကြီး တစ်စီး၊ သဘောၤသားတွေ အားလုံးဟာ အေးခဲ သေဆုံးနေခဲ့ပြီ။ နှစ်၁၀၀ ရှိပေမယ့် ရေခဲအအေးကြောင့် အလောင်းတွေအားလုံးဟာ လတ်လတ်ဆတ်ဆတ်ရှိဆဲပဲ။ သဘောၤပေါ်က သူတို့ရလိုက်တာက 

<<မဟူရာရောင် မည်းပြောင်လက်နေသော လူခေါင်းခွံတစ်ခု…။ 
“တကယ့် လူခေါင်းလား ဆရာ၊ ပုံစံကတော့ ကြောက်စရာကြီးပဲ”
“မာရ်နတ်ကိုတိုင်များ သူရုပ်သူ ပန်းပုပြန်ထုထားလေသလားဗျာ၊ ပီပြင်လိုက်ပါဘိတော့”
ဟုတ်သည်၊ ကြောက်စရာ၊ အော့နှလုံးနာစရာအောင်းလောက်အောင် လူခေါင်းပုံသဏ္ဍာန်က ပီပြင်လွန်းသည်။ >> စာမျက်နှာ ၃၃ 

အဲဒီခေါင်းကြီးနဲ့ သဘောၤမှတ်တမ်းကို ယူကြတယ်။ 

မတ်လ ၂၂ ရက်၊ ၂၀၀၁ ခုနှစ်၊ ပန်ဒိုရာ၊ ကိုလိုရာဒို။ မာကွီးက နိဗ္ဗာန်ဘုံလို့ အမည်ရတဲ့ သတ္တုတွင်းဟောင်း ပိုင်ရှင်။ ဘာသတ္တုမှ မကျန်တော့လို့ ထုတ်ရောင်းလိုက်ပေမယ့် သတ္တုသမားတွေက အဖိုးတန်ကြောင်းမသိတဲ့ နှင်းဆီသွေးရောင် ခရစ်စတယ်ကျောက်ကြောကြီးကို သူတွေ့ရှိပြီး ချမ်းသာကြွယ်ဝလာသူ။ တစ်ရက်မှာတော့ တွင်းထဲဆင်း အလုပ်လုပ်ရင်းနဲ့ ကျောက်စွန်းတစ်ခုကို မိုင်းနဲ့ ဖောက်ခွဲမိရာက ဒုတိယမြောက် မဟူရာရောင် နက်မှောင်ပြောင်နေတဲ့ ဦးခေါင်းခွံတစ်ခုကို ထပ်တွေ့ရတယ်။ 

ဒါနဲ့ ဒါကို လေ့လာဖို့ ရှေးဟောင်းဘာသာစကား ကျွမ်းကျင်သူ ပတ်ထရစ်ရှာ၊ မနုဿဗေဒနှင့် ရှေးဟောင်း သုတေသန ပညာရှင် ဒေါက်တာ သောမတ် အပ်ဗရိုစ်တို့ နိဗ္ဗာန်ဘုံ သတ္တုတွင်းထဲမှာ ဆုံမိကြတယ်။ လေ့လာချိန်အတွင်းမှာ သတ္တုတွင်း မြေပြိုမှုဖြစ်တယ်။ သွေးရိုးသားရိုးမဟုတ်ပဲ လုပ်ကြံမှုကြောင်း ဖြစ်နေပြီး အမျိုးသားအဏ္ဏဝါဗေဒအေဂျင်စီက ပစ် ကယ်တင်လိုက်လို့ သူတို့တွေ လွတ်မြောက်သွားရတယ်။ သို့ပေမယ့် ကမ္ဘာကြီး အလုံးစုံ ပျက်သုန်းမယ့် အန္တာရာယ်ကနေတော့ မလွတ်မြောက်နိုင်သေးဘူး။ 

ဘာလို့ ပျက်စီးမလဲဆိုတော့ ဒုတိယမြောက် ကြယ်တံခွန်ကြီး ဝင်တိုက်မှာလို့ ယူဆကြရတယ်။ ဒီလို ပျက်စီးမယ့် ဘေးကို ကြိုတင်သိရှိထားပြီး သဘောၤကြီးတွေ တည်ဆောက်ပြင်ဆင်နေတဲ့ လူတစ်စုက ဝုဖ်မိသားစုဝင်တွေ၊ ဟစ်တလာရဲ့ မျိုးဆက်တွေလို့ သိရပြီး မျိုးရိုးဗီဇပြုပြင်မှုနဲ့ ရှင်သန်လာတဲ့ မဟာလူသားတွေ၊ ငွေကြေးအားဖြင့် ခန့်မှန်းမရအောင် ချမ်းသာကြသေးတယ်။ 

လူစွမ်းကောင်း ပစ်နဲ့ သူ့အဖော်အယ်လ်တို့ဟာ ကမ္ဘာပျက်မယ့် အရေး အရှုပ်ထုတ်ထဲကို ပါဝင်မိကြပြီး စွန်စားခန်းတွေ အပြည့်နဲ့ စာအုပ်ကို သရုပ်ဖော်ထားတယ်။ အရှုပ်ထုတ်နဲ့ စွန့်စားခန်းတွေ၊ လှည့်ကွက်တွေ၊ ရှေးဟောင်းစာတွေ၊ နာဇီလက်သစ်တွေနဲ့ ဖတ်ရင်းနဲ့ နားရှုပ်သွားလို့ အရှေ့ကို ပြန်ရစ်ရတာလည်း အခါခါ။ 

စိတ်ဝင်စားလွန်းတော့လည်း ဆက်ဖတ်မိတာပဲပေါ့။ နောက်ဆုံး ကမ္ဘာပျက်မယ့်အရေးက ဘယ်လိုများ လွတ်မြောက်သွားလဲ။ ပိတ်ကားပေါ်မှာ ရှုစားစေလိုပါတယ်။ 

မယ်ကျွိ
၂၀၁၇ ဇူလိုင်လ ၂ရက်နေ့ 
မိုးတွေရွာနေတုန်း ရေးသည်။


Publisher Name: Exit Books

Publisher Address: ဖုန်း - 0973055543 We Distribution - 09250091913

Publisher Phone Number: ဖုန်း - 0973055543 We Distribution - 09250091913


Related Books

Book Review Image

သူတို့ဘာလို့ စာမဖတ်ကြတာလဲ

လူသာမန်
Book Review Image

မက္ကဇင်ပါပီ

ပါပီယွန်
Book Review Image

ပိတ်ထားတဲ့ အခန်း

ဒီနိုဗို
Book Review Image

တစ္ဆေ

ဒီနိုဗို
Book Review Image

ညဖြူဖြူ ၊ သူတော်စင်ရူး ၊ သူခိုးငရိုး

တင်ဦးခက်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

တကွဲတပြား

ဒီနိုဗို
Book Review Image

​နွေကန ္တာ၊မြကတ္တီပါလမ်​းမှသည်​မဟာရံတံတိုင်​းဆီသို့

တင်မောင်မြင့်
Book Review Image

မုသားပေါင်းချုပ်

တော်ကောင်းမင်း
Book Review Image

မိစၦာကျွန်း

ဝေယံဘုန်း
Book Review Image

ဒီကနေ့ညအတွက်_မိုးလေဝသခန့်မှန်းချက်ကတော့_မှောင်ပါမယ်

လူသာမန်
Book Review Image

သိအောင်_စာဖတ်ရတယ် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ဆင်မြူရယ်ဘက်ကက်၏ ပြဇာတ်တို သုံးပုဒ်

မြင့်သန်း
Book Review Image

ညီပုလေး၏ မြေးသူကြီး

ညီပုလေး
Book Review Image

BOOK REVIEW - e book - မင်​း​သေ့

မင်းသေ့
Book Review Image

စာအုပ်မိတ်ဆက်နှင့်ဖတ်ညွှန်းတိုတိုများ

လေးကိုတင်
Book Review Image

စာအုပ်အညွှန်း ၁၂ အုပ်

မင်းသေ့