Book Image

မက္ကဇင်ပါပီ

ပါပီယွန်

စာအုပ်အမည် - မက္ကဇင်ပါပီ

စာရေးသူ - ပါပီယွန်
ပထမအကြိမ် မတ်လ ၂၀၁၇
မျက်နှာဖုံး၊ ဓါတ်ပုံ၊ ဒီဇိုင်း - Lynn Sett
တန်ဖိုး - ၂၂၀၀ ကျပ်
စာမျက်နှာ ၁၂၂ မျက်နှာ
ဘာရယ်ကြောင့်မှန်းမသိ ဒီစာအုပ်ဝယ်ဖို့ကို လက်နှေးနေခဲ့တယ်။ တစ်ညနေက သစ်မင်းစံ၊ ကိုယ်တို့က ချစ်စနိုးနဲ့ ရန်ဘိုလို့ခေါ်တယ်။ ဘိုကလေးဈေးလမ်းက ဘီယာဆိုင်မှာ သီချင်းတွေ၊ ခွေတွေလဲလှယ်ကြရင်း “အစ်မ ပါပီယွန် မိုက်တယ်နော်”
သူက ကိုယ်ဖတ်ပြီးလောက်ပြီထင်လို့ စာအုပ်အကြောင်း စကားလာစတာ။ ကိုယ်က မဖတ်ရသေး။ အေးကွာ ဖတ်အုံးမယ်ပေါ့။
မနေ့က မြန်မာပါလာဇာမှာ ညစာစား၊ အင်းဝကို အစာပြေလေး ဝင်ကြည့်ရင်း ပါပီလွန်နဲ့ အောင်ခင်မြင့်ကို စားပွဲပုလေးမှာထိုင်ကာ မြည်းတယ်။ အမြည်းမှာတင် ကြိုက်မိတယ် ခိုက်မိတယ်ပေါ့။ ဒါနဲ့ဝယ်တယ်ကွာပေါ့လေ။ ကြိုက်တယ်ဆို ထမင်းစားလည်းဖတ်၊ ရေသောက်လည်း ဖတ်၊ ကားစီးလည်း ဖတ် တတ်တာ။


ပါပီလွန်ကြီး ပညာသင်ဆုရတော့ ကိုယ်က ကားပေါ်မှာ၊ မျက်ရည်တွေဝိုင်းလာလို့။ နေ့လည်စာစားတော့ သူပြောပြတဲ့ The unconqueredဆိုတဲ့ ဝတ္တုတိုလေးကြောင့်ရယ်၊ “ပြင်သစ်သေနာပတိ နာပိုလီယန်သည် ကော်ဖီကြိုက်ခဲ့သည်။ ဗြိတိသျှဗိုလ်ချုပ် ဝယ်လင်တန်သည် လက်ဖက်ရည် ကြိုက်ခဲ့သည်။ ဝါတာလူး တိုက်ပွဲတွင် နပိုလီယန် အရေးနိမ့်ခဲ့လေသည်။” ဆိုတဲ့ စာသားလေးရေးထားတဲ့ အဝေးပြေးကားတွေ ရပ်တဲ့ ကော်ဖီဆိုင် နုံချာချာလေးထဲက ပါပီရဲ့ မမကြောင့်ရယ်၊ ဘယ်ရောက်လို့ ရောက်မှန်းမသိ ပျောက်သွားတဲ့ ပါပီသူငယ်ချင်း ဖိုးရှောင်ကြောင့်ရယ် မျက်ရည်ဝိုင်းပြန်ရော။ သူများမွေးနေ့ပွဲမို့ မုန့်လိုက်စားပြီးမှ စာအုပ်တစ်အုပ်နဲ့ ကိုယ်က မျက်ရည်ဝိုင်း။

အဲဒီဇာတ်လမ်းက မပြီးသေးဘူး။ ညနေအပြန် အိမ်နားက ရှမ်းခေါက်ဆွဲဆိုင်မှာ ညစာဝင်စားတယ်။ ပါပီနဲ့ တူတူ။ ၅၆၉၆ ဆိုတဲ့ အရေးအသားတစ်ပုဒ်။ ပါပီက နောက်ဆုံးနှစ် ကျောင်းသား။ ကျောင်းပြီးဖို့ကို စာတမ်းရေးရမယ်။ စာတမ်းရေးဖို့ ခေါင်းစဉ်ရှာဖို့ ၃ ပတ်အချိန်ပေးတယ်။ ပါပီစဉ်းစားတယ် လိုက်ရှာတယ်။ သူဘာရေးရမလဲ သူမသိဘူး။ ကြံရာမရတဲ့အဆုံး ဆရာကို သူ့ဘဝအကြောင်း၊ ကူလီထမ်းရတဲ့အကြောင်း၊ ကဟေဆော်ရတဲ့အကြောင်း သွားပြောပြီး သနားအောင် သွားပြောတယ်။ ဆရာက ၅၆၉၆ ဆိုတဲ့ နံပါတ်လေးကို ထပ်တစ်လဲလဲ ရေရွတ်ပြီး ထသွားတယ်။ သူသဘောပေါက်လိုက်ပြီ အဲဒီစာအုပ်နံပါတ်။ စာကြည့်တိုက်မှာ သွားငှားတယ်။ အဲဒီစာအုပ်ထဲက အကြောင်းအရာတွေနဲ့ ၆လကြာ စာတန်းပြုစုတယ်။ ကူညီသူက အစောက ဆရာ။ ဒီလိုနဲ့ ပါပီဘွဲ့ရတယ်။
‘ဆရာ၊ တကယ်တော့ ဘွဲ့သာရတယ်၊ ကျွန်တော့် အရည်အချင်း ဘာမှ မပါဘူးဆိုတာ ကျွန်တော်သိတယ်။”
“ဂေစ့်.. ဟရောင် ဘွဲ့လည်းရပြီ၊ မင်းမိန်းမယူတော့။ ငါ့ကျောင်းသားထဲမယ် မင်းအသက်အကြီးဆုံးကွ”
“ဟီး.. ကျွန်တော်က ကလေကချေ ဂျစ်ပဆီလို ကောင်။ မိန်းမရမယ် မထင်ပါဘူး။ ဆရာကို လာလာကြိုနေတဲ့ ဆရာ့သမီး အကြီးမလေးဆိတာ ချောတယ်နော်”
“ငါရိုးမ .. တိတ်စမ်း၊ ငါ့သမီးကို မင်းလို လူလိမ်များ.. ထွီ..”
“ကျွန်တော် ဘာလိမ်လို့တုံး”
“ငါရိုးမ.. ငါ့ကို သနားအောင် လျှောက်လိမ်ပြောတာတွေက၊ သဘောၤကျင်းမယ် ဝရိန်ဆော်တယ်၊ ဘိလက်က ဘွဲ့ရချင်လွန်းလို့ နှစ်ပေါင်းများစွာ ရုန်းကန်တာ ဘာညာ မသနား၊ သနားအောင် ပလီပလာတွေ…”
“ဝရိန်က တကယ် ဆော်ဖူးတာ.. ကျန်တာတွေကတော့ ဒီလိုပဲ ရွှီးတာ ဝါသနာကို… ဟီး”
“ငါရိုးမ.. ဒါဆို ကျေပြီလေ”
“ဟမ်.. ဘာလိုလဲ ဆရာ”
“၅၆၉၆ လေ.. အဲဒီစာအုပ် ငါသေချာ မဖတ်ရသေးဘူး။ စိတ်ဝင်စားစရာ ကောင်းမယ်ထင်လို့ မင့်ကိုပေးလိုက်တာ။ အဲ့သာ မင့်ဖာသာ ချက်ချင်းဖတ်ပြီး ပရောဂျက် လုပ်မယ်ဆိုပြီး လာတင်တာ။ မဆိုးဘူးနော်.. မင်း့ကို ကူညီရင်း ပညာအတော်ရလိုက်တယ်.. ဟီ..”
“ဟမ်”
ဤသို့ဖြင့် မောင်ပါပီ ဘွဲ့ရခဲ့လေသည်။
စာမျက်နှာ ၇၉၊ ၈၀။
အောက်ကီးများနှင့် ရင်ဆိုင်ခြင်း စာမျက်နှာ ၈၅အရောက်မှာတော့ ပါပီကို ကိုယ်သိခဲ့ဖူးမှန်း သိလိုက်ပြီ။ ဒီစာကို အင်တာနက်စာမျက်နှာမှာ ကိုယ်ဖတ်ဖူးတယ်။ မောင်ပါပီ၏ ဖွင့်ဟဝန်ခံချက်နဲ့ ၂၀ တန်များအကြောင်း ဝတ္တုမှာတော့ ပါပီရဲ့ အချစ်နဲ့ မာနကို တွေ့ရတယ်။ သူ့ရဲ့ ညီမလေးကို သူလက်လွတ်ခဲ့တယ်။ ညီမလေးက သူကို ချစ်လားဆိုတဲ့ အမေးကို ပါပီဖြေတာက “ညီမလေး နင်သိဖို့ ငါပြောမယ်။ လောကမှာ ရွံ့စရာ အကောင်းဆုံးက မိန်းမတစ်ယောက်ကို အတူအိပ်ရဖို့ ချစ်တယ်လို့ လိမ်တဲ့ ယောကျာ်းတွေပဲ၊ မင်း မြဲမြဲမှတ်ထားလိုက် ငါ့ကောင်”
“ပြင်သစ်သေနာပတိ နပိုလေယွန်ဟာ ကော်ဖီကြိုက်ခဲ့တယ်။ ဗြိတိသျှဗိုလ်ချုပ် ဝယ်လင်တန်ဟာ လက်ဖက်ရည် ကြိုက်တယ်။ ခုတော့ ကေ်ာဖီကြိုက်တဲ့ ငါ စိန့်ဟယ်လီနာကျွန်းနဲ့တူတဲ့ ကော်ဖီဆိုင်လေးထဲ တစ်ယောက်ထဲပေါ့ ညီမလေးရာ။…”
ထပ်ရေးပြရရင် တော်တော်ဆက်ရေးရအုံးမယ်။ ပါပီလိုချင်တဲ့ သမီးလေး အကြောင်း။ သမီးလေးတစ်ယောက်ရှိခဲ့ရင်ပေါ့လေတဲ့။ စာမျက်နှာ ၂မျက်နှာစာရှိတယ်။ ဘယ်စာကြောင်းကို ပြောပြရမှန်းမသိအောင် စာကြောင်းတိုင်းကို ကိုယ်ကြိုက်တယ်။ တစ်ချို့တစ်ချို့စာကြောင်းတွေမှာ ကိုယ်အဖေကို ပြန်မြင်ယောင်ရင်းဖတ်တာပေါ့။
ခုစာအုပ်မှာ ပါပီယွန်ရဲ့ အရေးအသား ၂၄ ပုဒ်ပါတယ်။ တစ်ပုဒ်တိုင်းမှာ တွေးစရာလေး ကျန်ခဲ့တာချည်းပဲ။ တစ်သက်လုံး ကြုံခဲ့တာတွေကို အနစ်တွေချည်း ထုတ်ပြထားတာကို။ အမှတ်ရစရာတွေ ချည်းပဲကို။ ဖတ်မိ ကြိုက်မိပြီး ကျေနပ်မိတဲ့ စာအုပ်ပါးပါးတစ်အုပ်ပေါ့။
မယ်ကျွိ
ည ၁၀ နာရီ ၅၃ မိနစ်
၁၀ရက် ဧပြီလ ၂၀၁၇


Publisher Name: Black Swan Publishing House

Publisher Address: မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ ဖုန်း-095505957

Publisher Phone Number: 095505957


Related Books

Book Review Image

သူတို့ဘာလို့ စာမဖတ်ကြတာလဲ

လူသာမန်
Book Review Image

အတ္တလန်တစ် ရှာပုံတော်

သင့်လူ
Book Review Image

ပိတ်ထားတဲ့ အခန်း

ဒီနိုဗို
Book Review Image

တစ္ဆေ

ဒီနိုဗို
Book Review Image

ညဖြူဖြူ ၊ သူတော်စင်ရူး ၊ သူခိုးငရိုး

တင်ဦးခက်
Book Review Image

ကမ္ဘာကျော်စာအုပ် ၁၀၀

နွယ်သစ်
Book Review Image

တကွဲတပြား

ဒီနိုဗို
Book Review Image

​နွေကန ္တာ၊မြကတ္တီပါလမ်​းမှသည်​မဟာရံတံတိုင်​းဆီသို့

တင်မောင်မြင့်
Book Review Image

မုသားပေါင်းချုပ်

တော်ကောင်းမင်း
Book Review Image

မိစၦာကျွန်း

ဝေယံဘုန်း
Book Review Image

ဒီကနေ့ညအတွက်_မိုးလေဝသခန့်မှန်းချက်ကတော့_မှောင်ပါမယ်

လူသာမန်
Book Review Image

သိအောင်_စာဖတ်ရတယ် အပါအဝင် ဆောင်းပါးများ

မောင်သာနိုး
Book Review Image

ဆင်မြူရယ်ဘက်ကက်၏ ပြဇာတ်တို သုံးပုဒ်

မြင့်သန်း
Book Review Image

ညီပုလေး၏ မြေးသူကြီး

ညီပုလေး
Book Review Image

BOOK REVIEW - e book - မင်​း​သေ့

မင်းသေ့
Book Review Image

စာအုပ်မိတ်ဆက်နှင့်ဖတ်ညွှန်းတိုတိုများ

လေးကိုတင်
Book Review Image

စာအုပ်အညွှန်း ၁၂ အုပ်

မင်းသေ့